အောင်မြင်၊ ၊မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးပိတ်ထားသော်လည်း
လိုင်စင်မဲ့ကားများ၊ အထည်အလိပ်,စားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့ ညစဉ်
တရားမ၀င်ကူးသန်း ရောင်းဝယ်လျက်ရှိသည်။မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ နေ့စဉ်နည်း
လမ်းမျိုးစုံနှင့် ပို့ ဆောင်မှု ကြောင့် မြ၀တီ၊ ဘားအံတွင် တာဝန်ကျ အစိုးရအရာရှိတို့မှာ ၀င်ငွေကျပ်သိန်းရာချီဝင်နေကြကြောင်း မြ၀တီ အာဏာပိုင် တို့နီးစပ်သော ငွေလွှဲဟွန်ဒီ
လုပ်ငန်း လုပ်ကိုင်နေသောမြန်မာကုန်သည်တဦးက FNG သို့ ပြောသည်။
နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်ထားသော်လည်း စားသောက်ကုန်၊အထည်အလိပ်တွေကို
သက်ဆိုင်ရာ အာဏာပိုင် တို့ကို ငွေပေးပြီး ရန်ကုန်သို့နေ့စဉ်ပို့ဆောင်နေကြောင်း၊ ငွေပေးသော်လည်း အာဏာပိုင်အဖွဲ့ခြင်းငွေခွဲယူမှု မပြေလည်လျင် ကုန်ပစ္စည်းရော၊ကားပါအသိမ်းခံရမှုများရှိကြောင်း
လည်း ပြောပြပါသည်။ ၁၀ရက်နေ့က မြ၀တီမြို့နေ မောင်စိုး နှင့်မောင်ရှစ်တို့ ဟာ ယာဉ်အမှတ်
၈(င)၂၀၀၉၊၈(င)၃၀၃၂ ကား(၂)စီး ပေါ်မှာ ကားအင်ဂျင် အလုံး (၃၀) တင်ပြီး အဖွဲ့စုံကိုငွေပေးပြီး ရန်ကုန်ကိုဆင်းသွားတာ ဘားအံ အရောက်မှာဖမ်းခံရကြောင်း၊ ထိုသို့အဖမ်းခံရခြင်းကြောင့် ဘားအံ ခရက မှ ဗိုလ်မှုးဇော်မင်းကို သိန်း၁၅၀၊ ခရက အတွင်းရေးမှုး ဦးအောင်ချိုဦးကို သိန်း ၅၀၊ နယ်စပ်ကုန်သွယ်ရေး ညွှန်မှုးဗိုလ်မှုးကြီးဝင်းမြင့် ကိုသိန်း၂၀ ပေးပြီးမှ ပစ္စည်းများပြန်ရကြောင်း ပြောပြပါသည်။
ယ္ခင်ကမြ၀တီ- ဘားအံလမ်းကြောင်းတွင် DKBA ကုန်တင်ကားများကို ကုန်ပစ္စည်းအပ်လိုက်ပါက လမ်းခရီးချောမွေ့မှုပိုကောင်းကြောင်း ပြောပြပါသည်။
မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနမှ တာချီလိတ်နယ်စပ်၊ကော့သောင်းနယ်စပ်မှ ကုန်သွယ်ရေးဂိတ်များ
ဖွင့်ထားပြီး ထိုလမ်းကြောင်းမှသာ ကုန်သွယ်မှုပြုကြရန် ကုန်သည်များကို တရားဝင်ညွှန့်ကြား ထားသော်လည်း ကုန်သွယ်လမ်းခရီးအဆမတန်၇ှည်လျားမှုကြောင့် ကုန်ကျစရိတ်များ ၂ဆကျော်ခန့် ပိုမိုသောကြောင့် ကုန်သည်အများစုမှာ စိတ်ဝင်စားမှုမရှိလှကြောင်း သိရသည်။
မြ၀တီနယ်စပ်ကုန်သွယ်ရေးပိတ်ထားမှုကြောင့် စစ်တပ်၊ရဲ၊မရက၊ခရက၊နယ်စပ်ကုန် သွယ်မှုနှင့်သက်ဆိုင်သောဌာနများမှာ ကျပ်ငွေသိန်းရာချီပြီးဝင်ငွေရရှိနေကြကြောင်း ဒေသခံများကပြောပြပါသည်။ တရားမ၀င်လိုင်စင်မဲ့ ကားများ သယ်ဆောင်မှုတွင် စစ်ဗိုလ်ချုပ်များရဲ့ သားသမီးများ၊ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သောစီးပွားရေးသမားကြီးများသာ လုပ်ဆောင်နိုင်ကြောင်းသိရသည်။
မဲဆောက-်မြ၀တီ နယ်စပ်တံတားမပိတ်ခင်က နယ်ခြားဂိတ်အားလုံး ဂိတ် ( ၂၀ ) ကျော်ရှိပြီး၊
ယ္ခုအခါ DKBA လက်မှ မြန်မာစစ်တပ် နှင့် ရဲ ကလွှဲပြောင်းယူခဲ့ပြီး အချို့ဂိတ်များကို တရားမ၀င်
ဖွင့်လှစ်လျက်ရှိသည်။ ယ္ခင်က မြ၀တီမှ မဲဆောက်မြို့သို့ သွားလျင် ဂိတ်ကြေး ကျပ်၁၀၀၀၊ လှေခ
ကျပ်၅၀၀ ကုန်ကျခဲ့ပြီး ယ္ခုအခါ ဂိတ်ကြေး အထွက် ၃၀၀၀ကျပ်၊အ၀င် ၁၀၀၀ကျပ်၊ လှေခအသွားအပြန် ၂၀၀၀ကျပ်၊အဆမတန် ကုန်ကျမှုများ၂လအတွင်း မြင့်တက်လာကြောင်း မြ၀တီ-မဲဆောက်နေ့စဉ်ကုန်သွယ်ရေးအတွက်လာရောက်နေသူများကပြောပြပါသည်။
