ပြည်သူတို့ က ၎င်းတို့ ဘ၀ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပဲခူးမြို့ ပေါက်ကွဲလု နီးနီးဖြစ်နေ

ယနေ့ နေ့ လည်တွင် လှုံဆော်စာများ ဝေငှသွားသည့် နေရာ

စက်တင်ဘာလ ၄ ရက်နေ့ ညက
စစ်တပ် အရာရှိ မှ အမိန့် ပေးသဖြင့်
စစ်သား များ ကပစ်သတ်၍ သေဆုံးပြီး
နောက် ပဲခူးမြို့ တွင် လုံခြုံရေး တင်းကျပ်
ထားသော် လည်း နိုင်ငံရေး နှင့်
လူထု အုံကြွမှု ဖြစ်ပေါ် ရေး အတွက်
လှုံဆော်စာ များ နေ့ စဉ် ဝေငှမှု ရှိသည် ဟု သတင်းရရှိသည်။

ယနေ့ နေ့ လည် ၁၂ နာရီခန့် က ပဲခူးမြို့ နာရီ စင် အနီး တွင် ကပ်ထားသည့် လှုံ
ဆော်စာများကို ပြည်သူ အများအပြား က လာရောက် ကြည့်ရှု ရာ မှ  ရဲတပ်ဖွဲ့ က
စစ်တပ် ကို အကြောင်းကြား၍ ခွာယူရသည်။

စစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီး နောက်ပိုင်း တွင် ပဲခူးဒေသခံ တို့ မှာ ၎င်းတို့ အိမ်များတွင် တူမီး၊
ဒူလေး ၊မျှား၊လှံ ၊မှိန်း၊ ငှက်ကြီးတောင် စသည့် ရရာ လက် နက်များ ကို စုဆောင်းလာကြသည်။

ပဲခူးမြို့ ရွေှ့မော်ဓော ဘုရား အနီးတွင် နေသည့် မီးရထား ၀န်ထမ်းဟောင်း တစ်ဦးက မူ အဘ တို့ 
အိမ်မှာ ရှိ တဲ့ ဒူးလေး ကို ထုတ်မသုံးတာ ကြာပြီ အမဲ လဲ မပစ်တော့ ဘူးဆိုတော့ အခု တော့ဆောင်
ထားရပြီ နောက်တစ်ခါ ဒီလို  ကိစ္စမျိုးဖြစ်ရင် တော့ သူသေ ကိုယ်သေ ပဲ ဟု နာကျဉ်းစွာဖြင့်
Freedom News Group သို့ ပြောသည်။

စက်တင်ဘာ ၄ ရက် အိပ်မက်ဆိုး ကြောင့် ပဲခူးမြို့ ခံ တို့ မှာ မိမိတို့ ဘ၀ လုံခြုံမှု မရှိ ဟု ခံစား
နေရသဖြင့် အထက်တန်းပြ ဆရာမ သည် ပင်လျှင် အိပ်ထဲဉ် ဓားမြှောင် ဆောင်ထားသည် ဟု
သိရသည်။

ပဲခူးမြို့ ခံ တို့ အား စစ်တပ်မှ ဆော်ကားပြီး နောက်တွင် ရှေးဟောင်း ကိုယ်လုံ ပညာ ဂိုဏ်းများ
ဖြစ်သည့် ဥဿာရာမ နှင့် ရွှေဟင်္သာ ဂိုဏ်းများ မှာ ပြည်သူကို ကာကွယ်စောင့် ရှောက်ရန် အတွက်
ပြန်လည် ဖွဲ့ စည်း လိုက်သည် ဟု သိရသည်။

နိုဝင်ဘာ လ ၇ ရက်နေ့ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပဲခူး ဒေသခံ အများစု မှာ မဲပေး
ကြမည် မဟုတ် သည့် ပြင် ၎င်းတို့ ၏ ဆန္ဒ ကို လည်း ထုတ်ဖော်မည် ဟု သိရသည်။

10 thoughts on “ပြည်သူတို့ က ၎င်းတို့ ဘ၀ မလုံခြုံတော့ ဘူးဟု ခံစားနေရ၍ ပဲခူးမြို့ ပေါက်ကွဲလု နီးနီးဖြစ်နေ

  1.ှုဥသာရာမဂိုဏ်းကိုဘယ်လိုဆက်သွယ်ရမလဲ?

  2. ဒို့နိုင်ငံ ဘာကြောင့် ဒီလိုဖြစ်နေရတယ်ဆိုတာ ပြည်သူတွေ သိသင့်တလောက်သိနေကြပြီး၊ ဒါကြောင့် ဒီလက်အောက်ကနေ လွတ်မြောက်ဖို့အတွက် အားလုံး တက်ညီလက်ညီ ဝိုင်းတိုက်ကြပါစို့၊ ကိုယ့်ဘက်က လက်နက်မပါလည်း စည်းလုံးမှုရှိမယ်ဆိုရင် အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။

  3. Hopping on K-200000000 of NDF, LAN PYA KYAL-Aye MYint damaged the babby of Bago’ upraising on two unjustic military’s voilent-killing on two youths.

  4. သေသေချာချာပြောလေဗျာmghmanအနားယူရင်ဘာဖြစ်လဲ?

  5. ဒါကလက်နက်ရှိတယ်ဆိုပြီးရမ်ကားတာပါ
    ဒီကောင်တွေစစ်တပ်ကနေားယူပြီးရင်

  6. မင်းတို့ ကလည်း စာမကပ်ခင်ကတည်းက သတင်းက အရင်တက်နေတယ်

  7. ဘရ်ကိစ္စကိုအစပြုပြီးဘာနဲ့ အဆူံးသက်မလဲဆိုတာကိုကြည့်သင့် သလောက်တော့ကြည့် ပါမရ်။အရာရာကိုအတိုင်းအတာထားပြိး
    တော့ေါပ့ ။အချိန်တန်ရင်နင်္ွားပန်ကန်ပါလိမ့်မင်္ရ။မကန်တော့ လဲကန်အောင်လုက်ရမှာပေါ့ ။(သွေးစွန်းထားတဲ့ ဒို့ အဘေးရဲ့ ဓား
    ခေါ်င်းရင်းနံရံမှာရှိပြီးသား)ဓားသွေးထားပါတရ်။ ။

  8. မှန်ပါတယ် ရရာလက်ကို ဆောင်ထားသင့် ပါတယ်…သူတို့ က ဓါးပြ မဟုတ်တော့ ဘူး သေနတ်ပြ အကြမ်းဖက်သမားတွေဖြစ်နေပြီ..ပြည်သူတွေ ရဲ့ အသက်ကို ရန်ရှာနေပြီ….ရရာလက်နက် ဆောင်ထားတာ အကောင်းဆုံးပဲ…

  9. စားဖို့သောက်ဖို့ စိုးရိမ်နေတဲ့ကြားက အခုတော့ အသက်ပါစိုးရိမ်နေရတဲ့ အခြေအနေမျိုးရောက်နေပြီပေါ့နော်…
    ကျွန်တော် ပဲခူးမြို့သူမြို့သားတွေကို အားပေးချင်တာကတော့ ပဲခူ့းရဲ့အခုခံစားချက်တွေဟာ အားလုံးရဲ့ခံစားချက်တွေပါလို့…

  10. မြန်မာပြည်သူတွေ သနားဖို့ ကောင်းလိုက်တာ.. လူ့အသက်အန္တရာယ်ကို ထိပါးလာတော့မှ မလုံခြုံဘူးလို့ သိတော့သတဲ့လား။ စီးပွားရေး ချွတ်ခြုံကျမှု၊ ပညာရေးစနစ် နိမ့်ကျမှု၊ ကျန်းမာရေးစနစ် ညံ့ဖျင်းမှု၊ အရာရာ ခေတ်နောက်ပြန်ဆွဲမှုနဲ့ စောဒကတက်ခွင့် တောင်းဆိုခွင့်မရှိဘဲ တဘက်သတ်အုပ်ချုပ်ခံရမှုတွေဟာ ပြည်သူတွေရဲ့ မလုံခြုံမှုတွေပဲဆိုတာ သူတို့ မသိခဲ့ကြဘူးလား.. ?
    စစ်တပ်ထဲမှာရော… ? (Obedient) အမိန့်နာခံမှု ဆိုတဲ့ စကားတစ်ခွန်းကို လိုသလိုဆွဲပြီး လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေအားလုံး ရစရာမရှိအောင် နင်းခြေခံလိုက်ရတဲ့ အဖွဲ့အစည်းပါ။ လူ့အခွင့်အရေးကို အပြောင်မြောက်ဆုံး ချိုးဖောက်ခံနေရတဲ့ အဖွဲ့အစည်း….. နှစ်ပေါင်းများစွာလည်း ကြာခဲ့ပါပြီ။ ပါမောက္ခကြီး ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ “သမိုင်း တပတ်လည်ချိန်” ဆိုတာကိုပဲ စောင့်ရတော့မှာလား..

Comments are closed.