မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်(ဗီဒီယို)

ဟိန်းခိုင်ထွန်း ၊    ၊အထူးသံတမန်အဖြစ် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်
နေသည့် အဲရစ် ဂျွန် ၏ သမီးဖြစ်သူ အသက် ၁၇ နှစ် အရွယ်ရှိ နစ်ကိုးဂျွန် မှာ ယနေ့ မနက် လင်း
အားကြီး အချိန် ပါတီမှ အပြန်တွင် နယူးယောက် မက်ဟန်တန် ရှိ ၂၂ ထပ်မြင့် သော တိုက်မှ
ပြုတ်ကျ၍ သေ ဆုံးသွားသည် ဟု သတင်းရရှိသည် ။

ဝဲ အစွန် တွင် ဖြစ်သည်

ဘန်ကောက် နိုင်ငံတကာ ကျောင်းတွင်
ပညာသင် ယူနေသည့် နစ်ကိုးဂျွန် မှာ
မိခင် နိုင်ငံသို့ ခေတ္တပြန်လာစဉ်  သူငယ်ချင်း
များ၏ သောကြာနေ့ ည ပါတီ မှ အပြန် စနေ
နေ့ အာရုဏ် တက် မနက် တွင် ၂၂ ထပ်
အမြင့်ရှိ တိုက် ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။

နစ်ကိုး၏ ဖခင် အဲရစ် ကိုး မှာ ထိုင်းနိုင်ငံ ဆိုင်ရာ
အမေရိကန် သံအမတ်ကြီး တစ်ဦးဖြစ်ပြီး
မြောက်ကိုရီးယားနှင့် မြန်မာ နျူကလီးယား
အရေးကိစ္စ နှင့် မြန်မာ ညူဓာတ်ပေါင်းဖို
တည်ဆောက်ခြင်း ကိစ္စများ အား စောင့်ကြည့်
လေ့လာ ရန် အထူးသံတမန် အဖြစ် အမေရိကန်
အထက်လွှတ်တော်
နိုင်ငံခြားဆက်ဆံရေး ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဂျင်မ်ဝက်ဘ် က
အဆိုပြုထား သူ တစ်ဦးဖြစ်သည်။ နစ်ကိုး ဂျွန်သည် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ဖူးသည်။

အဲရစ်ဂျွန် သည် ၂၀၀၅ ခုနှစ် မှ ၂၀၀၇ ခုနှစ် ထိ ဒုလက်ထောက် အာရှ နှင့် ပိစိဖိတ် ရေးရာ လက်ထောက် နိုင်ငံ
ခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေစဉ် တရုတ် နိုင်ငံဉ် နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ် ၀င်း နှင့်
တွေ့ ဆုံ ခဲ့ဖူးသည်။၎င်းသည် ၁၉၈၉ မှ ၁၉၉၂ အထိ ဘန်ကောက် ရှိ အမေရိကန် သံရုံး တွင် တာဝန်ထမ်းဆောင်
နေစဉ် မြန်မာ ဒုက္ခသည် များ အမေရိကန် ထွက်ရှိ နိုင်ရေး ကူညီ ဆောင်ရွက် ပေးခဲ့သူ ဖြစ်သည်။

နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် က အမေရိကန် မှ ကူညီထောက်ပံ့သည့် ပစ္စည်းများ ကို စစ်လေယာဉ် နှင့်
တင်ဆောင်ပြီး မြန်မာ နိုင်ငံ သို့ လာရောက် ခဲ့သူ ဖြစ်ကာ နာဂစ် ဒေသ သို့ လည်း USAID မှ ဆန်တန်ချိန်
တစ်သောင်း ကူညီရာတွင် ရောက်ရှိ ခဲ့ဖူးသည်။

၎င်း သည် ကိုရီးယား ရေးရာ ကျွမ်းကျင် သူ ဖြစ်သည်။

နစ်ကိုး အဲရစ် မှာ နယူးမြို့ လည် တိုက်မြင့်များ ပေါ်မှ အရုဏ် တက်ချိန် ရှုခင်း ကို ဓာတ်ပုံရိုက်ကူးရန်
ပြင်ဆင်နေစဉ် ပြုတ်ကျ သေဆုံး ခဲ့ခြင်းဖြစ်သည်။သူမ၏ မိခင် မှာ လည်း Visual Artist တစ်ယောက်ဖြစ်သည်။
နစ်ကိုး သည်  လာမည့် တနင်္လာနေ့ တွင် အမေရိကန် ဉ် ဒီဇိုင်း ပညာ ရပ် နှင့် ပတ်သက် ၍ တက္ကသိုလ် တက်ရန်ပြင်
ဆင် နေစဉ် ကွယ်လွန် သွားခြင်းဖြစ်သည်။

2 thoughts on “မြန်မာ ညူလက်နက် ရေးရာ စောင့်ကြည့်နေသည့် သံအမတ် သမီး ပါတီ မှ အပြန် တိုက်ပေါ်က ပြုတ်ကျ၍ ကွယ်လွန်(ဗီဒီယို)

  1. ကဲတာကို…သေမှာပေါ့..ဘယ်လောက်တောင်မူးနေလဲမှမသိတာဟုတ်ဖူးလား

Comments are closed.