
ဆန်ဖရန် စစ္စကို မြို့ ၏ တောင် ဘက်၈ မိုင်ခန့်  အကွာ တွင် ရှိသည့် ဆန်ဘရု နိုမြို့ တွင် မြေအောက် ဂက်(စ)
ပိုက်လိုင်း မှ တစ်ဆင့် မီးစွဲ လောင်ရာ အိမ်အလုံး နှစ်ဆယ်ခန့် မီးစွဲ လောင်ပြီး မီးတောက်မီးလျှံ များ မှာ လည်း
ဆက်လက် အားကောင်းလျှက် ရှိသည်။မီးလောင်မှု ကြောင့် သုံးဦးသေဆုံးသည်။

မီးလောင်ကျွမ်း မှု သည် ဆန်ဖရန် စစ္စကို နိုင်ငံတကာ လေဆိပ် နှင့် နီးကပ်နေသောကြောင့် ဆန်ဖရန် ရဲတပ်ဖွဲ့ 
က မီးလောင်ကျွမ်းမှု အကြောင်း အရင်း အား စတင် စုံစမ်းလျှက် ရှိသည် ဟု ဆန်ဖရန် စစ္စကို သတင်းစာ တွင် ဖော်ပြထားသည် ။ ဆန်ဘရူ နို မီးလောင်မှု တွင် ပြည်နယ် ဘုရင်ခံ ဖြစ်သူ မင်းသားကြီး အာ နိုး က အလက်စကား ပြည်နယ်ရောက်နေ သဖြင့် သွားရောက် မကြည့်ရှု နိုင်ခြင်း ၊အရေးပေါ် မီးငြိမ်းသတ်မှု များ နှောင့်နှေခြင်း တို့ ကို ဝေဖန်မှု များရှိသည်။မီးလောင်မှုအား ရဟတ်ယာဉ် ၁၇ စီး ၊ လေယာဉ် ၈ စီး၊မီးသတ်ကား အစီး လေးရာ ကျော်တို့ ဖြင့် မီးငြိမ်းသတ်လျှက် ရှိသည် ဟု ဆန်ဖရန် စစ္စကိုမြို့ U.S. Bank တွင် အလုပ်လုပ်နေသည့် အမေရိကန် နိုင်ငံဖွား မြန်မာလူမျိုး တစ်ဦးဖြစ်သူ မစ်ချလ် နိုင် က Freedom News Group သို့ ပြောသည်။
ယခု မီးလောင် ကျွမ်းမှု ဖြစ်သည့် နေရာသည် ဆန်ဖရန
် စစ္စကို မြို့ လည်မှ မော်တော်ကားဖြင့် သွားလျှင် မိနစ်
သုံးဆယ် ခန့် အကြာတွင် ရှိသည်။ ဆန်ဘရူ နိုအရပ်တွင်
မြန်မာ သင်္ဘာသား အများစု နေထိုင်ကြသည်။
ထိုနေရာတွင် မြန်မာ တို့ အခေါ် ခုန်ချ ဟုခေါ်သည့်
အမေရိကန် နိုင်ငံတွင် ခိုလှုံခွင့် ရရှိရန် သင်္ဘောပေါ် မှ
ကျန် နေရစ် ခဲ့သည့် မြန်မာ လူမျိုးများ နေထိုင်သည်။
ဆန်ဘရူ နို မြို့ ရှိ ကာပိုချီနို အထက်တန်း ကျောင်းမှာ
အမေရိကန် ရောက် မြန်မာ တို့ ဒီမိုကရေစီ ရေးလှုပ်ရှား
မှု ပြုသည့် နေရာဖြစ်ပြီး ယခု ထိုနေရာ အနီးတစ်ဝိုက် တွင် မီးစွဲ လောင်လျှက်ရှိသည်။
