သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား

ထိပ်တန်း စစ်ခေါင်းဆောင် သုံးဦး အနက် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တစ်ဦး တည်းသာ ရာထူးမှ ဖယ်ရှားခံရပြီး ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးမှာ လက်ရှိ ရာထူး တွင် ပိုနေ မြဲ ကျားနေမြဲ ဖြစ်သည် ဟု နောက်ဆုံး ရ သတင်း များ က ဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ရန်ကုန်မြို့ ၏ လုံခြုံရေး ကို တာဝန်ယူခဲ့ရသည့်
ရဲမွန် တပ်မြို့ မှ တပ်ရင်းမှုး ဗိုလ်မှုးကြီး ကျော်ခိုင် အပါအ၀င် တပ်ရပ်မှုး လေးဦး နှင့် ဗျူဟာမှုး သုံးဦးမှာ
သြဂုတ်လ ၂၇ ရက်နေ့ ညက ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ် တစ်ခု မှ အလစ်အငိုက်
ဝင်ရောက် ဖမ်းဆီးခြင်း ကို ခံရပြီး နောက် အမည် မသိ နေရာ တစ်ခု တွင် ဖမ်းဆီးထားခြင်း ခံရ နိုင်သည်ဟု
ထိုတပ် ရင်းမှုး များ နှင့် နီးစပ် သည့် သတင်းရပ်ကွက် တစ်ခု က Freedom News Group သို့ ပြောသည်။

ဘဏ်အပ်ငွေ များ ထုတ်မပေးခြင်း အပေါ် မကျေနပ် ၍ ဆန္ဒပြကြသည့် စစ်သားများ ကို စာနာမိသည့်
တပ်ရင်းမှုး များ နှင့် ဗျူဟာ မှုးများ မှာ နေပြည်တော် (သို့ မဟုတ်) မင်္ဂလာဒုံ သို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံ
ခဲ့ရသည် ဟု သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့ တွင် ရဲမွန် တပ်မြို့ အား ၀ိုင်းထားသည့်  တပ်များ အားဆုတ်ခွာ စေပြီး လစာ ၊စားနပ်
ရိက္ခာ နှင့် အရက် များ ကို ဗိုလ်မှုးကြီး တစ်ဦးက လာရောက် ပေးပြီး နောက် ရဲမွန် တပ်မြို့ မှ တပ်သားများ
အောင် ပွဲ ခံနေစဉ် အလစ်အငိုက် ၀င်ရောက် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

ယခု အခါ ရဲမွန် တပ်မြို့  ကို တပ်မ ၁၁ က ၀င်ရောက် စီးနင်းထား ပြီး တပ်ရင်းမှုးများ အပြင် အရာရှိ နှင့်အခြား
အဆင့် စစ်သည် များ ကိုလည်း ဖမ်းဆီးထား သည် ဟု သတင်းရရှိသည်။

ထို ကဲ့ သို့ တပ် ကို တပ် ချင်း အလစ် အငိုက် စီးနင်းမှု မှာ ၁၉၆၂ နောက် ပိုင်းတွင် ပထမ ဦးဆုံးအကြိမ်ဖြစ်ပြီး
ထိုကဲ့ သို့ စီးနင်းရန် အကြံပေး သူမှာ ထိုနေ့ တွင် ကာကွယ်ရေး ဦးစီးချုပ် အသစ် တာဝန် ထမ်းဆောင် ခဲ့သူ
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဖြစ်သည် ဟု နေပြည်တော်ရှိ သံချပ် ကာယန္တယား တပ်မှ အရာရှိ တစ်ဦး
က ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် သည် သွေးအေး ရက်စက် သူ ဖြစ်ပြီး ဓားမြောင် ပစ် ကျွမ်းကျင်သူ သထုံ
နယ်သား တစ်ယောက်ဖြစ်သည်။

6 thoughts on “သူရ မြင့်အောင် အမိန့် ပေးသဖြင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် က တပ်ရင်းမှုး ၈ ဦး နှင့် အရာရှိ ၁၂ဦး ကိုဖမ်းဆီးထား

  1. နှမြောစရာကောင်းတာက အချိန်ကာလတွေ။ ဒီနှစ် ၂၀ အတွင်းမှာ ဆင်းဆင်းရဲရဲငတ်သေသွားတဲ့ တိုင်းသူပြည်သားတွေ များလှ ပါပြီ။ ဘ၀ပျက်သွားတဲ့လူတွေ များလှပါပြီ။ လူငယ်တွေ အသိမှား ခံယူချက်မှားတာတွေ များလှပါပြီ။ ဘာနဲ့မှ ပြန် အစားလျော်ပေးလို့မရတော့တဲ့ ဆုံးရှုံးမှုတွေများလှပါပြီ။ ကာလ၀ိပါတ်နောက်ပိုးတက်ပြီး တနေ့နေ့မှာ ဒီကောင်တွေ နိဂုံးချုပ်သွား ရင်တောင် ဆုံးရှုံးသွားခဲ့ရတာတွေဟာ ဘယ်လိုမှ ပြန်အဖတ်ဆယ်လို့မရတော့တာပါ။

  2. ချကွ ချကြ ဖြောင်း ဖြောင်း ရွှီး ရွှီး .. ၀မ်းစမိုး … ဟီးဟီးဟီး ပျော်ထှာ ;)

  3. နိုင်ငံအပေါ်အကြိုးပြုချင်တဲ့လူကောင်းတွေ၊တန်ဖိုးရှိတဲ့လူတွေ…အရိုးအရင်းကိုက်ပြီးပြည်သူအပေါ်သစ္စာမဲ့၊ပထွေး(သူ့အမေ့လင်)
    တွေကိုဖါးနေတဲ့သူတွေကြောင့်..ဘေးဒုက္ခမဖြစ်ပါစေနဲ့လို့စိတ်ရောကိုယ်ပါဆုတောင်းပေးပါတယ်…

  4. ကံရာဇာကြီး၊ကံရာဇာငယ်..စကတည်းကိုက..ကလိမ်ကကျစ်တွေနဲ့စခဲ့တဲ့ရာဇ၀င်…ကြားကောင်းအောင်ပြောရရင်
    တော့ဖြတ်ထိုးဥာဏ်ကောင်းတယ်ပေါ့….ဘယ်ခေတ်မှာဘယ်ဘုရင်ဘယ်အဖွဲ့အစည်းက..
    တပါးသောတိုင်းပြည်တို့ရင်သပ်ရှူမောရလောက်အောင်…
    ဘုန်းကျက်သရေခမ်းနားခဲ့ဖူးပါသလည်း….ပြန်လှန်ဖူးသမျှရာဇ၀င်…အပုပ်နံ့တွေမခံနိုင်တဲ့အဆုံးပြန်ဖုံးခဲ့ရတာပါဘဲ…..
    သေချာတာတော့ဒီတိုင်းပြည်နဲ့ဒီလူမျိုး…..ဒီမိုကရေစီကိုခဏမေ့ထားပါ…သေချာသိနေတာမှမဟုတ်တာ…(ငါလည်းမသိပါ)
    ဘုရားဟောလေးကိုပဲသတိရပေးလိုက်ကြပါ…
    ‘”မိမိကိုယ်မိမိစောင့်ရှောက်ခြင်းသည်၊တလောကလုံးကိုစောင့်ရှောက်ခြင်းပင်ဖြစ်သည်””
    သေချာမသိတဲ့ကိစ္စတွေယောင်ဝါးပီး..လိုက်လျှောက်ဟောင်တတ်တဲ့ ဥာဏ်အလွှာလောက်ပဲရှိတဲ့..မြန်မာတွေရဲ့ခေတ်မြန်မြန်..
    ကုန်ပါစေပဲမျှော်လင့်မိပါတယ်…..မြန်မာလက်သစ်..ကိုကြိုဆိုလျက်……

  5. သူတို. က လစာနည်းယုံ နည်းတာ ကိုတွေ ဘ၀က လစာနည်းယုံ မက ဘူး အကုန်လုံးကိုကြောက်နေရတယ်.. ဥပဒေ စိုးမိုးရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အာဏာ ရှိရင်ငွေပေါရင် အမှန်တရား ပန်ကန်ပြားနဲ့ ဖုံးသလို ပျောက်ချင်မလှပျောက်နေ၇တယ်…..အာဏာရှိတဲ့သူက အာဏာနဲ့ နိုင်ထက် စီးနင်းပြုနေကြသလို ငွေရှိတဲ့သူကလဲ အာဏာရှိတဲ့သူကို လက်ကိုင်တုတ်လို အသုံးချနေကြတယ် ..ဒီ စနစ်ဆိုး ခေတ်ဆိုး မြန်မြန် ပပျောက်ပြီး စစ်မှန် တဲ့ ဒီမိုကရေစီ ဆိုတဲ့ နိုင်ငံသစ် စီကို ရောက်ဖို.ဆို တာ အိမ်မက်အနေနဲ့ ပဲ အခုအျိန်ထိ ရှိနေဆဲပါ

  6. သွေးထွက်သံယိုမှု မရှိပဲ/နစ်နာဆုံးရှုံးမှုတွေ မရှိပဲ အပြောင်းအလဲတွေ ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ မြန်မာ စစ်တပ်ထဲမှာ အမှန်တရားကိုသိနားလည်ပြီး ပြုပြင်ပြောင်းလဲလိုတဲ့ အရာရှိတွေ အများကြီးမဟုတ်ပေမယ့် ရှိတော့ ရှိပါသေးတယ်။ ဖြုတ်/ထုတ်/သတ် ထဲမှာ သူတို့တွေ ပါမသွားပါစေနဲ့ ဆုတောင်းပါတယ်။….. ဗိုလ်ချုပ်ကြီးတွေကတော့ သူတို့ နောင်ရေး စိတ်အေးရအောင် မသင်္ကာသူအားလုံးကို ရှင်းခဲ့မှာပဲ။ သူတို့က အထုပ်ပိုက်ပြီး ဇာတ်မြှုပ်တော့မှာပဲ။ ကျန်ခဲ့မယ့် အရာရှိတွေအနေနဲ့ သူတို့ချခဲ့တဲ့ အရိုးအရင်းကိုက်ပြီး သူတို့အပေါ် သစ္စာရှိမလား။ တိုင်းပြည်အပေါ် သစ္စာရှိမလား……

Comments are closed.