လက်ရှိ ကမ္ဘာ့ နံပါတ်တစ် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက
ဘုရားသခင်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းနှင့် ရှေးဟောင်း
ဘာသာရေးဆိုင်ရာ လေ့လာမှုပညာ (theology) မလိုအပ်တော့ကြောင်း
သူ့ရဲ့ စာအုပ်အသစ် The Grand Design တွင် ဖော်ပြလိုက်သည်။
သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင်
အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊
ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း
ရှင်းပြနိုင်တယ်” ဟု ဆိုသည်။
သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက
လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့
နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း
ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ
ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့်
လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’
(spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။
ဟော့ကင်းက “အရင်က ဘာသာရေး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မေးခွန်းတွေကို သိပ္ပံပညာက ဖြေပေးလာနေတယ်။ အရင်က ဖြေရှင်းမရတဲ့ ပုစ္ဆာတိုင်း ဘုရားသခင်ဆီ ခေါင်းငှါးကြရတယ်။ အခု သိပ္ပံနည်းကျ ချည်းကပ်မှုကသာ ပြီးပြည့်စုံတယ်။ ဘာသာရေး သီအိုလိုဂျီတွေ မလိုတော့ပါဘူး” ဟု လာရီကင်းကို ရှင်းပြသည်။
ယခု သူ့စာအုပ်မှာ စကြာဝဠာ ဖွဲ့စည်းလည်ပတ်နေပုံနှင့် လူသားတွေမှာ စကြ၀ဠာရဲ့ မည်သည့်နေရာတွင် ရှိပုံ တို့ကို တင်ပြထားသည်။သူ့အယူအဆမှာ M-theory အပေါ် အခြေခံကြောင်း ပြောသည်။ M-theory ဆိုသည်မှာ ‘ဂေါဒ့် ဖန်ဆင်းတာ မဟုတ်ဘဲ၊ ဘာမှမရှိတာထဲမှ ထွက်ပေါ်လာသော စကြ၀ဠာများကို’ ဆိုလိုသည်။ M-theory သည် အရာရာတိုင်းအတွက် သီအိုရီ တစ်ခု (a theory of everything) ဖြစ်သည်။
ဟော့ကင်း အမြင်က “စကြာဝဠာတွေဟာ ဘာမှ မရှိတာတွေထဲက ထွက်လာတာ။ အခြေခံကိုက ဘာမှကို မရှိတာ ဖြစ်တဲ့အတွက် တစုံတရာ ရှိပါတယ်လို့ ပြောမယ့် ဂေါဒ့် မလိုတော့၊ ဂေါ့ဒ် ၀င်ပါစရာ မလိုတော့” ဟု တင်ပြသည်။
စတီဖင်ဟော့ကင်း စာအုပ်အသစ်မှာ ကမ္ဘာအနှံရှိ ပရိတ်သတ်များကြား ပွဲဆူနေပြီး၊ ယခုလို ခရစ်ယာန် ဘာသာနှင့် အစ္စလမ်ဘာသာ ဂေါ့ဒ် အားပြိုင်မှုများ ကြီးမားနေသော ကာလတွင် သိပ္ပံပညာသည် မည့်သည့်ဂေါ့ဒ်မှ မလိုအပ်ကြောင်း သီအိုရီအထောက်အထားနှင့် ရေးသားတင်ပြချက် ဖြစ်သည်။
သတင်း CNN
စတီဖင်ဟော့ကင်း နှင့် CNN တွေ့ ဆုံမှု ကို ဤနေရာတွင် ကြည့်ရှု နိုင်သည်

လူတွေလူတွေ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်သွားကျပါ။ လေယာဉ်ပျံတွေ၊ဒုံးပျံတွေဆိုတာလဲ သိပ္ဗံ ပညာကြောင့်ဖြစ်လာသလို
လူ့ယဉ်ကျေးမှုဆိုတာလဲ ဘာသာတရားအဆုံးမအောက်မှာ မှ သင့်တော်မယ်လေ အဲဒီတော့ ဘယ်သူဘာဖြစ်တယ်ဆိုတာထက်
ကိုယုံကြည်တာကိုလုပ်ကြပေါ့၊ ဟုတ်ဘူးလား နဲနဲ ဆရာဝင်လုပ်လိုက်တာပါ..
You Tube မှာရှိတဲ့ ရီစရာဟာသအဖြစ် ဖန်တီးထားတဲ့ clip ပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျား..
I want to ask him back that ,who make you to become like this ?His answer may — I am not free to research my own problems coz I am trying to know more than GOD.
This is the theory Hawking raised.
Next step is to look for the proof of that theory which will probably take decades or centuries.
Eg… for Big Bang effect, scientists tried to explore it since long long ago.
I think that is very good issue for sciences.
Check this link for arguement
အရင်ဆုံးပြောခြင်တာက ကျွန်တော်မူစလင်ဘာသာဝင် မဟုတ်ပါဘူး။ မူလင်ကုလားလို့ ထင်မှာ အတွက် ကြိုပြောထားတာ။ ဟော့ကင်း က ဖန်ဆင်းရှင်မရှိဘူး၊ ဘုရားမရှိ ဘူးလို့တောင် ပြောခြင်နေတာပါ။ ဒါပေမဲ့ ဟော့ကင်း ဖန်ဆင်းရှင်ရှိတဲ့ မူစလင်ဘာသာကို ခံယူသွားတာ လောလော လပ်လပ်ဘဲ ရှိပါသေးတယ်။
http://www.youtube.com/watch?v=VHKi0C46dac သူ့စာအုပ် အရောင်းကောင်းအောင် လုပ်တာဆိုရင်ရင်ဘယ်လိုလုပ်မလဲ မီးစာတစ်ဖက် ရေ မုတ်တစ်ဖက်လုပ်နေတာ။ ရန်ဖြစ်နေလို့ကတော့ အပိုဘဲ ဘာမှ အဓိပ္ပါယ်မရှိဘူး။ ဟော့ကင်း ဖန်ဆင်းတယ်ဆိုတာကို အယုံအကြည်မရှိရင် မူစလင်ထဲ ဝင်စရာအကြောင်းမရှိဘူး။
His theory might be wrong.
But sure he is not islamic. That youtube is propaganda. Be careful.
Here is some research links.. Check out.
http://www.leaderu.com/offices/schaefer/…
http://www.skepticfiles.org/atheist/eind…
ဟော့ကင်းကို တုဖက်ဝေဖန်ပြနိုင်စွမ်းတဲ့ လူတွေသတ်မှတ်ထားတဲ့ အသိဥာဏ်အဆင့်အတန်းတော့ မရှိဘူးဆိုတာ အရင်ဝန်ခံပါရစေ..ဒါပေမယ့် ခု ကျွန်တော်ပြောမယ့်ဟာကို အကျကောက်ဝေဖန်ရေးလို့ပဲ ထားလိုက်ပါ..ဒီမှာကောက်နှုတ်ထားတဲ့သတင်းလေးထဲက သူ့အသုံးနှုန်းလေးကိုတင်ပဲ ပြန်ကိုးကားပါရစေ…“ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊ ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း ရှင်းပြနိုင်တယ်” သူ အဲ့လိုလေးပြောသွားတယ် သူ့စကားမှာကိုက (ဒီနားလေး၊ ဒီအသုံးနှုန်းလေးကိုတင် ပြောတာနော်.ဆွဲချလို အကျကောက် တယ်လို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်)ဆန့်ကျင်ဘက်ဖြစ်နေတယ်.ဂေါ့ဒ် ဆိုတာကို သူ မငြင်းရဲသလို၊ မငြင်းနိုင်ဘူး၊ အဲ့ဒါကြောင့် ဂေါ့ဒ်ဆိုတာကို မပစ်ပယ်နိုင်သေးရင် ဂေါ့ဒ်ကို ယုံကြည်တဲ့ဘာသာဝင်တွေရဲ့ ပြည့်ဝတဲ့ယုံကြည်မှုတစ်ခုဖြစ်စေတဲ့ စကြာဝဠာကို ဘုရားသခင်ဖန်ဆင်းတာပါဆိုတာ အလေးအနက်ပါနေတယ်..ဒါကိုယုံကြည်နိုင်မှ ဂေါ့ဒ်ကို ယုံကြည်သူ အစစ်ဖြစ်မယ်လေ… အဲ့ဒီ ဂေါ့ဒ်ဆိုတာ ရှိတာနဲ့တစ်ပြိုင်နက် အဲ့ဒီဖန်ဆင်းမှုကလည်း တွဲလျက်ရှိနေပါတယ်..သိပ်ပံက အားလုံးကို အရမ်းရှင်းပြနိုင်ပါတယ်.လက်တွေ့ပြနိုင်ပါတယ်.ဒါပေမယ့် သူတို့တွေ့ရှိတဲ့ မဟာပေါက်ကွဲမှုကြီးတွေကို ဖြစ်ပေါ်လာပုံတွေကို လက်တွေ့မပြနိုင်ပါဘူး.. သီအိုရီကနေလာတဲ့ သီအိုရီပါ.. အမ် သီအိုရီဆိုတာတောင်မှ အခြေခံစတည်တာ ဘာမှမရှိဘူးဆိုတဲ့ဟာတစ်ခု လိုအပ်ပါသေးတယ်.. အဲ့ဒီဘာမှမရှိတာက ဘယ်မှာရှိတာလဲ.. (စကားကတ်တွေလိုလည်းမှတ်ချင်မှတ်ပါ၊ ပြောချင်ပြောပါဗျာ) ..ဘာသာရေးဆိုတာ သိပ်ပံရဲ့အထက်မှာ ထာဝရရှိနေပါတယ်..ရူပဗေဒတစ်ခုတည်းနဲ့ ကမ္ဘာကြီး ပြီးပြည့်စုံအောင်တည်ဆောင်နိုင်စွမ်းမရှိသေးပါဘူး..
မင်းဟာ သေးသေးလေးတွေ ကိုပဲ သိနိုင်လေတဲ့မောင်မျိုးပါလားကွာ . .
နဲနဲချဲ့တွေးကြည့်လိုက်စမ်း . . ငါ့တပည့် . . ဟဲဟဲ . .
“စကြာဝဠာတွေဟာ ဘာမှ မရှိတာတွေထဲက ထွက်လာတာ။…
အခြေခံကိုက ဘာမှကို မရှိတာ ဖြစ်တဲ့အတွက် …တစုံတရာ ရှိပါတယ်လို့ ..
ပြောမယ့် ဂေါဒ့် မလိုတော့၊ ဂေါ့ဒ် ၀င်ပါစရာ မလိုတော့””””””””
ဒီစသားလေးတေံလောက်နဲ့တင်လူံလောက်ပါတယ်…
စတီဗင် ဟော့ကင်း လာ စတက်ဖ်နီ ဟော့ကင်းလာ၊ ဘယ်သူက သူ့ကို နာမ်ပါတ်တစ်ပေးလိုက်တာလဲ။ နာဆာမှာ Stephen Hawking ရဲ့ အဆင့်ကဘယ်လောက်ရှိလဲ။ ရွေးကောက်ပွဲ အာရုံမစိုက်ဘဲ လူတွေကို အာရုံပြောင်းအောင် လုပ်နေတာလား။ နိုင်ငံရေးလုပ်နေတာ ကို လိုင်းမကြောင်ခြင်ပါနဲ့ဗျာ။ ဘာဘဲပြောပြော ကျွန်တော်က Free dome news ရဲ့ အမာခံပရိသတ် အနေနဲ့ နာမည်ထိခိုက်မှာစိုးလို့ ပြောတာပါ။
Right ! ငမွေထိုး အား ထောက်ခံပါသည်။
FNG Admin တွေက အဲလိုပဲ တစ်ခါတစ်လေ ကြောင်တောင်တောင်နဲ့
လောကသဘာဝ ဆိုတာအစကထဲက သူ့သဘောသူဆောင်ပြီသာ။ ဘုရားဆိုတဲ့ပုဂ္ဂိလ်တွေကသိတော့ သူတို့အသိအတိုင်းပြောတယ်။ အခုလည်း သူကသိတော့ သူသိတာကိုပြောကြည့်တယ်။ ဒီဘက်ကလည်း အတွေ့အကြုံ၊ဗဟုသုတတွေအပေါ် အခြေခံပြီ စမ်းစစ်ကြည့်ကြရမှာဘဲ။ ဘာဖြစ်ချင်တယ်၊ဘယ်သွားချင်တယ်ဆိုတာ မိမိဘာသာ မိမိအသိဆုံးဖြစ်မယ်။ အခုအသက်ဆက်ရှင်သန်နေတဲ့သူတွေ ဘယ်သူမှ မသေဘူးသေးတာဂွကျတယ်။
ရှင်းရှင်းလေးပြောပြမယ် လက်ပတ်နာရီတစ်လုံကို တစ်စစီဖြုတ်ပြီး ခွက်တစ်ခုထဲကိုထည့်ပြီးကိုင်လှုပ်ကြည့်ပါ။သူ့အလိုလိုနာရီဟာမူလအတိုင်း
ပြန်ဖြစ်လာနိုင်မလား? သေသေချာချာစဉ်းစားကြည့်စေချင်တယ်။
ဟုတ်တယ်……ကွေးစေ့၂လုံးကိုဖြုတ်ပြီးမျက်လုံးနေရာမှာတပ်ပြီး……ကွေးစေ့ဟာမျက်စေ့ပြန်ဖြစ်လာနိုင်မလား? သေသေချာချာစဉ်းစားကြည့်စေချင်တယ်
ဒီလိုလူမျိုးတစ်ယောက်ကပြောတဲ့စကားကိုအဟုတ်လို့ထောက်ခံနေမယ်ဆိုယင် ကမ္ဘာပေါ်ကျန်ရှိနေသေးတဲ့(သူ့ထက်သာတဲ့)သိပံပညာရှင်တွေဟာ ဦးနှောက်မရှိတဲ့လူပေါတွေလို့ဆိုရပေတော့မှာပေါ့
Hi Mg Myo, It’s totally different from what you thought and said. Please take sometime to read Big Bang effect and the origin of universe if you are not clear.
အိုင်းစတိုင်း၏ သိပံ္ပပညာအားဦးဆောင်ဦး၇ွက်ပြုနိုင်သောဘာသာတ၇ားများသာ၇ှိခဲ.မယ်ဆို.လျင် အဲဒီဘာသာမှာ
ဗုဒ္ဓဘာသာ သည်သာ ဖြစ်လိမ်.မည် ဟု ဆိုခဲ.သော အဆိုပြုချက်ကို သတိပြုစ၇ာပင်
ဗုဒ္ဓဘာသာ၇ဲ. အောင်ပွဲတ၇ပ် ဟုဆိုနိုင်ပေသည်
It is totally opposite of Buddhism idea. Cause and effect is one of the core of Buddhism. Steven said the universe became from nothing. Where is the cause?
Buddhism says there is no start of life cycle. Steven said the start of universe is Big Bang.
တော်လှန်ရေးကိုတကယ်မြတ်နိုးလျှင် တော်လှန်ရေးတို့၏ အားနည်းချက်များအာုး ထောက်ပြသင့်ပေစွ