ပဲခူးမြို့  ရေကြီး သည့် သတင်း မှတ်တမ်း ဓာတ်ပုံများ

Flooded in Pegu

ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြစ်ရေ ထပ်မံတက်မှု ကြောင့် မြို့ လယ်ပိုင်း တစ်လျှောက်ရှိ နေအိမ် နှင့် အဆောက်အဦ များ ရေ နစ်မြုပ်ခဲ့ရသည်
ပဲခူးမြို့ ပို့ ဆောင်ဆက်သွယ်ရေး ၀န်ကြီးဌာနလည်း ရေအောက် ရောက်သွားပြီ ဖြစ်သဖြင့် ဆက်သွယ်ရေးများ ပြတ်တောက် ကုန်ပြီ ဖြစ်သည်။
ပြည်သူများ က လှေဖြင့် ခရီးသွားနေရသော် လည်း အာဏာလွန် ဆွဲ ပွဲများကြောင့် စစ်အစိုးရ ခေါင်းဆောင် များ က လှည့်မကြည့် နိုင် ဖြစ် နေသည်။
မြို့ လည်တစ်ဝိုက်တွင် ရေနစ်မြုပ်နေသဖြင့် ဆိုက်ကားဂိတ်၊တက္ကစီ ဂိတ်များ နေရာတွင် သမ္ဗာန် ဂိတ်များ ပေါ်ပေါက်လာသည်။ ဈေးသွား၊ဈေးပြန် ၁၀၀ ကျပ်ဖြစ်သည်။(သံဃာတော် နှင့် သက်ကြီးရွယ် အိုများ အခမဲ့)


ပဲခူးမြို့ လည်တွင် ရေကြီးသဖြင့် ပြည်သူများ ခရီးသွားလာရေး တွင် အခက်အခဲ ကြုံတွေ့ နေရစဉ်
နေအိမ်များ ရေနစ်မြုပ်သဖြင့် အိုးအိမ်များ ပျက်စီးခဲ့ရသူများ ကို ဘုန်းတော်ကြီးများ က ကျောင်းတိုက် များ တွင် ခေတ္တပြန်လည် နေရာချထား ပေးရသည်။
ရေကြီးမှု ကြောင့် ပဲခူးမြို့ နေ ဒေသခံ နှစ်ထောင်ခန့် မှာ အိုးအိမ်များ ပျက်စီးဆုံးရှုံခဲ့ရသည်။
ရေဘေးဒဏ် ခံရသည့် ပဲခူး မြို့ နေပြည်သူများ ကို မည်သည့် အစိုးရ အဖွဲ့ အစည်းကမျှ လာရောက် စောင့်ရှောက် ကူညီ ပေးခြင်း မရှိ သေး ဟု သိရသည်။
ပဲခူးမြို့  တွင်ရေကြီးရာ ရန်ကုန်-မန္တလေး ကားလမ်း ပိုင်း အချို့ နှင့် ပဲခူး စစ်တောင်း လမ်းပိုင်းများ ပါ ရေနစ်မြုပ် ခဲ့ရသည်။