
တင်ကျော်ကျော်စိုး၊ ၊ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊
ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး
သူရရွှေမန်း၊အပါ အ၀င် ဒုတိယ ဗိုလ်ချုပ်ကြီး ဆယ်ဦးခန့် ကို
ရာထူး မှ ဖယ်ရှား ပစ်လိုက်ခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ
၏အစီအစဉ် များ သာ ဖြစ်ပြီး ထိုသို့  ကြီးစွာသော စွန့် စားမှု များ
ကို လွန်ခဲ့သည့် နှစ်နှစ် ကျော်က စပြီးလူသိမခံ ပဲ လက်သပ်မွေး ထားသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် နှင့် နေပြည်တော် တိုင်း စစ်ဌာန
ချုပ်တိုင်းမှုး ဗိုလ်ချုပ်ဝေလွင် နှင့် ၎င်း၏ လက်မရွံ့ တပ် တို့ ၏
အကူအညီဖြင့် ကြာသပတေးနေ့ နှင့် သောကြာနေ့ တို့ တွင် အောင် မြင်စွာ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်
ဟု ၎င်း၏မိသားစု အသိုင်းအ၀ိုင်း နှင့် နီးစပ် သူ တစ်ဦး က Freedom News Group သို့ ပြောသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယခုကဲ့သို့ သွေးထွက်သံယို ရှိမည် ဟု မထင်ရသည့် ဖြုတ်၊ထုတ်၊ရှင်း ပွဲ
ကိုစီစဉ်ရခြင်း အဓိက အကြောင်းအရင်း မှာ ကုလ သမဂ္ဂ မှ ကြီး မှုး ပြီး စစ်ရာဇ၀တ်မှု များ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့ စည်းခြင်း ကြောင့် နှင့် အမေရိကန် တပ်များ အာရှ ရေပိုင် နက် တွင် ပိုမို နေရာယူ လာခြင်းကြောင့်ဖြစ်သည် ဟု Freedom News Group ၏ စစ်ရေး အကဲခတ် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သူ ဗိုလ်မှုး တင်အောင် က သုံးသပ် ပြောကြားသည်။
အခု ရာထူး စွ န့် လိုက်ရတဲ့ ပုဂ္ဂိုလ် တွေ ထဲ မှာ အမေရိကန် တပ် တွေ နဲ့ အဆက်အသွယ် ရှိ တဲ့ ဗိုလ်ချုပ်တွေပါတယ်။ သူ့ အတွက် စိတ်မချရဘူး ဒီလဆန်းက အမေရိကန် စစ်လေယာဉ် နှစ်စီးလောက် နေပြည်တော်ပေါ်က ဖြတ်ပျံတာ ကို သိပြီး ကတည်း က သူ့ လုံခြုံရေး အတွက် တော်တော် စိုးရိမ်နေတာ ၊အခုတော့ သူသက်ပြင်း ချနိုင်ပြီ …..ဗိုလ်ချုပ် သာ အေး ကတော့ အကျယ်ချုပ်ဖြစ် နေတယ်ကြားတယ် ဟု ပြောသည်။
ရာထူးမှ ဖယ်ရှား ခံရသူများ ထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ နှစ်ဦး သည်ပင် လျှင် ၎င်း တို့ နေအိမ် များ မှ ချက်ခြင်း ဆိုသလိုပင် ဖယ်ရှားပေးလိုက်ရသည် ဟု သိရသည်။
ထပ်မံကြားသိရသည့် သတင်းတစ်ပုဒ် မှာ လည်း တပ်မှုး များ နှင့် ရှေ့ တန်း စစ်ဌာနချုပ်များ မှာ မည် သူ့ အမိန့် ကိုနာခံရမည် ဆိုသည် ကို စောင့်မျှော်နေသည် ဟု သိရသည်။

သေတစ်ပန် သက်တစ်ဆုံး ကာကွယ်ရေးဦးစီးချုပ် ဘ၀ ဖြင့် အရိုးထုတ်တော့ မည် ဟု အများက ထင်မှတ် ထားခဲ့သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ သူ၏ ထိပ်တန်း စစ်ရာထူး ကို စွန့် လွှတ်လိုက် သဖြင့် မြန်မာ နိုင်ငံ၏ ကာကွယ်ရေး ၀န်ကြီးဌာန တွင် အပြောင်းအလဲ ဖြစ်သွားသည် ဟု ထင်စရာ ရှိသော်လည်း ဗဟိုအမိန့် ပေးစနစ် (Central Command)သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်ထဲ မှာ ပင် ရှိ နေဆဲ ဖြစ်သည်ဟု နေပြည်တော်အမြောက် နှင့် သံချပ်ကာ ယန္တယား တပ် မှ အမည် မဖော် လို သည့် အရာ ရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
သူက ဆက်လက် ၍ ဗိုလ်ချုပ်မှုးကြီး တော့ မဟုတ် တော့ ဘူး ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး ပဲ လေ ဟု လက်ရှိတပ်တွင်းအခြေအနေ များ ကို သုံးသပ် ပြောကြားသွားသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ၏ အတူတူရေငုပ် ပြီးမှာ ကိုယ် ဖော့ ပြီး ရေပေါ် ပြန် တက်သည့် အကြံအစည် သည်လွန်ခဲ့သည့် နှစ်လခန့် က စစ်ထောက် လှမ်းရေး အကြီး အကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကြီး ခင်ညွှန့် ပေးခဲ့ခြင်းဖြစ်သည် ဟု စစ်တပ်တွင်း သုံးသပ် ပြောကြားမှု များ လည်း ရှိသည်။
လက်ရှိ ကာကွယ်ရေး ၀န်ကြီးမှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ ဖြစ်ပြီး ဒုကာကွယ်ရေး ၀န်ကြီး မှာ ဗိုလ်ချုပ် တင်အေးဖြစ်သည်။
Updated ..ပထမ အသုတ် ပြုတ်/ နား နှင့် ဒုတိယ အသုတ် ပြုတ်/နား ထဲ မှ အချို့ ကို ဆဲလ်ဖုန်း ကိုင်ဆောင်မှုနှင့် အင်တာနက် ကြည့် ခွင့် နှင့် လက်နက် ကိုင် ဆောင်မှု များ စစ်ရေးချုပ် အမိန့် ဖြင့် ပြန်လည်ရုပ်သိမ်း

ရာထူးစွန့်ပြီးပြည်သူအကျိုးပြုသင့်ပြီလေကွာ၊ ဒီငနဲကြီးတော့ကွိုင်ပဲ၊
၇ှင်ဘု၇င်တွေခေတ်တုန်းကလည်းစိတ်ထင်သလိုအမိန့်တွေထုတ်ပြီးလုပ်ချင်သလိုလုပ်၊ခံ၇တာကဆင်း၇ဲသူတွေပါပဲ၊၇ာစုနှစ်အဆက်ဆက်vipလူကြီးပိုင်းအ၇ာကြီးဆိုသူတွေ၇ာထူးအလျောက်လုပ်ပိုင်ခွင့်တွေကို(၇ှင်ဘု၇င်တွေလိုသန်လျက်မကိုင်ဘဲ၇ှင်ဘု၇င်တွေခေတ်ကဥပဒေမ၇ှိဘူးထင်တာပဲ)ကိုယ်ကျိုးစီးပွားအတွက်ဆွေမျိုးအသိုင်းအ၀ိုင်းအတွက်နီးစပ်၇ာကပ်ဖားသူတွေအတွက်သူဌေးကြီးအဖြစ်နေ့ချင်းညချင်းေ၇ာက်အောင်ချက်ချင်းဆိုသလိုလုပ်နေကြတာပါပဲ၊၇ှင်ဘု၇င်တွေထက်တောင်ပိုချမ်းသာကြမယ်၊အများကတော့ဆင်း၇ဲနေ၇တာပါပဲ…..
သူ့ထိုက်နဲ့သူ့ကံ သွားမှာပါဗျာ အမုန်းမပွားကြပါနဲ့ ကိုယ်ပဲ အကုသိုလ်ဖြစ်ပါတယ်
လုပ်ချင်တာသာလုပ်ကြပါစေ ငရဲက အဆင်သင့်စောင့်နေတဲ့လူတွေပါ
မသာချုပ်မှုးကြီးရေ…သိပ်မဝေးတော့ဘူးထင်တယ်နှော…ဟဲဟဲ
အာ.. မသာကြီးက ဗိုလ်ချုပ်မှူးကြီးရာထူးကို စွန့်လွှတ်တာမှ မဟုတ်ပဲ။ ကာကွယ်ရေးဥိးစီးချုပ်ရာထူးကို စွန့်လွှတ်တာဆိုတော့.. သူက နိုင်ငံတော် သမ္မတရာထူးကို မှန်းနေတာ ထင်ရှားနေတာပေါ့။ တောက်.. သေ မသေနိုင်ဘူးကွာ..
ဗြဟ္မစိုရ်တရားခေါင်းပါးလာကြတော့လည်း..ဘုရားမသိ။တရားသေချာမသိတဲ့ဒီတိုင်းပြည်မှာ….
နေထိုင်သူ သန်းခြောက်ဆယ်လောက်ကံဆိုးဖို့..တနည်းပြောရရင်ကံကြွေးဆပ်ဖို့…ဒီလိုဖြစ်ပေးရဦးမှာပဲလေ….
အဝေဖန် မခံနိုင် ဘူး တဲ့ လား….???
I AM MG MYO MIN.I live in yangon.I go to the naypytwa.NOW i came my home .I tolk my lesson . iam not do master. Than Shwe is crazy for peoples.
I AM MG MYO MIN.I live in yangon.I go to the naypytwa.NOW i came my home .I tolk my lesson . i ma not do master. Than Shwe is crazy for peoples.
လူတွေ ဟာ ကိုယ့်ရဲ့ ကျဆုံးခန်းကို ကိုယ်တိုင်မွေးယူတတ်ကြတာပါပဲ။ ဦးနေ၀င်းတုန်းကလည်း ခေတ်ပြိုင် အာဏာသိမ်းဖက် စောမြင့်၊ အောင်ကြီး၊ တင်စိန်၊ မောင်မောင် စတာတွေကို ဖြုတ်ပြီး စန်းယု၊ ကျော်ထင် တို့ကို မွေး အတူနေခဲ့တယ်။ နောက်တစ်ဆက် စောမောင် ကို ဖြုတ်ပြီး သန်းရွှေကိုတင်တဲ့အခါ ပြန်အသတ်ခံရတော့တာပါပဲ။ မျိုးဆက်ကွာတဲ့လူကို မွေးတော့ ပြန်မလှန်နိုင်တော့ဘူးထင်ရပေမယ့် သံယောဇဉ်နဲ့ ယုံကြည်မှု မှာ ဘယ်တော့မှ မမှီနိုင်တော့ဘူး။ နောက်ဆုံး နိဂုံး မလှတော့ဘူးပေါ့။
ခုလည်း လုပ်ဖော်ကိုင်ဖက် ထွန်းကြည်၊ကျော်ဘ အုပ်စု နဲ့ နောက် ခင်ညွှန့်တို့ကိုဖြုတ်ပြီး ရွှေမန်းတို့ကိုမွေးခဲ့တာ။ သူတို့ကို ထပ်ဖြုတ်တဲ့အခါ ပိုဆိုးတဲ့ နိဂုံးပဲ လာဖို့ကျန်ပါတော့တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုတောင် ကိုယ်မယုံ နိုင်တော့တဲ့အခြေအနေပေါ့။