မြ၀တီ ရဲစခန်း အား ပိတ်ဆို့ ကာ လက်နက်ချ ခိုင်း၍ လိုင်စင်မဲ့ ကား ကို ပြန်တောင်း

ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့ရဲစခန်းအား ယမန်နေ့ ညနေ ၆ နရီခန့် နောက်ဖွင့် တိုယိုတား
တိုက်ဂါး နှင့် ဟိုင်းလပ် ကား ၅စီးဖြင့် လက်နက်ကိုင်ဆောင် ထားသော လူတစုက ၀ိုင်းထားမှု
ဖြစ်ခဲ့သည်။

ထိုဝိုင်းထားသော ကားများ အနက် တစ်စီးမှာ ရဲစခန်းအ၀င်ဝ တွင် ရပ် ၍ အမ် ၇၉ လောင်ချာဖြင့်ချိနရွယ်
ထားပြီးရဲစခန်းရှိရဲများအားလုံးကို နက်ချရန် ထိုအဖွဲ့၏ခေါင်းဆောင်မှပြောဆိုသည်။

ရဲများအားလက်နက် ချပြီး စခန်းမှုးမှ လက်နက်ကိုင် ခေါင်းဆောင် အား ဘာကြောင့် ယခုကဲ့သို့ လုပ်
ဆောင်ရကြောင်းမေးမြန်းရာ   ထိုခေါင်းဆောင်မှ မြ၀တီရဲများနှင့် SB တို့ပူးပေါင်းပြီး တရားမ၀င်
လိုင်စင်မဲ့ကားများ ကိုဖမ်းဆီးရာကို မိမိတို့ဘာမှမပြောလိုကြောင်း၊ မိမိတို့ အဖွဲ့ ပိုင် ကား၂စီးကို ဖမ်းထမ်းမှု
တွင် ငွေယူမှာလား။ ကားသိမ်းမှာလား၊ မိမိတို့လက်ကို ကားပြန်အပ်မှာလားမေးရာ…..မြ၀တီ ရဲစခန်းမှုးမှ ၄င်းတို့ 
အဖွဲ့ ပိုင် ကား၂စီးကိုပြန်ပေးလိုက်ရကြောင်း မြ၀တီရဲစခန်းအနီးရှိ မျက်မြင်သက်သေများက Freedom News Group
သို့ ပြောပြသည်။

မြ၀တီရဲစခန်းကို ၀ိုင်းခဲ့သူများမှာ အင်အား၂၀ကျော်ရှိပြီး ၆ယောက်မှာ ပြောက်ကျားယူနီဖောင်းဝတ်ထားပြီး
ကျန်သူများအရပ်ဝတ်ဖြင့်ဖြစ်သည်။ ထိုသူများမှာ အမ် ၇၉ လောင်ချာနှင့်လက်နက်ငယ်များ ကိုင်ဆောင်ထားကြသည်။

ထိုအဖွဲ့ကိုဦးဆောင်သူမှာ ယ္ခင် ၉၉၉ တပ်ရင်း-ကျုံဒိုး မှစီးပွားရေးတာဝန်ခံ ဦး မြတ်လှိုင် ဖြစ်သည် ဟု
သိရှိ သူများ က ပြောသည်။

မြ၀တီရဲစခန်းအတွင်း တရားမ၀င်လိုင်စင်မဲ့ အစီး ၄၀ကျော် ကိုယ္ခုအပါတ်တွင်းဖမ်းဆီးထားသည်။ရဲစခန်း
အား လက်နက်ကိုင် တပ်များ မှ လာရောက် ၀ိုင်းထားစဉ် ရဲတပ် သား အချို့ မှာ ကြောက်၍ ငိုယိုနေကြသည်
ဟု သိရသည်။

2 thoughts on “မြ၀တီ ရဲစခန်း အား ပိတ်ဆို့ ကာ လက်နက်ချ ခိုင်း၍ လိုင်စင်မဲ့ ကား ကို ပြန်တောင်း

  1. ပြည်သူတွေကိုတော့အနိုင်ကျင့်ချင်သလိုကျင့်ပြီး သူတို့အလှည့်ကျတော့မှ ကြောက်လို့ငိုသတဲ့လား။
    မသနားဘူး။ အကုန်ပစ်သတ်သွားရမှာ။

  2. မြန်မာ နအဖ တို့၏ ယုတ်မာမှုတွေကို မခံမရပ် ကြိုက်မှိတ်ခံနေကြရသော ပြည်သူတွေ
    နည်းမျိုးစုံနှင့် ညှင်းပမ်းင်္နှီပ်စက် သတ်ဖြတ် ယူတ်မာနေကြသော နအဖ အဖွဲ့ဝင် လက်ကိုင်ဒုတ်တို့အား
    အခုလို ပြန်လည်ခြိမ်းခြောက်မှုမျိုး ဖြစ်ပေါ်လာရတဲ့သတင်းကို ကြားရလို့အလွန့်အလွန်ကျေနပ်မိပါတယ်
    အဲဒီလိုမျို နေရာတိုင်းမှာဖြစ်ပေါါ်နိုင်မည်ဆိုလျှင် ပြို့ပီးတော့ ပြည်သူတွေ အားရှိလာမှာလို့ပါ
    မဟုတ်ဆိုယင် ဆယ်အိမ်ခေါင်းကအစ ကြောက်လန့်နေရလို့ပါ သို့မဟုတ်သော်လည်း
    သူတို့နှင့်ပတ်သတ်နေတဲ့လူကိုတောင်မှကြောက်လန်ံ့နေရတယ်ဗျာ။ သူတို၏လုပ်ရပ်ကလည်း သူတို့ကို ပြည်သူတွေအမြဲတမ်း
    ကြောက်လန့်ပြီ ခစားနေရဖို့နအဖ တို့၏ချမှတ်တဲ့လန်စဉ်လုပ်ငန်းစဉ်အတိုင်းကျင့်သုံးနှိပ်စက်နေတာ အခံရဆုံးပြည်သူ့ဝေဒနာတွေပါ။ အခုလိုသတင်းတွေ နေရာတိုင်း ကြားလာရပါက သူတို့ကိုတွန်းလှန်နိုင်မည့် သတ္တိခွန်းအား
    တွေ ပြည်သူဆီကို ရောက်လာမှ ပြည်သူဘ၀ကို ပြည်သူရပ်တည်နိုင်မှာလို့ခံစားမိကြောင်းပါ
    အထူးကျေးဇူးတင်ပါသည်.

Comments are closed.