
Burma Paparazzi၊ ၊ယနေ့စက်တင်ဘာလ၂၁ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၁၄)နွယ်နီလမ်းစောရန်ပိုင်တောင် ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်ခေါင်းဆောင် ကိုလူမော်လတ်နေအိမ်တွင်ဒီမိုကရေစီအင်အားစုများစွာဖြင့်ကျင်းပခဲ့ပါသည်။
နံနက် (၁၀) နာရီအချိန်တွင်ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်အရှင်သူမြတ်(၅)
ပါးမှ(၅)ပါးသီလပေးပြီး၊မေတ္တာသုတ်နှင့်ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကိုရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်
တော်မူခဲ့ကြပါသည်။၊ထို့နောက်ဆရာတော်အရှင်သူမြတ်များကိုကိုလူမော်လတ်၊မ၀င်းမော်ဦး(၈၈ကျဆုံး)
၏အဖွားဒေါ်နီနှင့်NLDပါတီဝင်များကလှုဖွယ်ဝတ္ထုနှင့်သင်္ကန်းများကိုဆက်ကပ်လှုဒါန်းခဲ့ပါသည်။ဒီမိုကရေစီ
တိုက်ပွဲအတွင်းကျဆုံးသွားကြကုန်သောရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကိုအမျှပေးဝေပြီး၊
မြန်မာနိုင်ငံတ၀ှမ်းရှိအကျဉ်းထောင်များ၌မတရားဖမ်းဆီးအကျဉ်းချထားခြင်းခံနေရသော
ရဟန်းသံဃာတော်များ၊နိုင်ငံရေးသမားများနှင့်ကျောင်းသားလူငယ်မျိုးဆက်သစ်များကိုအမြန်လွတ်
ငြိမ်းချမ်းသာရပါစေခြင်းငှာဆုတောင်းမေတ္တာပို့သခဲ့ကြပါသည်။

အဲ့ဒီနောက်မှာတော့သံဃာတော်အရှင်သူမြတ်များကိုနေ့ဆွမ်းဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ကြွရောက်
လာကြသောဒီမိုကရေစီအင်အားစုဧည့်ပရိတ်သတ်ကိုကြက်သား၊၀က်သား၊ငါးဟင်း၊အသီးအရွက်အစိမ်း
ကြော်များ၊ငါးပိကြော်၊တို့စရာမျိုးစုံတို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌကြီးဘဘဦးတင်ဦး၊ဒေါက်တာမျိုးအောင်(NLDရန်ကုန်တိုင်းစည်း
ရုံးရေးမှုး)၊ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)၊ဦးအေး၊ကဗျာဆရာဦးသူရဇ္ဈာန်၊ကဗျာဆရာ
ဦးဘုန်းကျော်နှင့်NLDပါတီ(အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊မ၀င်းမော်ဦး(၈၈ ကျဆုံး)၏အဖွား
ဒေါ်နီနှင့်သူမ၏မိသားစုဝင်များ၊လှိုင်သာယာမြို့နယ်NLD ပါတီဝင်များ၊
ရှေ့နေကြီးဘဘဦးအုန်းမောင်၊မမာမာဦးNLDပါတီဝင်(ဗန်းမော်အကျဉ်းထောင်၌ထောင်ကျနေသူ)၏ဖခင်ဦးသိန်းမောင်၊ဒေါ်ရှုNLD၊
ကျောက်တန်း
မြို့နယ် NLD ပါတီဥက္ကဌနှင့်ပါတီဝင်များ၊စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌဦးသက်ဝေ နှင့်ပါတီဝင်များ၊ရှေ့နေလေးကိုဖိုးဖြူ(အလုပ်သမားအကျိုးဆောင်)၊ကြည့်မြင်တိုင်မြို့နယ် NLDပါတီဝင်များ၊ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့ဝင်များ၊ရန်ကုန်တိုင်း NLD
အမျိုးသမီးအဖွဲ့များ နှင့် အခြားသောဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။ထို့နောက်အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊မြန်မာတစ်နိုင်ငံလုံးငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို
အဆုံးအဆမဲ့ကောင်းကင်ထက်သို့လွှတ်ပေးခဲ့ပါသည်။
ယင်းအပြည်အပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင်
ရဲရဲတောက်ဦးသိန်းအောင်(ရွှေပြည်သာ)က(ငြိမ်းချမ်းတေးနဲ့ရွှေဂျိုးဖြူကူပါမှလေး)အမည်ရှိကဗျာကိုလည်း
ကောင်း၊ကဗျာဆရာဦးသူရဇ္ဈာန်က(ငြိမ်းချမ်းရေးတမန်တော်)အမည်ရကဗျာကိုလည်းကောင်း၊ကဗျာဆရာ
ဘုန်းကျော်မှ(ပြည်သူတွေကိုညှာတာပါ)အမည်ရကဗျာ(၃)ပုဒ်ရွတ်ဖတ်ပြီးဂုဏ်ပြုခဲ့ပါသည်။အပြည်ပြည်ဆိုင်
ရာကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ကျင်းပရခြင်းအကြောင်းနှင့်ပတ်သက်ပြီး၎င်းပွဲကိုဦးစီးကျင်းပပြုလုပ်
သူကိုလူမော်လတ်ကိုအနည်းငယ်မေးမြန်းခဲ့ပါတယ်။

BP။ ။ ကိုလူမော်လတ်ခင်ဗျား၊စက်တင်ဘာလ ၂၁
ရက်အပြည်ပြည်ဆိုင်ရာကမ္ဘာ့ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲကိုဘယ်လိုရည်ရွယ်
ချက်နဲ့ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေးသိပါရစေ။
ကိုလူမော်။ ။ ဟုတ်ကဲ့ ကျွန်တော်ဒီ ငြိမ်းချမ်းရေးပွဲလေးကို
အကြောင်းမဲ့၊ရည်ရွယ်ချက်မရှိပဲလုပ်တာမဟုတ်ပါဘူး။တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေ၊
မြန်မာပြည်အတွင်းမှာရှိနေကြတဲ့ပြည်သူပြည်သားတွေ၊နောက်ပြီးတော့
ဒီမိုကရေစီတိုက်ပွဲအတွင်းမှာကျဆုံးသွားခဲ့ကြတဲ့ညီအစ်ကို
မောင်နှမတွေ၊နောက်ကျွန်တော်တို့အားလုံးရဲ့အမေလို့သတ်မှတ်ပြီး၊ဒီမိုကရေစီလမ်းပြကြယ်လို့နှလုံး
သားထဲမှာစွဲမြဲနေတဲ့အန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့အကျဉ်းထောင်
တွေမှာဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်းအကျဉ်းချခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်
မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့သံဃာတော်တွေကိုပင့်ဖိတ်ဆွမ်းကပ်လှုပြီး
မေတ္တာပို့သ၊အမျှပေးဝေချင်လို့ပါ။ကျွန်တော့်အဖေလည်းခု ဗန်းမော်ထောင်မှာ
အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ကျွန်တော့်အဖေ
ကအလုံမြို့နယ် အမျိုးသားဒီမိုကရေစီဥက္ကဌ
ဦးဘမြင့်ပါ။ခုဒီပွဲကိုကျွန်တော်မဖြစ်ဖြစ်အောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ်။အဲ့အတွက်
ကျွန်တော့်အဖေဆီတောင်၊ထောင်ဝင်စာသွားမတွေ့ရသေးပါဘူး။ကျွန်တော်ပြောချင်တာက
ခုလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံတော်လူကြီးများကိုအန်တီဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသား
များကိုအမြန်ဆုံးလွှတ်ပေးပါလို့တောင်းဆိုပါတယ်။သူတို့တွေကအကြမ်းဖက်သမားတွေလည်းမဟုတ်၊
နိုင်ငံတော်ကိုလုပ်ကြံကြတဲ့သူတွေလည်းမဟုတ်ဘူး၊သူပန်သူကန်တွေလည်းမဟုတ်ပါဘူး။ကျွန်တော့်ဆန္ဒက
ထောင်ချထားခံရတဲ့သူတွေအမြန်ဆုံးပြန်လွတ်ပြီးမိသားစုတွေနဲ့နွေးထွေးစွာပြန်လည်တွေ့ဆုံစေဆန္ဒပါ။ကျွန်တော်တို့မိသားစုလည်းတကွဲတပြား
ဖြစ်နေတော့ကျွန်တော်ကိုယ်တိုင်ခံစားနေရတာကိုစာနာပြီး သူတို့တွေအတွက်၊အားလုံးအတွက်ရည်ရွယ်
ပြီးကျင်းပခဲ့တာပါဗျာ။
(ကိုလူမော်လတ်ဟာသူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ
မျက်ရည်တွေ၊တွေတွေကျခဲ့သလို၊ကျွန်တော်အင်တာဗျူးနေစဉ်မှာလည်းမျက်ရည်
များကျခဲ့ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအမြန်ငြိမ်းချမ်းမှုရပါစေလို့ကျွန်တော်ဒီနေရာကပဲ
ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)
လေးစားဦးညွှတ်လျှက်
Burma Paparazi

ခံစားချက်ရှိမှဘ၀ဆိုတာတိုးတက်တာဘဲလေ…လူမော်လတ်လဲခံစားချက်ရှိလို့ ဒီပွဲကိုလုပ်ဖြစ်တာပါ..လူတိုင်းမှာတူညီတဲ့ ခံစားချက်
တော့ ဘယ်ရှိနိုင်ပါ့ မလဲနော…