
Updated : ဆင်ဖြူကွင်း သုသာန် မှ ရွှေ မော်ဓော ဘုရား သို့ ပြည်သူများ ချီတက်မည်
Updated : အင်းတကော်တွင် လူ ၇၀ ခန့် ကို ဖမ်းဆီးထား
Updated : ရွှေမော်ဓော ဘုရားအနီး တွင် စစ်ကားများ ဖြင့်လမ်းများ ပိတ်ဆို့ ထား
Updated : သန်းရွှေ မရှိခိုက် အာဏာသိမ်းပြီး စစ်တပ် ကို အပြောင်းအလဲ လုပ်ရန် လှုံ
ဆော်စာများ ရန်ကုန် မြို့ တော်ခန်းမ ရှေ့ တွင်ဝေ (နေ့ လည် ၁၂း၀၀ နာရီ )
Updated: ရုပ်ကလပ် များ အနီးတွင် စစ်သားများ က အသင့် နေရာယူထား အလောင်းလုရန်
ကြံစည် မှု များ မလုပ်ရန် စစ်တပ်က ဆရာ တော် တစ်ဦး ကို ထိန်းခိုင်းသည် ဟု ကြားရ
Updated: နိုင်ငံခြား သံတမန် ၈ ဦးက အသုဘ အခမ်းအနား အားလိုက်ပါပို့ ဆောင်ရန် အသင့်
ဖြစ်နေ
Updated: ဆေးရုံကြီး မှ အလောင်း စတင် ထုတ်ချိန် ပြည်သူ ကို ကိုက်တဲ့ စစ်ခွေး အလို မရှိ
ဆိုသည့် စာများ ဝေငှ
Updated : နိုင်ငံခြား သံတမန် များ ပဲခူးမြို့ သို့ ရောက်ရှိ
ယနေ့ နံနက် ဆယ်နာရီခွဲ အချိန် တွင် စနေ နေ့ ညက စစ်တပ်မှ သေနတ်ဖြင့် ပစ်သတ် ၍
သေဆုံး သွားခဲ့ရသည့် မောင်စိုးပိုင်ဇော် နှင့် မောင် အောင်သူ ဟိန်း တို့ ၏ ရုပ်အလောင်း
ထားရှိ ရာ ပဲခူး အထွေထွေ ရောဂါကု ဆေးရုံကြီးရှေ့ တွင် ပဲခူး နှင့် အနယ်နယ် အရပ်ရပ်
မှာ ပြည်သူ ငါးထောင်ခန့် စု ရုံး နေကြသည်။

လက်ကတော့တော်တော်လေးယားနေပြိ။တိုက်ချင်နေပြိဗျာ။ ။
ကျွန်တော်တို့လဲ ပါမယ်ဗျို့
တော်တော်လေးကိုစိတ်မကောင်းဖြစ်ရတယ်..ဒင်းတို့တွေ ၀ဋ်အမြန်ဆုံးလည်ဖို့ မျော်လင့်ပါတယ်..
ခင်ဗျားတို့ မမှတ်မိတော့ဘူး။ 1962 က ဗိုလ်နေ၀င်း အာဏာသိမ်းတယ်။ အခုလိုပဲ။ အခုလည်း သူတို့ ထင်ရာလုပ်တယ်။ ပြည်သူ ငတ်နေတယ်။ ပြည်သူကလည်း တိုင်းပြည်ဘယ်သူ အုပ်ချုပ်အုပ်ချုပ် ငါတို့ ထမင်း နပ်မှန်ဖို့ပဲ လို့ ဆိုပြီ အသိဥာဏ်မဲ့ စကားတွေ ပြောတာ တော်သင့်ပြီ။ အခု ကိစ္စမှာ ကိုယ့်သားသမီးသာဆိုရင် ………….ကဲ ပြည်သူတွေ ခင်ဗျားတို့ ခံနိုင်ပါ့မလား။ မင်းဆိုး မင်းညစ် အုပ်ချုပ်နေသမျှကတော့ ခင်ဗျားတို့ သမီးတွေ သူတို့ ခြေတော်တင်မယ်….ခင်ဗျားတို့ သားတွေ အသတ်ခံရမယ်။ ပါးစပ်နဲ့ တိုက်ခဲ့တာ ကြာပြီ။ ကျွန်တော်တို့ နိုင်ငံ ဟာ သွေးနဲ့ ဆေးရမယ့် အချိန် ရောက်ပြီဗျ။ သွေးမကြောင်ကြပါစေနဲ့………..
သားသားလေပြောတာ မှန်တယ်။
ပြည်သူတွေကို စော်ကားသတ်ဖြတ်နေတာ ကြာလှပြီ။ စိုးရိမ်နေ ကြောက်တတ်နေလို နှစ်ခါမက အကြိမ်ကြိမ် သေနေရတာ၊။ ရရာနည်းနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်၊ လစ်ရင်လစ်သလို အကြမ်းနည်း အနုနည်း ရရာနည်း ဉာဏ်နီဉာဏ်နက် မျိုးစုံသုံးပြီး ဒီဓါးပြတပ်ကို ဖြိုခွဲးဖို့နဲ့ ဖြစ်နိုင်ရင် ပြန်တိုက်ဖို့ကိုသာ ကိုယ်တိုင်လည်း မပြတ်စဉ်းစားလုပ် သူမျာကိုလည်း တိုက်တွန်းကြပါ။ စည်းကမ်းဆိုတာကို အာဏာရှင်စံနစ်နဲ့ စစ်အုပ်စု ကျဆုံးသွားမှ မျှတတဲ့ ပြည်သူ့အစိုးရ ဥပဒေနဲ့ ထိမ်းသိမ်းယူကြမယ်။
နိုင်ငံခြားသားဆိုရင် ကုန်းပေးတတ်ပြီး ပြည်သူကိုပြန်ကိုက် တဲ့ စစ်ခွေးတွေကို အလိုမရှိပါ….
what NLD doing?Recently they said they will work for the people.
ပွဲကတော့စပါပြီ၊ အားလုံးသော ပြည်သူတို့ တက်ညီလက်ညီဆောင်ရွက်နိုင်ကြပါစေ၊
ပွဲကတော့စပါပြီ၊ အားလုံးသော ပြည်သူတို့ တက်ညီလက်ညီဆောင်ရွက်နိုင်ကြပါစေ၊ အရင်ခေတ်များကလို “တိုင်းပြည်အခြေအနေ ယိုယွင်းလာသောကြောင့် တပ်မတော်မှ နိုင်ငံတော်အာဏာကို မလွှဲသာမရှောင်သာ ထိန်းသိမ်းလိုက်ရသည်” ဆိုတဲ့ဇာတ်လမ်းစဖို့ ဖန်တီးတာလည်း ဖြစ်နိုင်တာမို့ စနစ်တကျ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ…
စည်းကမ်းရှိ ငြိမ်းချမ်းတဲ့နည်းဆိုပြီး ကြောက်လို့ သည်းခံနေကြတာ တကယ် အလုပ်မဖြစ်တာသိသင့်ပြီ။ လူတွေပိုပြီး ပူးပေါင်းပါဝင်လာလေလေ အန္တရာယ်အတွက် စွန့်စားရတာကလည်း လျော့ပါးလာလေလေပါပဲ။ တက်ညီလက်ညီ ဆောင်ရွက်နိုင်ကြပါစေ၊
We should support it to demand & act legally accordig to laws by People’s Comission of Inquarry and send to International Comission of Inquarry,UN and participate in Mass-movement on Funeral activities.