အဘိုး ဖြစ်သူ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် အတူ တရုတ် ပြည်သို့  ငါးရက် ကြာအလည်အပတ်
သွားရောက်ခဲ့သည့် နေရွှေသွေးအောင် သည် သက်တမ်း ၈၅ နှစ် ရှိပြီ ဖြစ်သည့် တရုတ် ပြည်သူ့ 
လွတ်မြောက်ရေးတပ်မတော်၏ စစ်တက္ကသိုလ် တွင် ပညာသင်ယူ နိုင်ရန် အတွက် စာရင်းသွင်း
ထားပြီး ဖြစ်သည် ဟု သိရသည်။
စစ်တက္ကသိုလ် များ အနေဖြင့် အရည်အချင်း ပြည့်မှီ မှု ရှိမှ အချိန်ပြည့် သင်ကြားခွင့်ရရှိရန်
လက်ခံသော်လည်းနေရွှေသွေးအောင် ကိုမူ တရုတ်ပြည်၏ အဆွေတော် နိုင်ငံမှ ခေါင်းဆောင် တစ်ဦး
၏ သားသမီး အဖြစ် ချွင်းချက် ဖြင့် လက်ခံ နိုင်သည် ဟု ရုရှား နိုင်ငံ မော်စကို မြို့ တွင်ပညာ သင်ကြားနေ
သည့် စစ်တပ် အရာရှိတစ်ဦး က Freedom News Group သို့ ပြောသည်။
ထိုအရာရှိ က ဘယ်လို ပြောရမလဲ Honorable Doctrine ပေါ့ ဒီရုရှား မှာ လည်းရှိတယ်။ ရုရှား စစ်တက္ကသို လ်
ကနေ အရှေ့ ဥရောပ နဲ့  တခြား နိုင်ငံက ဒိုင်နက်စတီ သားသမီး တွေ ကို ခေါ်ပြီး တစ်နှစ် လောက် ပညာ
သင်ပေး သူတို့ ရဲ့ တိုက်ချင်းပစ် လက်နက် ထားတဲ့ နေရာ (ရှေ့တန်း) တွေ နဲနဲ ပါးပါး လိုက်ပြပြီး ရင် ဂုဏ်
ထူးဆောင် ဘွဲ့ ပေးလိုက်တာ တို့  ဘာတို့ ရှိတယ်။ သူက ဘယ် လို ဘာသာရပ် ကို ယူမလဲ တော့ မသိဘူး။
ဒါမျိုးက ပညာတော် သင် ဆုပေး သလိုမျိုး ပဲ ဟု ပြောသည်။
နေရွှေသွေးအောင် သည် ပြီးခဲ့သည့် လက သူ၏ ရဟတ်ယာဉ် မိတ်ဆက် ပွဲ တွင် သူငယ်ချင်း များ အား
နိုင်ငံ အုပ်ချုပ် ရေး ကို စိတ်မ၀င်းစား ဟု အတိအလင်းပြောကြားခဲ့သည်။
ယခု ဆေးတက္ကသိုလ် တက်နေ သည့် နေရွှေသွေးအောင် သည် အမေရိကန် စစ်ဘက်သုံး အပါချီ နှင့် ဘလက်ဟော့ ရဟတ်ယာဉ် များ ကို မောင်းနှင် လိုစိတ် ရှိ သည် ဟု ဆိုသည်။ ၎င်းသည် ထိုင်းတပ်မတော်
သုံး အမေရိကန် ရဟတ်ယာဉ် များ ရရှိ ရန် နည်းလမ်းများ စွာ ဖြင့် ကြံဆနေ သည် ဟု ၎င်း ၏ သူငယ်ချင်း
တစ်ဦးက FNG သို့ ပြောသည်။

မင်းတို့ဘဲ ကောင်းပါတယ်ကွာ … လုပ်ကြပေါ့ကွာ …
်တရုတ် စစ်တက္ကသိုလ်တွင် တက်ရောက်ရန် ဖိုးလပြည့် စာရင်းဖြည့်သွင်းခဲ့/
ဟဲဟဲ
တလောက မြိုတော်ဝန်ဂျီးကကြိမ်းသွားတာလေ?
ဘယ်သူသြဇာမှ(မခံ)ဘူး တဲ.၊
ဟဲဟဲ
ဖိုးလပြည့် က အခုတရုတ် စစ်တက္ကသိုလ်သွားပြီး(ဘာ?)ခံမှာလဲ?ဟဲဟဲ
FreedomGroup ကကျေးဖူးပြုပြီးမေးပေးပါ
sakarwar
ဦးတင်ဦးက မော်လမြိုင်မှာ ဖိုးလမိုက် အဲ ဖိုးလပြည့် က ဘယ်မှာ ရဟတ်ယာဉ်ပျက်ကျမှာလဲ?
မကြာမှီ လာမည့် မှော်………………………………
These men like dogs.
He is attending B Tech (IT)1st year,not MC.
Just for information.No comment on your news
but fact should be correct for reputation
of FNG.
အော်ပြည်သူတွေကတော့ဒီနေ့ နဲ့နက်ဖြန်ဆိုတာရှေ့ရောက်ဘာမှမျော်လင့် ချက်မရှိတဲ့ ဘ၀ဆိုတာသေချာနေပြီ။သူတို့ကတော့
ရဟက်ယာဉ်တောင်ဝယ်နေလိုက်သေးတ၇်။သူမြေးကလဲတော်တော်လေးအကောင်းမကြိုက်ရှာပါဘူး။သူများနိင်ငံတောင်သွားပြိး
တော့ရဟက်ယာသ်မောင်းတာသင်ဦးမရ်ဒါလောက်နဲ့ောတင်မပြိးသေးဘူး(ယ)ကယာဉ်တွေက်ုတောင်မျက်စောင်းကထိုးထားသေး
တရ်တော်တော်လေးလဲတရားကျတဲ့ ကောင်တွေresulfကောင်းပါစေသာဆူတောင်းထားမင်းတို့တွေကြောင့် ဘင်္ရသူမှဒုက္ခထပ်ပြိးမ
ရောက်စေနဲ့ တော့ပေါ့ ကွာ။အိမ်နံရံကဓားကလဲမသုံးတာငါ့အဘေးလက်ထပ်ကတည်းကသူလဲသွေးစားချင်နေပြီ။ငါခြေထောက်လဲ
သွေးနဲ့ ဆေးမှပြောင်တာခြေထောင်မဆေးတာကြာပြိ။ကောင်းကောင်းသာနေကျ။ဘုရားတရားလဲမမေ့နဲ့ ။လိုရာဆုတောင်း။အဲ
နိဗဗ`ာမတ်ဖိုရက်တိုတိုတော့ထည့် ဆိုမတောင်းနဲ့ အဲ့ ဒါကသေသေချာချာရဦးအဲ့ ဒီဆိုကမင်းတို့ အတွကျတော့(အ၀ီစိငရဲဖိုရက်တို
တိုပေါ့) …………………..သတိထား။ ။
ဟေ့ killer မင်းလည်း ငါ့ လားကို လာစီးစမ်း..မစီးရင် ပါးရိုက်ပစ်မယ် စောင့်ကန်ပစ်မယ်
Boeing AH-64 Apache ?
Well, u guys getting get Hellfire missile from Apache pretty soon!!!
Phoe La Pyae is now attending BTech 1st year, majoring in IT at Yangon Technology University, Hlaing Thar Yar Cambus.
ဟေ. black hawk မ စီး နဲ. , ငါ. လား လာ စီး ကွ
ဒီလို သတင်းမျိုးတွေကြားတိုင်း ရင်ထဲမှာ မကောင်းဖြစ်မိတယ် ။ မြန်မာနိုင်ငံမှာ ငတ်ပြတ်နေတဲ့သူတွေ ငတ်ပြတ်နေတဲ့ အချိန်မှာ သူတို့က ရဟတ်ယာဉ် ဝယ်မလို့ ကြိုးစားနေလေရဲ့ ။ နိုင်ငံတော် အကြီးအကဲက ကိုယ်ရဲ့မြေးကို ဒီလိုပဲ ဆုံးမသွန်သင်ပါသလား ။ ကိုယ့်နိုင်ငံသားတွေ အပေါ် ညှာတာမှုကင်းမဲ့ လိုက်ကြတာ ။ ကိုယ့်ကိုယ်ကို မရှက်တော့ဘူး ထင်တယ် ။ အေးလေ မျက်နှာပြောင်ကြီးနဲ့ ဆိုတော့လဲ ဘယ်ပြောသာမလဲပေါ့ ။