ကွန်မြူနစ်ဝါဒ အလုပ်မဖြစ်ကြောင်း ဖီဒယ်လ် ကစထရို ၀န်ခံပြောကြား(ဗီဒီယို)

Fidel Castro: Cuban model no longer works

အသက် ၈၄ နှစ်ရှိ တော်လှန်ရေး ခေါင်းဆောင်ကြီး
ဖီဒယ်လ် ကစထရိုက ‘ဘိုင်ကျ နေသော ကျူးဘားကျွန်း
နိုင်ငံအတွက် လက်ရှိ ကျင့်သုံးနေသည့် ကွန်မြူနစ်မော်
ဒယ်က ဘယ်လိုမှ အလုပ်

မဖြစ်တော့ကြောင်း’ ကျူးဘားနိုင်ငံတွင် ရောက်ရှိနေ
သော The Atlantic မဂ္ဂဇင်းမှ ဂျာနယ်လစ်
ဂျက်ဖရီ ဂိုးလ်ဘခ်ဂ် နှင့် အမေရိကန်-ကျူးဘားရေးရာ
မူဝါဒ ကျွမ်းကျင်သူ ဂျူလီယာဆွင်း တို့ကို
နေ့လည်စာ အတူစားရင်း ပြောပြခဲ့သည်။

ဖီဒယ်လ်ရဲ့ ညီ၊ လက်ရှိသမ္မတ ရာဟူးလ် က လက်ရှိစနစ် အလုပ်မဖြစ်ကြောင်း အကြိမ်ကြိမ် ပြော
နေလင့်ကစား၊ ၁၉၅၉ ခုနှစ် ကျူးဘားတော်လှန်ရေး ဖခင်ကြီး ကိုယ်တိုင် ၀န်ခံပြောလိုက်မှ အားလုံး ရှော့ဖြစ်သွားရသည်ဟု AFP သတင်းဌာနက ဆိုသည်။

ဖီဒယ်လ် ကစထရိုမှာ အသက်သေလုနီးပါး မကျန်းမာမှုကြောင့် ၂၀၀၆ ခုနှစ်တွင် သမ္မတရာထူးမှ
အနားယူခဲ့ပြီး ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ဆက်လက် ဦးဆောင်မှုပေးနေခဲ့သည်။ လေး
နှစ်ကြာ ကျူးဘားနှင့် နိုင်ငံရေးအကြောင်း သတင်းမီဒီယာများတွင် မပြောတော့သော်လည်း သူ့ညီ
သမ္မတရဲ့ လုပ်ပိုင်ခွင့်များကို ကန့်သတ်ထားဆဲ ဖြစ်သည်။

ဂျာနယ်လစ် ဂိုးလ်ဘခ်ဂ်မှာ ကစထရိုရဲ့ ဖိတ်ကြားမှုကြောင့် သွားရောက်ခြင်းဖြစ်ပြီး၊ အီရန် နူကလီး
ယားကိစ္စအပေါ် ကစထရိုရဲ့ အမြင်ယူဆချက်များ ရယူနိုင်ခဲ့သည်ဟု ဆိုသည်။ ၁၉၆၂ ခုနှစ် ကျူးဘား
ဒုံးကျည် အကျပ်အတည်းတွင် အမေရိကန် ပြည်ထောင်စုကို ခြိမ်းခြောက်ဖို့ ဆိုဗီယက် ခေါင်းဆောင်
များထံမှ နူကလီးယား လက်နက်များ အင်အားပြ အသုံးချခဲ့ရကြောင်း ကစထရိုက ပြောပြသည်။
ဆိုဗီယက် ယူနီယံ ပြိုကျသွားသော်လည်း ကျူးဘားမှာ ကွန်မြူနစ်စနစ်ကို ဆက်လက် တွယ်ဖက်ထား
ဆဲ ဖြစ်သည်။

ကျူးဘား စီးပွားရေး ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်ပိုင် ပြုလုပ်ထားပြီး၊ အလုပ်သမားများအတွက်
လစာမှာ တစ်လလျှင် အမေရိကန် ဒေါ်လာ ၂၀ (ဘတ်ငွေ ၆၁၇ ဘတ်) သာရှိသည်။ သို့သေည်
ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အိမ်ယာ တို့မှ အခမဲ့ ဖြစ်သည်။ နိုင်ငံသားတို့အတွက်
အစားအစာကို သမ၀ါယမစာအုပ်ဖြင့် တန်းစီ ခွဲဝေပေးသည်။

သို့သော် လက်ရှိ ကျင့်သုံးနေသော ကွန်မြူနစ် ပုံစံကို တောင့်ထားဖို့ မလွယ်တော့ကြောင်း၊ ၄၈ နှစ်တာ
အမေရိကန် စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံစားနေရကြောင်း တော်လှန်ရေး ခေါင်းဆောင်ကြီးမှ အိတ်သွန်ဖာ
မှောက် ပြောကြားခဲ့သည်။

သတင်း AFP

8 thoughts on “ကွန်မြူနစ်ဝါဒ အလုပ်မဖြစ်ကြောင်း ဖီဒယ်လ် ကစထရို ၀န်ခံပြောကြား(ဗီဒီယို)

  1. အားလုံးပဲ နိုင်ငံရေး အကြောင်းမပြောချင်ဘူး နိုင်ငံေ၇း နှင့်ပတ်သက်ရင် စစ်အစိုးရရော ပြိုင်ဖက် အပလာ အုပ်စုရော လုပ်စားနေကြတာချဉ်းပဲ
    ပြည်ပအဖွဲ့အစည်းရော လုပ်နေတဲ့ နိုင်ငံရေးသမားရော အားလုံးက စစ်အစိုးရနှင့်ကျန်တဲ့ ပြိုင်ဖက်တွေက မြန်မာနိုင်ငံရေးကို လုပ်စားနေကြတာချဉ်းပဲ

    အဲဒီခေါင်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးခြင်တယ် အားလုံးရိုက်စားချဉ်းပ

  2. ခံစားချက်တွေပြောရရင် မင်းတို့ထက် အသဲမာတယ် အသဲမာလို မြန်မာပြည်မာ ရှိနေတယ်

    ခံစားချက်ဆိုတာ လက်တွေကြုံရမှ သိရတာ

    ပြောခြင်တာကို လုပ်ခြင်တာကို ရှင်းရှင်းလေးပဲပြော

  3. ရဲဘောင်ဖိုးသံချောင်းနဲ့ သစ္စာအုပ်စု၊ အရပ်ရှစ်မျက်နှာမှာရှိနေကြကုန်သော အိုအနီအပေါင်းတို့………..
    သင်တို့ရဲ့ ရဲရဲတောက်ကြီးတွေ ပြိုလဲကြကုန်တာကိုနမူနာယူပြီးနားလည်ကြပါတော့လို့ ပြောခြင်ပါတယ်။
    နောက်တခါ ပြောရေးဆိုခွင့်ရှိသူမလုပ်နဲ့တော့နော်။ အခြေအနေကိုသိပါ။

  4. ခေါင်းမာလှပါတယ်ဆိုတဲ့ ကတ်စထရိုကြီးကတော့ ဝန်ခံသွားရှာပြီ။ အေးပေါ့လေ.. သူ့မှာက မြှောက်ထိုးပင့်ကော် လုပ်ပေးမယ့် အင်အားကြီးနိုင်ငံက နီးနီးနားနားမှာမှ မရှိရှာတာ။ စောစောစီးစီး ဝန်ခံ ရရှာတာပေါ့။

    1. ပြောရမယ်ဆိုရင်အများကြီးပဲ
      နည်းနည်းလောက် သတင်းနှင့်ပတ်သက်ပြီး သိခြင်တယ်

      ကိုသန်းစိုး

  5. ကွန်မြူနစ်ဝါဒ ကိုသာထားခဲ့၇င်
    ရဲဘော်ဖိုးသံချောင်းဟာ လူထုလိုချင်တဲ့
    ခေါင်းဆောင်ကောင်း တယောက်ဖြစ်နိုင်တယ်

  6. စနစ်ထက် လူက ပိုအရေးကြီးတယ်။
    စနစ်ဘယ်လောက်ကောင်းကောင်း မြန်မာနိုင်ငံက ခေါင်းဆောင်တွေနဲ့တွေ့ရင် ဘယ်လောက်ချမ်းသာတဲ့နိုင်ငံပဲဖြစ်ဖြစ်
    ၁၀ နှစ်အတွင်း ချွတ်ခြုံကျ မသွားရင် ကြိုက်သလိုပြော။

    1. ဒါကြောင့် လူမကောင်းရင် လူပြောင်းပစ်လို့ရတဲ့ စနစ်ကောင်း ရှိဖို့လိုတာ။

Comments are closed.