ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး

တပ်တွင်း ပူးပေါင်းကြံစည် အာဏာသိမ်းမှု တစ်ခု ကြောင့် ရာထူးမှ ဖယ်ရှား ခံလိုက်ရသည့် ပူပူနွေးနွေး အိန္ဒိယပြန် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ

ယခင် တစ်ပါတီ အာဏာရှင် ဟောင်း ဦးနေ၀င်း ကွယ်လွန်ပြီး တစ်ပတ်ခန့် အကြာ တွင်
ကာကွယ်ဝန်ကြီးဌာနမှ အရာရှိ တစ်ဦးနှင့်စကားပြောရာ သေသည် အထိ စစ်ဝတ်စုံ ကို
မချွတ်ဟု  (စစ်သား ဘ၀ ကိုမြတ်နိုး ၍ ပြောခြင်း မဟုတ်)ပြောခဲ့သည့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေမှ ကောက်ကာငင်ကာ မြန်မာ နိုင်ငံ ၏ ခောတ်သစ် သမိုင်း တွင် အာဏာအရှိ
ဆုံးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရာထူး ကိုစွန့် လွှတ် ခဲ့ ခြင်း ကြောင့် ပြည်သူများ က
သို့ လော……သို့ လော ….အတွေး ပွား နေကြသည်။

ထိုသို့  အတွေးပွားသူများ တွင် ရွေးကောက်ပွဲ လိုလားသည့် ဆောင်းပါးများ ရေးသည့် ပြည်တွင်း
စာရေးဆရာ တစ်ဦးကပင်တောင်အမေရိက တိုက် စစ်အာဏာသိမ်းမှု များ နှင့် ခပ်ဆင်ဆင်
တူသည် ဟု မှတ် ချက်ပေး ပြောကြားသွားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကာ/ချုပ် ရာ ထူးစွန့် လွှတ်ခြင်း နှင့် ပတ်သက်၍  ကာကွယ်ရေး
ဝန်ကြီးဌာန တွင်နှစ် သုံးဆယ် ကျော် တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် အငြိမ်းစားအရာရှိ
ဗိုလ်မှုး တင်အောင် က ‘ခင်ဗျား  တို့ မှတ်မိလား တော့ မသိဘူး ဒါ ဗိုလ်သန်းရွှေ အိန္ဒိယ
သွားတုန်းက အာဏာသိမ်း တယ် ဆို တဲ့ Line Up (လူစာရင်း)ပဲ ဟု Freedom News Group သို့ ပြောသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် ထိပ်တန်း စစ်ခေါင်းဆောင် များ ဆိုင်းမဆင့် ဗုံမပါ နှုတ် ထွက်
သွားခြင်း နှင့် ပတ် သက်၍ပြည်သူများ ၏ သဘောထား အမြင် များ ကို စနေ နေ့ ညနေတွင် စောင့်မျှော် ဖတ်ရှု ပါ။

3 thoughts on “ကာကွယ်ရေးဦးစီးချုပ်ရာထူး အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်လွတ်ဆုံးရှုံး

  1. သိပ်ဝမ်းမသာကြနဲ့ဦးဗျ..ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က စစ်တပ်ရာထူးတွေပဲ စွန့်လွှတ်တာ.. နအဖ ဥက္ကဌ၊ ဒုဥက္ကဌ ရာထူးစွန့်လွှတ်တာမဟုတ်သေးဘူး။ စီစဉ်ထားတာတွေ တစ်ခုချင်း အကောင်အထည်ဖော်နေတဲ့ ပုံစံမျိုးပဲ။ ကောင်းတဲ့ အလားအလာလား ပိုဆိုးမယ့် အလားအလာလား ဆိုတာ စောင့်ကြည့်ရဦးမယ်။

  2. Than Shwe need to pay back his debt for the country.What are hapen in his time we need start to count his good job or Bad job for the country.Thank you all.

Comments are closed.