ပဲခူး ရေဘေး သေဆုံး သူ နှစ်ဦး နှင့် လေးဦးပျောက်ဆုံးနေ

Updated :  :ယနေ့ ည ပဲခူးမြစ်ရေ ထပ်မံမြင့်တက်လာမှု ကြောင့် မြို့ ပေါ်ရပ်ကွက်နေ ပြည်သူများ ဘေးလွတ်ရာပြေးရ

ပဲခူး တစ်မြို့ လုံး လျှပ်စစ်မီးများ ပြတ်တောက်

ပဲခူးမြစ်ရေ တက်လာမှုကြောင့် ပဲခူးမြို့ ရေကြီးမှု တွင် အနည်းဆုံး နှစ်ဦး သေဆုံးပြီး လေးဦးပျောက်ဆုံးသည် ဟု သတင်းရရှိသည် ။သေဆုံးသူ တစ်ဦး မှာ ဇိုင်းဂနိုင်း ရပ်တွင် ယနေ့ မနက် ရေဖုံးနေသော ရေတွင်း ထဲ ကျသေခြင်းဖြစ်ပြီး ၊ပျောက်ဆုံးနေသူများ ထဲမှ တစ်ဦး မှာပဲခူးမြို့ အမှတ် ၅ ရဲစခန်း မှ နယ်ထိန်းတပ်ကြပ်ကြီး တစ်ဦးဖြစ်သည်။

ပဲခူးမြို့ ရေကြီးမှု တွင်လူ ၆၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး ယနေ့ ည အထိ ထိုလူ ၆၀၀ အတွက် သက်ဆိုင်ရာမည်
သည့် အဖွဲ့ အစည်း ကမျှ ထောက်ပံ့မှု များ မပြုသေးဟု သိရသည်။