NLD မြေပေါ်တရားဝင် ပါတီအဖြစ် အစိုးရ ဖွဲ့ ကြောင်းကြေငြာလျှင်ပင် နအဖ ရွေးကောက်ပွဲပျက်မည်

၁၉၉၀ ပြည့် နှစ် ရွေးကောက် ပွဲ တွင် အနိုင်ရရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်သည်
မည်သို့ သော အခြေအနေမျိုး ပင် ဖြစ်ပစေ အစိုးရ တစ်ရပ် အဖြစ် ဖွဲ့ စည်းပြီး ကမ္ဘာ သို့ ကြေငြာ
လျှင် စစ်အစိုးရ အနေဖြင့် ဘေးကျပ် နံကျပ် အခြေအနေ နှင့် ကြုံမည် ဟု ၀ါရင့် နိုင်ငံရေး
သမား အချို့ က သုံးသပ် သည်။

ရန်ကုန် မြို့ မှ  ကျုရှင် ဆရာ တစ်ဦး ကလည်း အနှစ် နှစ် ဆယ်ကျော် လုံးမှာ ရသမျှ အခွင့်အရေး
တွေ အကုန် လက်လွှတ် ခဲ့တယ်။ နောက်ဆုံး ရွှေဝါရောင် တော်လှန်ရေး အထိပဲ တကယ်လို့ အခု
တော်လှန်ရေး ဖြစ်ရင် NLD ဘယ်ကို ကဏ္ဍ ကနေ ပါမှာ လဲ ဆိုတာ ကျွန်တော် တော့ အရိုးသား
ဆုံး သိချင် တယ် ဟု Freedom News Group သို့ ပြောသည်။

NLD ပါတီအနေဖြင့် စင်ပြိုင်  အစိုးရ တစ်ရပ် အဖြစ် တရားဝင် ဖွဲ့ စည်းပြီး စစ်အစိုးရ ကိုစိန်ခေါ်
ရန် ပြည်သူ တို့ က လိုလားနေကြသည်။ အချို့ ကလည်း မြေအောက် ဆင်းပြီး နိုင်ငံရေး လုပ်ရန်
အတွက် လိုလား သူများ ရှိသည်။

လူငယ် မျိုးဆက် သစ် ကျောင်းသား ခေါင်းဆောင် များ က မူ မြေအောက်ဆင်းသွားလျှင် တော်
တော် နှင့် ပြန်မတက် နိုင်ဟု သုံးသပ် ကြသည်။