စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်

မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား တပ်ပြင်ထွက်ခွင့် ၊ မိသားစု တွေ့ ခွင့် ၊ အင်တာနက်ကြည့် ခွင့် အပါအ၀င် ပြင်ပ နှင့် အဆက်အသွယ်များ ဖြတ်တောက်ထားသည် (ဖြစ်နိုင်သည် မှာ ပြုတ်/နား များ ၏ လူရင်း ကျောင်းသားများ အား ကျောင်းထုတ် ချင်သောကြောင့် ဖြစ်သည်) ပုံတွင် တွေ့ ရသည် မှာ မေမြို့ စစ်တက္ကသို လ် ဖြစ်သည်။
စစ်/ဆေး ဟု ခေါ် သည့် တပ်မတော် ကာကွယ်ရေး ဆေးတက္ကသိုလ် တွင် လည်း ကျောင်းသား များ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက် ထားသည်။(ပုံတွင် တွေ့ ရသည် မှာ တပ်မတော် ဆေးတက္ကသိုလ်ဖြစ်သည်)

စစ်တက္ကသိုလ် တွင် ပညာသင်ကြားနေသည့် သူရ ရွှေမန်း ၊ဒု ဗိုလ်ချုပ်ကြီး သာအေး နှင့် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ ၏ ဆွေမျိုး များ နှင့် နီးစပ် သူများ ၊ သားသမီး များ မှာ DSA မှ ထွက် လိုက်ရပြီ ဖြစ်သည်။

7 thoughts on “စစ်တက္ကသိုလ် ဗိုလ်လောင်းများ အား ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ်ဖြတ်

  1. ဆင်ငပဲ(simple) နှင့်အပါင်းပါ ဆိတ်လစေ့ တစ်သိုက်လည်း ဘယ်ပေါင် ပြေးကပ်ရမည်မသိ ယောင်ဝါးဝါး ဖြစ်နေသေး၍ လုံခြုံစိတ်ချရသည့် နေရာတွင် အထုပ်ပြင်ပြီး အခြေအနေ စောင့်ကြည့်နေကြသည်ဟု အတည်မပြုနိုင်သေးသော သတင်းကဆိုပါသည်။ (မှတ်ချက်။ ။ ငပဲ=ဂွေး ဂွေးပုစွန် မဟုတ်ပါ။)

  2. ဆင်းပဲ ဘယ်အသံထွက်ပါ့မလဲ။ ကျောင်းအပြင်မထွက်ရပါဘူးဆိုနေမှ။

  3. စစ်တက္ကသိုလ်နဲ့ တခြားကျောင်းတွေ တပ်ပြင်ထွက်ခွင့်ပိတ်တာက ထုံးစံပါ။ နိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်တိုင်း တပ်ပြင်ထွက်ခွင့်၊ ဧည့်တွေ့ခွင့် ပိတ်ပါတယ်။ ဗိုလ်လောင်းတွေ တစ်ခုခုဖြစ်ခဲ့ရင် ကျောင်းအာဏာပိုင်တွေမှာ တာဝန်ရှိလို့ပါ။ အဲဒါက ထုံးစံပါ….
    ဒါနဲ့ ကို ဆင်းပဲတို့ လူသိုက် ဘယ်ပျောက်နေလဲ မသိဘူးနော်.. ဗိုလ်ချုပ်တွေ ထားခဲ့တဲ့ အရိုးအရင်းတွေပဲ လိုက်ကောက်နေလား.. ဗိုလ်ချုပ်ကတော်တွေရဲ့ ဖိနပ်ထုပ်ပဲ ထိုင်စောင့်ပေးနေရလား မသိဘူး။

  4. ကိုဆင်ငပဲ တစ်ယောင် ပျောက်နေပါလား

  5. သူဘာသာထွက်ချင်လို့ ထွက်ခွင့်တင်ရင်သာဖြစ်ရင်ဖြစ်မယ်.စစိတပ်မှာ ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်တယ်ဆိုတာလုပ်လို့မရဘူး။ အဖေတွေ အနားယုလို သားကိုထုတ်ပစိတာ မရှိပါဘူး။ အဖေတွေကရိုးရိုး ၂၀၀၈ ဖွဲစည့်းပုံအရ ၂၀၁၀ ကိုပြင်တဲ့အနေနဲ့ အသက် ၆၀ ပြည့်လိုအနားပေးတာပဲ။ အပြစ်ရှိလိုတပ်ကထုတ်တာမှမဟုတ်ပဲ။ ခုပြောတဲ့ လူတွေမှ DSA တက်နေတာသားသမီးတစ်ယောက်မှမရှိဘူး။ သူသားတွေက အကုန် ၂၆ – ၃၅ ကြားထဲရောက်နေကြပြီ။

    1. စစ်တက္ကသိုလ် တွင် ပညာသင်ကြားနေသည့် သူရ ရွှေမန်း ၊ဒု ဗိုလ်ချုပ်ကြီး သာအေး နှင့် ဒု ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ ၏ ဆွေမျိုး များ နှင့် နီးစပ် သူများ ၊ သားသမီး များ မှာ DSA မှ ထွက် လိုက်ရပြီ ဖြစ်သည်။

  6. (ဖြစ်နိုင်သည် မှာ ပြုတ်/နား များ ၏ လူရင်း ကျောင်းသားများ အား ကျောင်းထုတ် ချင်သောကြောင့် ဖြစ်သည်) (ပြုတ်/နား များ ၏ သားများ နှင့် ဆွေမျိုးများ… လုပ်ပါလေ F.N.G)

Comments are closed.