NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ

တင်ကျော်ကျော်စိုး၊       ၊ယခင် က ဘေးကျပ်နံကျပ် အခြေအနေ ဖြင့် မြေပေါ်တရားဝင် ပါတီ
အဖြစ်ရပ်တည်ကာ စစ်အစိုးရ ပြုတ်ကျရေး မြေအောက် အဖွဲ့ အစည်း အချို့ နှင့်တရားဝင် ပူးပေါင်းပြီး
မလုပ် နိုင်ခဲ့သောအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် စစ်အစိုးရ ၏ ယမန်နေ့ က တရားဝင် ပါတီ
အဖြစ်မှ ဖျက်သိမ်းသည် ဟူ သည့် ကြေညာချက် ကြောင့် အစိုးရ ဆန့် ကျင်ရေး လုပ်ငန်း များ ကို
မြေအောက် အဖွဲ့ အစည်း တစ်ရပ် အနေဖြင့် ပေါ်ပေါ် ထင်ထင် လုပ်ခွင့် ရသွားပြီ ဖြစ်သည်။

တရားဝင် ပါတီ အဖြစ် ရပ်တည်နိုင်ခြင်း မရှိတော့ သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည်
အမှန် တကယ် ဒီမိုကရေစီ လိုလားလျှင် ယနေ့ မှစ၍ ပြည့်သူ့ အကျိုးကို ဖြည့်ဆည်းရန် အချိန်
ကောင်း၊အခါကောင်း
ကျရောက်ပြီ ဖြစ်သည် ဟု ပဲခူး ခရိုင် ကျောင်းသားများ သမဂ္ဂ မှ တာဝန်
ရှိ သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန်မြို့ မှ အထက်တန်းပြ ဆရာမ တစ်ဦးက လည်း NLD ကိုတရားမ၀င် ဘူး ကြေငြာ ရအောင်
စစ်အစိုးရ ကိုယ်တိုင် က တရားမ၀င် ဘူး ..ဒီတော့ NLD တရားဝင်သေးတယ် ဟု သူ့ အမြင်
ကို ပြောသည်။

မန္တလေးမြို့ မှ နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် စာရေးဆရာ တစ်ဦး ဖြစ်သူ က မူ ၂၂ နှစ်လုံး
လုံး ဒီ/ချုပ်က လိမ်ဖယ် လိမ်ဖယ် နဲ့  ရှေ့ တိုး မလို နောက်ဆုတ် မလို နေလာတာ အခု မြေအောက်
ပါတီ ဆိုပြီး ခပ်ရှင်းရှင်း ဆော် လို့ ရပြီ အင်အား အကြီးဆုံး အတိုက် အခံ ပါတီ ကြီး ဒီတိုင်းပျောက်
သွားမှာ နဲ့ နဲ့ အတူတူ မြေအောက်ဆင်းပြီး ဆော်ရင် ပြည်သူတွေ အုံ နဲ့ ကျင်း နဲ့ ပါလာနိုင်တယ်
ဟု သုံးသပ်သည်။

နိုဝင်ဘာ လ ၇ ရက်နေ့ ဉ်  ရွေးကောက်ပွဲ ကျင်းပမည် ဟု ကြေငြာ ထားသည့် မြန်မာ စစ်အစိုးရ
သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ယမန် နေ့ က ဖျက်သိမ်းလိုက်ပြီ ဟု ကြေငြာခဲ့သည်။

ရက်စက်ကြမ်းတမ်း လှသည့် စစ်အစိုးရ လက်အောက် တွင် ခံနိုင်ရည် အပြည့်အ၀ ရှိသည့်
မြန်မာ ပြည်သူများ ကမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနေဖြင့် ပြည်သူများ အား ဒီမိုကရေစီ
ဆောင် ကျဉ်း ပေးလိမ့် မည် ဟု ယူဆဆဲ ရှိသည်။

ယခင် တရားဝင် ပါတီ အဖြစ် မလှုပ်သာ ၊ မလူးသား အခြေအနေ မှ ယခုဖျက်သိမ်းခံလိုက်ရပြီ
ဖြစ်သဖြင့် မဲ မပေးရေး နှင့် စစ်အစိုးရ ဆန့် ကျင်ရေး လှုပ်ရှားမှု များ ကို ပိုမို မြန်ဆန်သွက်လက်
စွာ လှုပ်ရှား နိုင်သည့် အခြေအနေ သို့ ရောက်ရှိပြီ ဖြစ်သည်။

စစ်အစိုးရက  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ တရားဝင် ရပ်တည်မှု ကို နိဂုံးချုပ်စေခဲ့သော်
လည်း ခေါင်းဆောင် များ အား ဖမ်းဆီးသည့် သတင်း ကို မကြားသိရသေး ဟု ပါတီ အဖွဲ့ ဝင်
တစ်ဦးက ပြောသည်။

13 thoughts on “NLD မြေအောက်လုပ်ငန်း များ လုပ်လျှင် အရေးတော်ပုံ အောင်မြင်မည် ဟု ပြည်သူတို့ ယူဆ

  1. အလကားလျှောက်ကျပ်မနေနဲ့ ။ပြီးရင်ဒီသံသရာပဲဆုံးမှာမဟုတ်ဘူး

  2. I want to bet $20 dollars if Burma achieves democracy within 2 years.
    In other words, Burma by no means will achieve democracy within 2 years under such circumstances !

  3. ကျွန်တော်တို့ ဟာ ကျွန်တော်တို့ နိုင်ငံရေးကို ပြောကြရင် NLD ကို အတော့်ကို အားကိုးကြပါတယ်။ ပြန်စမ်းစစ်ကြည့်ကြပါ။ နအဖ နဲ့ NLD ဟာ သူတင် ကိုယ်တင် အပြိုင်တက်လာတာပါ။ နအဖ က အာဏာနဲ့ လက်နက် ရှိတယ်။ NLD ဘက်က ပြည်သူ ရှိတယ်။ နအဖ သာတဲ့ အချက်က သူဘာလုပ်မယ်လို့ တိကျတဲ့ PLAN ရှိတယ်။ အကြီးဆင်းရင် အငယ်တက်မယ့် ဆင့်ကဲ လက်ဆင့်ကမ်း တဲ့ မူဝါဒ နဲ့ လူ ရှိတယ်။ အဓိက က အဲဒီ့အချက် ကွာသွားတယ်ထင်ပါတယ်။ NLD မှာ အကြီးတွေကို ကိုင်ထားလိုက်တဲ့ အခါ အောက်က အငယ်တွေ အနေနဲ့ ဘာမှ ပါတီအတွက် ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး။ ပါတီ အနေနဲ့ကလည်း တိကျတဲ့ မူဝါဒ ရှိချင်ရှိမယ်။ ဒါပေမယ့် ဒီမူဝါဒတွေကို အကောင်အထည်ဖော်တဲ့ အခါမှာတော့ ပျော့ကွက်တွေ သိပ်များတယ်။ ဘာကိုမှ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ပြီးတော့ အမေ စု မလုပ်နိုင်တဲ့ အခါမှာ ပါတီဟာ ဘာမှ မလုပ်နိုင်သလိုပဲ။ အဲဒီ့ ပါတီမှာ အမေ စု ပဲ ရှိတာလား? အမေ စု နာမည်နဲ့ပဲ အဲဒီ့ပါတီ ဟာ ရပ်တည်နေတာလား? တိကျပြတ်သားတဲ့ ခိုင်မာတဲ့ နိုင်ငံရေးမူဝါဒ ပါတီရဲ့  မူဝါဒ တွေ အနေနဲ့ ပါတီကို ရပ်တည်နေတာလား? ကျွန်တော်တို့ ပြည်သူတွေ ဒီ ပါတီကို နည်းနည်းတော့ ပြန်ဆန်းဆစ်ဖို့ လိုပါပြီ။ ကျွန်တော်တို့ ပြည်သူတွေ သွေးမြေကျတာ များပါပြီ။ အခုမှ မဟုတ်ဘူး ဟိုး လွန်ခဲ့တဲ့ 1960 မတိုင်မီ ကတည်းကပါပဲ။ စစ် အစိုးရ ဟာ တခေတ်ပြီး တခေတ် လူတွေသာ ပြောင်းခဲ့တာ မူ ကတော့ မပြောင်းခဲ့ပါဘူး။ နိုင်ငံတော်ကို အခုထိ ခေါင်းဆောင်နိုင်မယ့်သူ မပေါ်သေးဘူး။ ပြည်သူတွေကလည်း အသိဥာဏ် ဘယ်လောက်နည်းသလဲဆိုရင် နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်းဘူး နေ့စဉ် ထမင်း နပ်မှန်နေရင် ပြီးတာပဲ ဆိုပြီး နေသာသလို နေ ကြသာ။ ဒါကြောင့်လည်း ဒီစနစ် သက်ဆိုးရှည်နေတာပါ။ ဘာပဲဖြစ်ဖြစ် Revolution ဆိုပြီဟေ့ ဆိုရင်တော့ တဘက်ဘက်မှာ အထိနာတာပါပဲ။ အခု ပြည်သူက နည်းနည်းနဲ့ လုံးပါးပါးနေကျတာကို မသိဘူး။ သူတို့ကတော့ ပေါ်ပေါ်တင်တင်ပဲ ပဲခူးကိစ္စ ဟာ သိပ်ကို ပြတ်သားပါတယ်။ တမင်ကို အချိန်ကိုက် ဖန်တီးလိုက်သလိုပါပဲ။ ပြည်သူတွေ ဘာလုပ်သင့်သလဲ ပဲခူးကိစ္စလို ဟာမျိုး ကိုယ့်မိသားစုထဲ ဖြစ်ခဲ့ရင် ဘာလုပ်မလဲ ဘာလုပ်နိုင်လဲ။ ကျွန်တော်သာဆိုရင်တော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေရမှာပါပဲဗျာ…….NLD ကိုလည်း အားကိုးလို့ မရသလို ဘယ်သူ့ကိုမှလဲ အားကိုးလို့ မရပါဘူး……….ဒါဟာ အခုမှ မဟုတ်ပါဘူး ဟိုးတုန်းကတည်းကပါပဲ…..အချုပ်တန်း ဆရာဖေ ရေးတဲ့ ကဗျာလေး သတိရမိပါတယ်……ဘာတဲ့

    မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ မှီငြမ်းထောက် အသစ်မှီတယ် ညစ်ပလီလူမျိုး မိပြစ်လို့ဖရှောင်သွေသည် ဂွကောင်တွေ ခွေးဖြစ်တော့ ဗျိုး..
    မြန်မာချင်းတော့ ကြွားကြချင်တယ် ဒမြသွင်သူခိုး ကုလားမြင် သူ့အမေလိုးတော့မလို ခု မြေလျှိုးပုန်းရှောင် ပြောရော့ဟဲ့ ရာဇ၀င်ပြောင်အောင် စာဇင်တောင် ဦးချအုံးပ အမြှီးရှို့  ပြေးကြို့ ခါခါ ခွေးသို့ပမာ တွေးမိတိုင်း အသည်းနာတယ်ဗျာ အမျိုးကိုပါ ဆဲချင်တော့လေး။၏

    တကယ် ရင်ထဲ အသည်းထဲက ခံစားရလွန်းလို့ေ၇းတာပါ။ တိုက်ပွဲမှာ နောင်တော်တွေက အသက်သေသွားကြတယ်။ အခု မျက်မှောက် ညီတော်တွေက ဘ၀ သေနေကြတယ်……….

  4. ဒီသတင်း က တကယ်ဆို သူခိုး သေဖော်ညှို တဲ့ သတင်း တစ်ပုဒ်ပေ ပဲ့  ။ ဒါပေမယ့် ဒီသတင်း ကို ရေးတဲ့ သူရဲ့  Psychological Warfare tactics ကျွမ်းကျင် ပုံတော့ အသိအမှတ် ပြုရမယ်။ ဘာဖြစ် လို့ လဲ ဆိုတော့ စစ်အစိုးရမှာ ငါလုပ်မိတာ မှားသလား ဆိုပြီး ဒွိဟ ဖြစ်သွား နိုင်တယ်။

    1. ဆိုင်းစု သား .. နောက်နေတာလား. ? . ဒီသတင်းလေးလောက်နဲ့ စစ်အစိုးရ ဒွိဟ ဖြစ်မယ်ဆိုတာ.. တခြားနည်းနဲ့ နောက်ပါ အဘရယ်။ အဘတို့က အစ အနောက် သိပ်သန်တာပဲ…

  5. NLD ၏ ခမောက်သည် NLD ကိုသာ ကိုယ်စားပြုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLDကို ကိုယ်စားပြုပါသည်။ မိမိနိုင်ငံနှင့် ယဉ်ကျေးမှု မတူသော နိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် NLD ၏ ခမောက်သည် မိမိနိုင်ငံနှင့် ယဉ်ကျေးမှု မတူသော နိုင်ငံများကိုသာ ကိုယ်စားပြု သဖြင့် တိုင်းပြည်ပျက်စီးခြင်းကို ကိုယ်စားပြုပါသည်။

  6. ကြည့်သေးတာပေါ့..။ NLD ဘာလုပ်မယ်ဆိုတာ..။စိတ်ဓာတ်နဲ့ပဲ ဆိုင်တာပါ..။ သူများတွေ ကိုလိုက်ဆဲ နေဖို့ လောက် ပဲ သိတဲ့ ကိုခွန် လို လူမျိုး တွေ မပါ ပါ စေ နဲ့ ပဲ ဆုတောင်း ပေးပါတယ်..။

  7. NLD ကို UG ဖြစ်အောင်လုပ်ကြတော့မှာလား…အမေစုကိုချစ်တယ်ဆို…လေးစားတယ်ဆို… UG ဖြစ်တာဟာ အကြမ်းဖက်နည်းတွေနဲ့ ဆူပူအုံကြွအောင်လုပ်ဖို့အသင့်ပြင်တာနဲ့တူတူပဲ။ 1990 ဆိုတာကျန်ခဲ့ပါပြီ… NLDအနေနဲ့ပြည်သူကိုယုံကြည်ရင်ရွေးကောက်ပွဲဝင်ရမှာ….ရွေးကောက်ပွဲမ၀င်တာဟာပြည်သူကိုမယုံတာနဲ့အတူတူပါပဲ… အစိုးရဖွဲနိုင်ပြီဆိုရင် အခြေခံဥပဒေမှာပါဝင်တဲ့မိမိမကြိုက်တဲ့အချက်အလက်တွေကိုပြင်ဆင်လို့ရနိုင်တာပဲ… NLD အနေနဲ့သတ္တိရှိသင့်ပါတယ်. ။

  8. ရန်ကုန်မြို့ မှ အထက်တန်းပြ ဆရာမ တစ်ဦးက လည်း NLD ကိုတရားမ၀င် ဘူး ကြေငြာ ရအောင်
    စစ်အစိုးရ ကိုယ်တိုင် က တရားမ၀င် ဘူး ..ဒီတော့ NLD တရားဝင်သေးတယ် ဟု သူ့ အမြင်
    ကို ပြောသည်။

    အဲဒါ ကိုဘဲ ကိုင်ဆွဲရမယ် … ၉၀ ကို အသက်သွင်းပါ … ကျန်တာ မပြောနဲ့ … ဘာမြေအောက်မှ ၀င်စရာမလိုဘူး ..

  9. မင်းတို့ ကလည်း လျှောက်ကျပ် ပေးနေပြန်ပြီ ဒီအတိုင်းပဲ ထားလိုက်ပါတော့

    1. ဟုတ်တယ် ဦးလေး ကြည့်ပြောဦး.. FNG Admin တွေလည်း ကြည့်လုပ်ဦး။ ဒါ သတင်းပို့စ် မဟုတ်ဘူး.. ဝေဖန်ရေး ဆောင်းပါးလည်း မဟုတ်ဘူး.. မြှောက်ထိုးပင့်ကော်စာ ဖြစ်သွားပြီ။ ကျုပ်တို့က FNG ဟာ သတင်းခိုင်မာမှုရှိတယ်၊ သမာသမတ် ရှိတယ်ဆိုပြီး ပရိတ်သတ်အဖြစ် ခံယူထားတာ။ NLD က နိုင်ငံရေးပါတီ အဖြစ်ကနေပဲ ရပ်စဲခံရတာ။ အသင်းအဖွဲ့အဖြစ် ဆက်လက်ရပ်တည်နိုင်တယ်။ NLD ကရော စည်းလွတ်ဝါးလွတ် လုပ်မလား။ Admin တွေ ပရိတ်သတ် ဖတ်ကောင်းအောင် ရေးနေကြတာလား.. ? အကြိုက်လိုက်ရေးရင်တော့ ကြာရှည်မခံဘူး FNG….

Comments are closed.