ပရာယုဒ် ချန်အုတ် ချာ အား ထိုင်း စစ်တပ်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဘုရင် က အသိအမှတ်ပြု

ထိုင်းစစ်တပ်၏ ဖွဲ့ စည်းပုံအရ လေးနှစ် တစ်ကြိမ် အပြောင်းအလဲ လုပ်ရသည့် စစ်တပ်အကြီးအကဲအသစ်
အဖြစ် စက်တင်ဘာလ  ၂၀ရက်  နေ့ မှ စ၍ ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အုတ် ချာ က တာဝန် ယူဆောင်ရွက်
မည် ဖြစ်သည်။ ၎င်းသည် လက်ရှိ စစ်ဦးစီးချုပ် ဖြစ်သူ ဗိုလ်ချုပ်ကြီး အနူပေါင် ပိုချင်ဒါ ၏ နေရာ
ကို ဆက်ခံခြင်း ဖြစ်သည်။ပရာယုဒ် ချန်အုတ်ချာ အား ထိုင်း ဘုရင် က ကာကွယ်ရေး ဦးစီးချုပ်အသစ် အဖြစ်
အသိအမှတ် ပြုလိုက် ပြီ ဟု သိရသည်။

ထိုင်း စစ်တပ် တွင်း ရာထူးနေရာ အပြောင်း အလဲ ဖြစ်ပေါ်ပြီး လက်ရှိ စစ်တိုင်း မှုးများ အားလုံးနီးပါးမှာ
ကာကွယ် ရေး နှင့် စစ်ဦးစီးချုပ် ရုံးများ တွင် တိုးမြှင့် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်က
ထိုင်း နှင့် မြန်မာ စစ်ပွဲ ကို ဦးဆောင် ခဲ့ရသည့် ထိုင်းဗိုလ်ချုပ် ကနစ် ဆတ်ပီတပ် မှာ ကြည်းတပ် အကြံပေး
ရာထူး ကို ရရှိသည်ဟု သိရသည်။ ထိုင်း စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် အပြောင်း အလဲ ကြောင့် စစ်တပ်တွင်း
ထိပ်တန်း အရာရှိ လေးဆယ် ကျော် နေရာ အပြောင်းအရွှေ့ ဖြစ်ခဲ့သည်။ ထိုင်း စစ်တပ် သည်လက်ရှိ အဘီဆစ်
အစိုးရ အား ကျောထောက် နောက်ခံ ပေးထားပြီး နိုင်ငံရေး တွင် ပါဝင်စွက်ဖက် သည် ဟုဝေဖန် ခံနေရသည်။

ထိုင်း စစ်တပ် ၏ ယခုနှစ် ကာကွယ်ရေး အသုံးစရိတ် တွင် ရေငုပ် သင်္ဘော၊လေယာဉ်ပစ် အမြောက် ၊
ဖျက်သင်္ဘော၊ နှင့် အမေရိကန် မှ တိုက်လေယာဉ် များ ၀ယ်ယူရန် စီစဉ် ထားသည်။

၂၀၀၆ ခုနှစ် ထိုင်းစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆွန်ထိ က ၀န်ကြီးချုပ် သက်ဆင် ထံမှ အာဏာ
သိမ်းပြီး နောက် ပိုင်း တွင် ထိုင်း စစ်တပ် မှာ နိုင်ငံရေး တွင် နောက်ကွယ်မှ နေ၍ ပါဝင် လာသည်။

ထိုင်းစစ်တပ် သည် ဒီမိုကရေစီ ကျင့်စဉ် ကို လိုက် နာသော် လည်း အိမ်နီးချင်း မြန်မာ စစ်တပ်မှာမူ
လူရမ်း ကား များ ကြီးစိုး သောကြောင့် လုံးဝ လိုက် နာမှု မရှိချေ။

2 thoughts on “ပရာယုဒ် ချန်အုတ် ချာ အား ထိုင်း စစ်တပ်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဘုရင် က အသိအမှတ်ပြု

  1. ဒီသတင်းကိုလည်း စိတ်ဝင်စားပါတယ်
    ဘကြောင့်ဆိုတော့ ထိုင်းနိုင်ငံရေးတိုးတက်အောင်မြင်မှလဲ မြန်မာပြည်သားအချို့ နေထိုင်ရတာ အဆင်ပြေစေချင်လို့ပါ။
    ထိုင်း ဘုရင် မင်းမြတ်က ကာကွယ်ရေး ဦးစီးချုပ်အသစ် အဖြစ်စက်တင်ဘာလ ၂၀ရက် နေ့ တွင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အုတ် ချာ အား ကာကွယ်ရေးဦစီးချုပ်တာဝန် ပေးအပ်လိုက်သည်ဆိုတော့ သူအကြောင်းဆိုသလား ကောင်းသလားဆိုသည်ကိုလုံးဝမသိရှိသော်လည်း
    ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် ခန့်အပ်လိုက်သည်ဆိုတော့ ကောင်းမည်ဘက်ကို ယုံကြည်လို့ဖြစ်ပါတယ်.
    ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား များစွာတို့ကို ခိုလှုံခွင့်ပေးထားတာ လက်ခံထားတာ တွေဟာ ထိုင်းဘုရက်၏မေတ္တာင်္နှင့်မကင်း
    ကြလို့ပါဘဲ ။ မိခင် နိုင်ငံတွင် ရိုးရာစဉ်လာ တောင်ယာကို ခုတ်စားဖို့တောင်မှ မရရှိသော လူ့အခွင့်အရေး စီးပွါးရေး ပညာရေး
    အဝေးဆုံး တကယ်လူငရဲပြည် မှ တားဆီးလို့မရအောင် ထွက်လာကြသူတိုင်းကို လက်ခံခိုလှုံခွင့်ပြုထားတာ ထိုင်းဘုရင်အားအထူးကျေူးဇူးတင်မဆုံ့းပါ။ ထိုင်းဘုရင်၏မေတ္တာတော်အောက်တွင် အသစ်တက်လာမည့် ဗိုလ်ချုပ်ကြီး
    ပရာယုဒ်ချန်အုတ်ချာ လည်း ထိုင်းငံတွင် ခိုလှုံနေကြသူများအား ကောင်းကျိုးကိုသာဆောင်ရွှုက်မည်ဟု ယုံကြည်စွာ
    ဆုတောင်းလိုက်ပါတယ်။
    ကျေးဇူးတင်ပါတယ် ။

  2. လူရမ်းကားကြီးတွေတဲ့လား.. ? ပြောရက်လိုက်တာ။ ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို စတေးရုံလေးပါဗျာ..

Comments are closed.