ခေတ်ပျက်သူဌေးကြီးလေးဦး ပုဂ္ဂလိက ဘဏ်များ တိုးချဲ့လုပ်ကိုင်

နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမား လေးဦးလက်ထဲ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ တိုးချဲ့ခွင့်ပေးလိုက်ပြီဖြစ်သည်။  ဘဏ်လုပ်ငန်း ချဲ့ကားမှု အဓိက အကြောင်းမှာ အိမ်နီးချင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုများပြားလာခြင်းကြောင့်နှင့် အာစီယံနိုင်ငံများ ကုန်သွယ်မှု တိုးတက်လာခြင်းကြောင့်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

အရင် ဘဏ် ၁၅ ခုရှိရာက၊ ယခု စီးပွားရေးသမား လေးဦးကို ဘဏ်တစ်ခုစီ လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းကြောင့် စုစုပေါင်း ပုဂ္ဂလိကဘဏ် ၁၉ ခုအထိ ဖြစ်လာသည်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီ စီးပွားရေးသမား လေးဦးကို ဘဏ်လုပ်ပိုင်ခွင့် ချပေးခြင်းမှာ စစ်တပ်နောက်ခံပြု အရပ်သားအစိုးရသစ် အောင်မြင်ရေးအတွက် ငွေကြေးဖြင့် အာဏာပွဲစားလုပ်ပေးဖို့လည်း ဖြစ်နိုင်သည်ဟု ထိုအရာရှိက ဆက်ပြောပြသည်။

ကိုယ်ပိုင်ဘဏ် ထူထောင်ခွင့်ရသွားသည့် ခေတ်ပျက်သူဌေး လေးဦးမှာ အမေရိကန်အစိုးရမှ လက်နက်ကုန်သည်အဖြစ် သတ်မှတ်ခံထားရသူ တေဇ၊ မက်စ်မြန်မာ လုပ်ငန်းစုနှင့် ဘောပွဲဥက္ကဌ ဇော်ဇော်၊ စက်မှုဝန်ကြီးသား နေအောင်နှင့် သူဌေးလက်သစ် ချစ်ခိုင် တို့ဖြစ်သည်။ ဘဏ်အသစ် လေးခုမှာ နေပြည်တော်တွင် အခြေစိုက်မည်ဟု ဆိုသည်။

6 thoughts on “ခေတ်ပျက်သူဌေးကြီးလေးဦး ပုဂ္ဂလိက ဘဏ်များ တိုးချဲ့လုပ်ကိုင်

  1. According to the theory on “If Thief was biggest,Roit towards rebillion towards government”,they have to theirself- try it.

  2. မိုးကောင်းတုန်းရွာထားကြပေါ့ကွာ ကြုပ်တို့ပြည်သူတွေမိုးကောင်းတဲ့အလှည့်ရောက်ရင် မိုးကြိုးပါပစ်ချမယ် ….

  3. ဘဏ်အသစ်တွေဖွင့်တော့ မိန်းကလေး ငယ်ငယ်ချောချောလေးတွေ အခွင့်အရေးသစ်တွေ ရတာပေါ့ဗျ။ အလုပ်အကိုင် အခွင့်အရေး ပြောပါတယ်။ မုဒိတာ ပွားစမ်းပါ….

  4. ဒီလို ဘဏ်တွေပေါ်လာတော့ ဘာတွေများ ထူးခြားမှာလဲ ။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာလူမျိုးတွေ အခုထိ မြန်မာပြည်ကို ငွေပို့ရ ခက်ခဲနေဆဲပါ ။ တစ်နှစ်မက ရာစုနှစ်နှင့်ပင် ချီကာ ရှိနေပြီ ဖြစ်ပါသည် ။ ဘာတွေလုပ်ပေးမှာပါလဲ ။ ထူးမခြားနားပါပဲ ထင်ပါတယ် ။

  5. ပေါ်တင် ငွေကြေးခ၀ါ ချခွင့်ပေးတဲ့ သဘောလား

Comments are closed.