မိုင်းရှင်းရင်း မြ၀တီအခြေစိုက် စစ်တပ် ပေါက်ကွဲမှုဖြစ်ပွား

အောင်မြင်၊     ၊ယနေ့မြန်မာစံတော်ချိန် ညနေ ၂နာရီ၅၅ မိနစ်တွင် မြ၀တီမြို့ စီးပွားရေးစက်မှုဇုံပါတ်လမ်းအနီး
အခြေစိုက်ထားသော ခမရ ( ၂၇၅ )တပ်ရင်းဘေးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မိုင်းရှင်းလင်းရေးအဖွဲ့ မှ တပ်ရင်းလှုံခြုံရေးအတွက် စခန်းဝန်းကျင်ကိုရှင်းလင်းစဉ်အဆိုပါ မိုင်း (၁)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြ၀တီ- သင်္ကံန်းညီနောင်ပြေးဆွဲနေသော ဆိုင်ကယ်တက္ကစီသမားတဦးက Freedom News Group သို့ ပြောပြပါသည်။ ထိုပေါက်ကွဲမှုကြောင့် မြ၀တီ-သင်္ကံန်းညီနောင်ပြေးဆွဲနေသော လိုင်းကားများ၊ ဆိုင်ကယ်တက္ကစီများကို ယာယီပိတ်လိုက်ကြောင်းသိရသည်။ အဆိုပါပေါက်ကွဲမှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒါဏ်ရာရသူမရှိသေးကြောင်း မြ၀တီဆေးရုံမှ တာဝန်ရှိသူတဦးကပြောပြသည်။ ထိုပေါက်ကွဲမှုသည်မည်သည့်အဖွဲ့အစည်းကြောင့်ဖြစ်သည်ကို ပြောဆိုခြင်းမရှိပေ။

နအဖတပ်များသည် DKBA ကရင်ခွဲထွက်တပ်များကို နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလည်းပြီး နောက်ပိုင်းတွင် မိမိတို့ အခြေစိုက်တပ်ရင်းစခန်း၊ကင်းစခန်းများကို နေ့စဉ် လှုံခြုံေ၇းကင်းတင်းတင်းကျပ်ကျပ် ချထားခြင်း၊ စခန်းဝန်းကျင်တွင် နေ့စဉ်မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် ရှင်းလင်းခြင်းကိုလုပ်ဆောင်လျက်ရှိသည်။ နယ်ခြားစောင့် ဖြစ်သွားသော DKBA အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးယူထားသော အပစ်ရပ်အဖွဲ့များ၏ စီးပွားရေးလုပ်ငန်းများထိန်းချုပ်လိုက်ခြင်းအပေါ် မကျေနပ်မှုများကြောင့် လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် လှုံခြုံရေးကိုအထူးတင်းကျပ်ထားကြောင်း စစ်တပ်မှ ဒုတပ်ကြပ်တဦးက FNG သို့ပြောပြပါသည်။

ထိုကဲ့သို့ပေါက်ကွဲမှုများဖြစ်ပေါ်လာခြင်းမှာ နယ်စပ်ဂိတ်ဖွင့်ရေးနှောင့်နှေးနိုင်ကြောင်း မြ၀တီကုန်သည်အသိုင်းအ၀ိုင်းမှပြောဆိုနေကြသည်။ နယ်စပ်ဂိတ်မဖွင့်နိုင့်ရန် အချိန်ဆွဲ
ထားနိုင်ရန်အတွက်လည်း ဖြစ်နိုင်ကြောင်းပြောဆိုနေကြသည်။ ပဲခူးမြို့တွင် စစ်တပ်မှ ရမ်းကားစွာ လူငယ် ၂ဦး ပစ်သတ်ခံရပြီး နောက် ရန်ကုန်နှင့် သထုံတွင် ချိန်ကိုက်မိုင်းများ တွေ့ရှိရကြောင်းအချိန်ကိုက်ပြီး လူထုအကြား ထင်ရောင်ထင်မှားဝါဒဖြန့်ချီရေးလုပ်ဆောင်လာမှု၏ နောက်ဆက်တွဲပြသနာများထဲမှတခုဟု
လည်းယူဆနေကြသည်။