
တင်ကျော်ကျော်စိုး ၊ ၊စက်တင်ဘာလ ၄ ရက်နေ့ ည က စစ်တပ်မှ ပစ်သတ်၍ သေဆုံးသွားသည့်
ပဲခူးမြို့ ပေါ် မှလူငယ် နှစ်ဦး ကိစ္စသည် ပဲခူးမြို့ နေ ပြည်သူုလူထု အတွင်း မကျေနပ်မှု များ စတင်ဖြစ်ပွား
လျှက် ရှိ သည် ဟု သိရသည်။
မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင် ဇော် အမည်ရှိ လူငယ် နှစ် ဦး သည် ကာလီဖိုးနီးယား ကာရာအိုကေဆိုင်မှ ထွက်လာသည့် အပြန် အရက်မူး လွန် နေသော စစ်တပ်အရာရှိ တစ်ဦး၏ ဆိုင်ကယ် နှင့် ပွတ်တိုက်မိရာ
မှ စကားများ ရန်ဖြစ် သည့် အဆင့် ကို ရောက်ရှိ ခဲ့ကြသည်။
ထို့ နောက် ထိုစစ်တပ် အရာရှိ မှ ခလ၇ ၅၉ မှ စစ်သားများ ကို ခေါ်ကာ ထိုလူငယ်များ အား ပြန်လည် ရှာဖွေခဲ့သည်။ ဟဒယ လက်ဖက်ရည်ဆိုင် အနီး တွင် ဂစ်တာ တီးနေ သည့်
ထိုလူငယ် နှစ် ဦးကို တွေ့ ရှိ ပြီး နောက် ဗိုလ်ကြီး သိဒ္ဓိစိုး ဆိုသူ က အမိန့် ပေးသဖြင့် စစ်သား တစ်ဦး က သူ၏ ကျဉ် ဘောက် မှ ကျဉ်ဆံ ကုန်ပြီး ပြုတ်ကျသည် အထိ ထို လူငယ် နှစ် ဦး ကို အချက် ပေါင်း များ စွာ ပစ်ခတ် ခဲ့သည် ဟု ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်း နေပြည်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ထိုပစ်ခတ်မှု မှ ည ၁၂ ရာခန့် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး မျက်မြင်တွေ့ ရှိသူ မြလမ်းသား တစ်ဦးက “ စစ်တပ် ကို လမ်း ကို ပိတ် ထားပြီး ဒီကောင်လေး နှစ်ယောက် ကို ရှာတာ သူတို့ ကို ထုတ်ပေး ဖို့  သေနတ် ကို မိုးပေါ် ထောင်ဖောက် တယ်။ တစ်လမ်း ကို ဆဲဆို
တာမှ ရစရာ မရှိ ဘူး .သူတို့ အရာရှိ လည်း ပါတယ် ။အား လုံး စစ်သား ၁၂ ယောက် နောက် အောင်သူဟိန်း တို့ ကို တွေ့ တော့ အသေပစ်သတ်တာ ဗျာ သူတို့ မိဘ ဆွေမျိုး
တင် မဟုတ် ဘူး ၊တစ်လမ်း လုံး ငိုကြတာ ဟု သူတွေ့ ရှိ ခဲ့ ပုံ ကို ပြောပြသည်။
သေဆုံးသွား သည့် လူငယ် နှစ်ဦး ၏ အလောင်း ကို ဆိုက်ကားဖြင့် ကြိုးချဉ်ကာတင်
သွား ပြီး စစ်တပ် ကို လာစမ်းရင် ဒါမျိုး ကြုံ ရမယ် ..ကိုယ်အမေကိုယ် လိုး တွေ သေးချင်း
ဆိုး နဲ့ ကြုံချင်ရင် လာစမ်းချဉ် လို့ စစ်သား တစ်ယောက် က အော်ဟစ် သွားသည် ဟု သိ
ရသည်။
မောင် အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် တို့ ၏ ရုပ် အလောင်း များ ပဲခူးမြို့ 
အထွေထွေရောဂါကု ဆေးရုံကြီး တွင် ထားရှိ ပြီး ထိုဆေးရုံ အပြင် ဘက် တွင် လည်း ပဲခူးမြို့ ခံများ က စောင့်ကြည့်နေကြသည်။
သေဆုံးသွား သူ၏ မိဘ များက အလောင်း ကို ပြန်ပေးရန် ပြောဆို သော်လည်း စစ်တပ်မှ ပြန်
လည် ထုတ်ပေးရန် ငြင်းဆန် လျှက်ရှိသည်။
စစ်တပ်က ပစ်သတ်၍ လူငယ် နှစ်ဦး သေဆုံးရသည့် သတင်း ကို စစ်အစိုးရ အာဘော်ပိတောက်မြေ သတင်း မှ လိမ်လည်ဖော်ပြသွား သဖြင့် ပဲခူး မြို့ ခံ လူထုကမကျေမနပ် ဖြစ်နေကြသည် ဟု သတင်းရရှိသည်။
ပိတောက်မြေ FM အသံလွှင့် အစီအစဉ် တွင် လူငယ် နှစ်ဦး က သေနတ်ကို ၀င်လုသဖြင့်
ပစ်ခတ်ရ ခြင်းဖြစ်သည် ဟု လိမ်လည် ထုတ်လွှင့်သွားသည်။
ပဲခူးမြို့ အခြေစိုက် နိုင်ငံရေး လှုပ်ရှား သူ တစ်ဦးက ‘ရေကြီး တုန်းမှ စစ်တပ်က ဘာမှ အကူ
အညီ မပေးခဲ့ဘူး အခု အပြစ်မဲ့ ပြည်သူ ကို သေနတ် ရှိတယ် ဆိုပြီး ရမ်းကား တာ လုံးဝ ခွင့် မလွှတ် နိုင် စရာ ပဲ ဟု Freedom News Group သို့ ပြောသည်။
ပဲခူး ခရိုင် ကျောင်းသား သမဂ္ဂ မှ လည်း ကျောင်းသား လူငယ် နှစ် ဦး သေဆုံးရမှု ကို မိမိ
တို့ လက်ပိုက်ကြည့် နေမည် မဟုတ် ဟု ယနေ့ ကြေညာချက် တစ်စောင် ထုတ် ပြန် ခဲ့သည်။

လူစိတ်မရှိတဲ့ စစ်သားတွေ အသေဆိုးနဲ့သေပါစေ
သတ္တိရှိတာမဟုတ်ဘူး။ ခွေးကျင့်ခွေးကြံ ကြံတာ။
မအေလိုးတွေ က လက်လက်ချင်းမချရဲလို့ သေနတ်နဲ့ပစ်တာ။
တကယ်သတ္တိရှိရင် တစ်ယောက်ချင်းစိန်ခေါ်ပြီး ထိုးရဲလားလို့မေးကြည့်ပါ။
သတ္တိရှိ စစ်သားစစ်လို့ ကိုယ်တိုင်းပြည်နဲ့ ကိုယ့်နိုင်ငံသားတွေကို တကယ်ချစ်ရင် ဒီကျဉ်ဆန်တွေနဲ့ သန်းရွှေကို ပစ်ရမှာ။
ခွေလောက်မှတန်ဘိုးမရှိတဲ့နွားးစစ်ဗိုလ်တွေ
ဗိုလ်ကြီး သိဒ္ဓိစိုး အဲဒီ့ခွေးနံမည်ပဲပါပါတယ်..
ကျေးဇူးပြု ပြီး အမိန့် ပေး သည် စစ် ခွေး အရာ ရှိ အမည် ၊ BC အမှတ် များ ၊လည်း ကောင်း ၏ နောက် လိုက့်ခွေး များ ပါ ဖော် ပြ ပေးပါ ခင်ဗျား။
ဒါဟာ အရေးပေါ် မဟုတ်တဲ့ အခြေအနေမျိုးမှာ စစ်တပ်က မြို့ပေါ်အထိလာပြီး လက်နက်မရှိတဲ့ လူထုကို လက်နက်နဲ့ လက်ရဲဇက်ရဲ အနိုင်ကျင့် ဗိုလ်ကျ သတ်ဖြတ်ကြတာပဲ၊ သာမာန် အရပ်သူအရပ်သားတွေရဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ။
တောင်ပေါ် ကျေးလက်နဲ့ နယ်စပ်ဒေသက လူထုကို လူမသိသူမသိ ဒီလိုမျိုး လက်နက်အားကိုးပြီး နေ့စဉ် မဒိမ်းကျင့် သတ်ဖြတ် နှိပ်စက်နေတာ ဘယ်လောက်များနေပြီလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ စည်းကမ်းရှိ ငြိမ်းချမ်းတဲ့နည်းဆိုပြီး ကြောက်လို့ သည်းခံနေကြတာ တကယ် အလုပ်မဖြစ်ဖူး ဆိုတာသိဖို့ကောင်းပြီ။
ပြည်သူကိုသတ်သောစစ်တပ်သည် 2010ရွေးကောက်ပွဲပြီးလျှင် တရားဖြစ်တော့မည် မဲမပေးဘဲဆန့်ကျင်ကြပါဒ