ဟောလိဝုဒ် ၏ ပကတိ သရုပ်မှန် ကို ဖွင့်ချ ရိုက်ကူးထား သည့် ဇာတ်ကား ဗင်းနစ် ရုပ်ရှင် ပွဲတော်ဆုရ

Somewhere ဇာတ်ကား မှ ငယ်မွေးခြံပေါက် ဟောလိဝုဒ် သရုပ်ဆောင် အဖြစ် သရုပ်ဆောင် သူ ဒေးဗစ်ဒေါဖ်
Somewhere ဇာတ်ကား မှ ငယ်မွေးခြံပေါက် ဟောလိဝုဒ် သရုပ်ဆောင် အဖြစ် သရုပ်ဆောင် သူ ဒေးဗစ်ဒေါဖ်

အီတလီ နိုင်ငံ ဗင်းနစ် မြို့တွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် ဗင်းနစ် ရွှေခြင်္သေ့ ရုပ်ရှင် ပွဲတော် တွင်
အမေရိကန် အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ တစ်ဦး ဖြစ်သည့် ဆိုဖီယာ ကော်ပိုလာ က သူမ၏
Some Where ရုပ်ရှင် ဇာတ်ကား ဖြင့် ရွှေခြင်္သေ့ (Golden Lion) ဆုကို ဆွတ် ခူးရရှိခဲ့သည်။

၆၇ ကြိမ်မြောက် ကျင်းပသည့် ဗင်းနစ် ရုပ်ရှင် ပွဲတော်တွင် ယမန်နှစ်က Inglorious Basterds
ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု ၊ ဒါရိုက်တာ ဆုချီးမြင့် ရန် လျှာထား ခံရသည့် ဌာနေ
အမေရိကန် လူမျိုး(Native American) တစ်ဦး ဖြစ်သူ ဒါရိုက်တာ ကွာတင်တာရန် တီနို က
ပွဲတော်၏ ဂျူရီ လူကြီး အဖြစ်ဆောင်ရွက် သည်။

Somewhere ဇာတ်ကား သည် ဆိုဖီယာ ကော်ပိုလာ ၏ လေးကားမြောက် ဇာတ်ကားဖြစ်ပြီး
၂၀၀၃ ခုနှစ်တွင် သူမ ၏ ဒုတိယမြောက် ဇာတ်ကား ဖြစ်သည့် Lost in Translation ဇာတ်ကား
ဖြင့် အော်စကာ ဆု လျှာထားခံရသည်။

ထိုဇာတ်ကား သည် ဟောလိဝုဒ် မျိုးရုပ် သရုပ်ဆောင် တစ်ဦး ဖြတ်သန်းမှု နှင့် သရုပ်ဆောင် အဖြစ်ရောက်ရှိလာ
ခြင်း တို့ ကို ချယ်မှုန်း ထားခြင်းဖြစ်ပြီး ကမ္ဘာ က အထင်ကြီး လှ သော ဟောလိဝုဒ် ၏ ကန့် လန့် ကာ နောက်ကွယ်မှ သရုပ်သကန် အစစ် ကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ထိုဇာတ်ကား ကို ဆုပေးရခြင်း နှင့် ပတ်သတ်ပြီး တာရန်တီနို က ဇာတ်လမ်း စစ ခြင်းမှာ ပဲ ကျွန်တော်တို့ ရဲ့ ရင်ထဲ၊အသဲ ထဲ ကို ထိခိုက် သွားအောင် ဒီနယ်ပယ် ရဲ့  Dark Side တွေ ကိုဖော်ပြ နိုင်တယ် ဟု ဆိုသည်။

ဆိုဖီယာ ကော်ပိုလာ သည် ဗင်းနစ် ရုပ်ရှင် ပွဲတော် တွင် ပထမ ဦးဆုံး ဆုရသည့် အမေရိကန် အမျိုးသမီး
ဒါရိုက်တာ ဖြစ်သည်။ သူမသည် God Father ဇာတ်ကား ကို ရိုက်ကူး ခဲ့သည့် ဒါရိုက်တာ ဖရန်စစ်ဖို့ ဒ် ကော်
ပို  လာ ၏ သမီး အငယ်ဆုံး ဖြစ်သည်။ Somewhere ဇာတ်ကား ၏ ထုတ်လုပ်သူမှာ လည်း သူမ၏ အဖေပင်
ဖြစ်သည်။နစ်ကိုလစ် ကေခ်ျ သည် သူမ ၏ အကို ၀မ်းကွဲ ဖြစ်သည်။

Somewhere ဇာတ်ကားတွင် ဒေးဗစ် ဒေါဖ် ၊ ဘင်နယ် ချီ ယို ဒယ်(လ) တိုရို (21 Grams ,Che)နှင့် မစ်ချယ်(လ) မိုနာဟမ် တို့ ပါဝင် သရုပ်ဆောင် ထားသည်။

အာရှ နွယ်ဖွား ဟော လိဝုဒ် ဒါရိုက် တာ အန်းလီ မှာ ဗင်းနစ် ရုပ်ရှင် ပွဲတော်တွင် သူ၏ Brokeback Mountain
ဇာတ်ကား ၊ Lust Caution ဇာတ်ကား တို့ ဖြင့် နှစ်ကြိမ် တိုင် Golden Lion ဆုချီးမြှင့် ခြင်း ခံရသည်။

Somewhere ဇာတ်ကားမှာ အမေရိကန် တွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ဉ် စတင်ပြသမည်ဖြစ်သည်။
အမေရိကန် နိုင်ငံ နှင့် ကမ္ဘာ တ၀ှမ်း တွင် Resident Evil ၏ လေးကားမြောက် ဇာတ်ကားဖြစ်သည့်
Resident Evil : after life မှာ ရုံပြည့် ရုံလျှံ အောင် ပွဲ ခံနေသည်။

Residents Evil : after life