Monday, 20 September 2010 15:20 KNG (ကချင်သတင်း ဧဂျင်စီ)
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် တိုက်ခိုက်ချေမှုန်းပစ်မည်ဟု မြန်မာစစ်အစိုးရ၀န်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ယခုစက်တင်ဘာလဆန်းပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။
ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဦးသိန်းစိန်မှ ဤကဲ့သို့ပြောခြင်းဖြစ်သည်။
ဦးသိန်းစိန်က ရွေးကောက်ပွဲပြီးလျှင် “KIO အား အရှေ့တောင်အာရှ (အာဆီယံ) တွင် စံပြအဖြင့် တိုက်ခိုက်ချေမှုန်းပစ်မည် ”ဖြစ်ကြောင်း စစ်အစိုးရသစ္စာခံ ကချင်လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အား အထူးဖိတ်ခေါ်၍ ပြောကြားခြင်းဖြစ်သည်။
၎င်းတွေ့ဆုံပွဲသို့ လ၀ါယန်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့မှ ခေါင်းဆောင် ဦးလဆန်အောင်ဝါ ကိုယ်တိုင်နှင့် NDA-K နယ်ခြားစောင့်တပ်ဖွဲ့ (BGF) မှ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကိုယ်စား အခြား BGF စစ်ဗိုလ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် သိန်းစိန်က မြန်မာစစ်အစိုးရမှ KIO အား ၄ ကြိမ်အခွင့်အရေးသီးခြားစီ ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ၎င်းတို့မှာ–
(၁) တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ပေးခြင်း၊
(၂) နယ်ခြားစောင့်တပ် (Border Guard Force) ပြောင်းလဲဖွဲ့စည်းရန်၊
(၃) ပြည်သူ့စစ်ပြောင်းလဲဖွဲ့စည်းရန်
(၄) နောက်ဆုံး လက်နက်စွန့်ရန်
ဖြစ်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်း သို့မဟုတ် လက်နက်ချရေးကို လက်မခံခဲ့သော KIO/KIA အဖွဲ့အား နောက်နောင် လက်နက်ချ အလင်းဝင်လာသော်လည်း လက်ခံမည် မဟုတ်ကြောင်းကို ၀န်ကြီးချုပ်မှ ပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်အစိုးရအာဏာစက်အောက်ရှိနေရာဒေသများတွင် သွားလာလှုပ်ရှားသော KIO/KIA အဖွဲ့ဝင်များအား အရေးယူဖမ်းဆီးခြင်း၊ အဖွဲ့၏စီးပွားရေးလုပ်ငန်းများအား ပိတ်ပင်ခြင်း၊ အဖွဲ့ဝင်များ၏မိသားစုဝင်များ ၀င်ထွက်သွားလာမှုများကို စစ်ဆေးခြင်း နှင့် အခြားအဖွဲ့အစည်းများ KIO ထိန်းချုပ်ဒေသများသို့ ၀င်ထွက်သွားလာခြင်းများကို ပိတ်ပင်မည်ဖြစ်ကြောင်းသိရသည်။
သို့သော် KIO/KIA အဖွဲ့တခုလုံးအနေဖြင့်မဟုတ်ဘဲ တဦးတယောက်၊ တပ်စိတ်၊ တပ်စု၊ တပ်ရင်း၊ တပ်မဟာချင်း လက်နက်နှင့်တစ်ပါတည်း အလင်းဝင်လာခြင်းကိုမူ အပြစ်ပေးခြင်းမပြုဘဲ လက်ခံသွားမည်ကို ၀န်ကြီးချုပ်မှ ထပ်ပြောခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ လက်နက်ချရန် စစ်အစိုးရ၏ညွှန်ကြားမှုကို KIO က လက်မခံကြောင်း သြဂုတ် ၃၀၊ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယခုလို ကြံ့ဖွတ်ပါတီ (USDP) ခေါင်းဆောင် ဦးသိန်းစိန်၏ တုန့်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း ၀န်ကြီးချုပ် သိန်းစိန် ပူတာအိုသို့သွားရောက်ပြီး ကချင်မျိုးနွယ်စုများဖြစ်သော ရ၀မ် နှင့် လီဆူ လူမျိုးခေါင်းဆောင်များကိုသာ သီးသန့်တွေ့ဆုံစကားပြောခဲ့သည်။
ထိုအစည်းအ၀းတွင် ဦးသိန်းစိန် (ထိုချိန်က ဗိုလ်ချုပ်ကြီးသိန်းစိန်) မှ “မင်းတို့ကို ဂျိန်းဖောတွေ ဘယ်လောက် တောင်သတ်ခဲ့သလဲ။ (၁၉၆၈ KIO နှင့် ရ၀မ်ကြား ဖြစ်ပေါ်ခဲ့သည့် “ခရန်ခူးအပြန် အလှန်သတ်ဖြတ်ခြင်း အဖြစ်အပျက်” ကို ရည်ညွှန်းခြင်း) မင်းတို့ ဂျိန်းဖောတို့ကို ပြန်သတ် မလား။ သတ်မယ်ဆိုရင် လက်နက် ထုတ်ပေးမယ်” ဟု ရန်မီး မွေးပေးခဲ့ကြောင်း သိရသည်။
ကချင်အမျိုးသားများကြား အချင်းချင်းသတ်ဖြတ်ကြစေရန် သွေးထိုးပေးခြင်းဖြစ်သည်။
ဝန်ကြီးချုပ်၏ သွေးထိုးမှုကို လီဆူ လူမျိုးများက တိတိပပ လက်ခံခြင်းမရှိသော်လည်း ခေါင်လန်ဖူးအခြေစိုက် ရ၀မ်သီးသန့်ပြည်သူ့စစ် အဖွဲ့ (သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့) ၏ ခေါင်းဆောင် စီးပွါးရေးသမား တန်ဂူးတန် (အတန်) မှာ လက်ခံခဲ့သည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း စစ်အစိုးရမှ စစ်အင်အားဖြင့် သံဃာတော်များကို နှိမ်နင်းခဲ့ချိန် တန်ဂူးတန်သည် ၎င်း၏တပ်ဖွဲ့အင်အား ၂၀၀ ကျော်အား နေပြည်တော်သို့ ပို့ဆောင်ခဲ့သည်။
မြန်မာစစ်အစိုးရသည် လာမည့် နိုင်ဝင်ဘာ ၇ တွင် ရွေးကောက်ပွဲ ကျင်းပပြီး တရားဝင်အစိုးရ ဖြစ်လာရေး ကြိုးပမ်းနေပါသည်။ ထို့နောက် KIO အပါအ၀င် အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ချေမှုန်းရန် ပြင်နေပါသည်။
မြန်မာစစ်အစိုးရက KIO အား မည်သို့ပြင် ခြိမ်းခြောက်နေသည်ဖြစ်စေ KIO ဘက်မှ စစ်အစိုးရကို စတင်တိုက်ခိုက်မည် မဟုတ်ကြောင်း သိရသည်

ကိုSimpleကိုထောက်ခံပါတယ်။မြန်မာ့တပ်မတော်ကိုထောက်ခံပါတယ်။ပြည်တွင်းစစ်ရှိနေသမျှတိုင်းပြည်မွဲနေမှာပဲ။
မဟောသဓာ စီရင်ခန်း ကို ပြောတာ.. စကားလုံး ကျန်ခဲ့တဲ့အတွက် အဓိပ္ပါယ်နည်းနည်း လွဲသွားတဲ့ အတွက် အားလုံး sorry ပါ.. ဒါပေမယ့် ဘာပြောချင်တယ်ဆိုတာကိုတော့ အားလုံးနားလည်မှာပါ.. ဖြည့်တွေးပြီး ဖတ်ပေးကြပါ..
လေးစားလျက်..
မှန်တယ်.. တကယ်တမ်းကျတော့ အတိုက်အခံတွေ ဘာမှ မညီညွတ်ဘူး.. တိုင်းပြည်ရဲ့အပြောင်းအလဲကို စိုးရိမ်တာမဟုတ်ဘူး.. အားလုံးလိုချင်တာက.. ဒီအပြောင်းအလဲမှာ အဆင်မချောခဲ့ရင် ဘယ်နေရာက ၀င်ပြီး နေရာတစ်ခုကို ဖန်တီးကြမလဲဆိုတာပဲ..
အတိုက်အခံဆိုတာတွေက စစ်ကို မခံစားဖူးတော့ စစ်ရဲ့ဆိုးကျိုးကို ဘယ်သိပါ့မလဲ.. စစ်တပ်အစိုးရ အုပ်ချုပ်နေတာ အနှစ် (၂၀) ကျော်ပါပြီ.. ဒီအနှစ် (၂၀) အတွင်းမှာ မြန်မာပြည်နဲ့ မြန်မာပြည်သမိုင်းကို သေချာနားလည်အောင် လေ့လာထားတဲ့ အတိုက်အခံ ဘယ်နှစ်ယောက်ရှိလို့လဲ.. ဒီ အနှစ်(၂၀)အတွင်း အုပ်ချုပ်နေတဲ့အစိုးရရဲ့ အားနည်းချက် အားသာချက်၊ ပြည်သူလူထုရဲ့ တကယ့်လိုလားချက် စတာတွေကို survey မပြောပါနဲ့.. feasible study လုပ်ထားတဲ့ အတိုက်အခံ ဘယ်နှစ်ဖွဲ့ ရှိလဲ.. နောက်ပြီး အပြောင်းအလဲတစ်ခုသာ ဖြစ်လာခဲ့ရင် အဲဒီအပြောင်းအလဲမှာ တိုင်းပြည်ကို ကယ်တင်နိုင်မယ့် အခိုင်အမာ အတိုက်အခံ ဘယ်နှစ်ယောက်ရှိလဲ.. အရည်အသွေးရှိခဲ့ရင် စဉ်းစားတတ်ခဲ့မယ်ဆိုရင်.. ဒါတွေကို ကြို ပြင်ဆင်ပြီးပြီလား..
အခု အားလုံးက .. အင်းလေးကန် ရေခန်းပြီဆိုတာနဲ့.. အင်းလေးကန်ဆီရောက်သွားတယ်.. ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာလဲ ကိုယ့်ဘာသာ နည်းနည်း သုံးသပ်ကြပါဦး..
တပ်မတော်မှာ သုံးတဲ့အဆိုတစ်ခွန်းရှိပါတယ်.. ပြီးတော့ တစ်ကမ္ဘာလုံးက စစ်သားတွေ လက်ခံထားတာပါ.. “ လက်နက်တပ်ဆင် တိုက်ပွဲဝင်” ဆိုတာ အလကားမှ မဟုတ်တာ.. ဘယ် ပတ်ဝန်းကျင် ဘယ် အ၀ိုင်းအ၀န်းမှာမဆို စွဲကိုင်ရတာပါ.. သူတို့ အုပ်ချုပ်ချင်တဲ့ အခြေခံဥပဒေထွက်အောင် ယူခဲ့ရတာ အချိန် နည်းမှ မနည်းတာ.. အဲဒီအချိန်မှာ အတိုက်အခံက ဘာလုပ်နေလဲ.. အားလုံးညီညွတ်ပါလား.. သူတို့ရဲ့ ရည်ရွယ်ချက်ကိုက ငါ့အတွက် ဆိုတာက အ ရင် ဖြစ်နေတာ.. လက်ရှိအစိုးရကမှ ငါ့အဖွဲ့အစည်းအတွက် ဆိုတာလေး ပါသေးတယ်.. အတိုက်အခံတွေက ငါ့တို့ အတိုက်အခံတွေ.. ဆိုတာမျိုး မဟုတ်ဘူး.. မအောင်မြင်တာ ဘာဆန်းလဲ..
အာဏာရှိတဲ့သူကို ဆန့်ကျင်တယ်ဆိုတာ.. ကိုယ်က စည်းလုံးမှကို ဖြစ်တာ.. မှတ်ထား ငတုံး အတိုက်အခံတွေရဲ့.. ဒါကြောင့် innocent ပြောသလိုပဲ.. နောင် (၅)နှစ်ကြရင်သာ.. “ တိုင်းပြည်အာဏာကိုလွှဲပြောင်းလိုချင်သူ နိုင်ငံရေးသမားများဘက်မှလဲ တိုင်းပြည်ကိုတကယ်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိအောင်ကြိုတင်ကြိုးစား ပြင်ဆင်သင့်ပါတယ်ခင်ဗျာ။ ”.. အဲဒါအမှန်ကန်ဆုံးပါပဲ. ကျွဲကြီးနဲ့ ကျွဲလေး ခတ်တာ..ပြည်သူ ကြားထဲက မြက်မဖြစ်ဖို့ အရေးကြီးပါတယ်.. လက်ရှိအစိုးရကလည်း ဘုရားလောင်း မဟောသဓာ မဟုတ်တော့.. သားတရားစီရင်ခန်းမှာလို ကိုယ့်သားသမီးဆိုပြီး နိုင်ငံကို လွှတ်ပေးလိုက်မှာ မဟုတ်ဘူး…
နောက် ရှိသေးတယ်.. အတွေ့အကြုံဆိုတာ.. certificate တွေထက် အရေးပေါ်အခြေအနေမှာ လိုအပ်ပါတယ်.. ခွဲစိတ်ဆရာဝန်က ခွဲခန်းထဲရောက်မှ theory စာအုပ်ပြန်လှန်နေရရင်.. လူနာသေမှာပေါ့.. ဒါကြောင့် သမားဆို အိုမှ တဲ့.. စကား ရှိပါတယ်.. သူ့နေရာကို ၀င်ချင်ရင် သူ့ထက်သာတဲ့ အရည်အချင်း ရှိမှ ပြနိုင်မှ ဖြစ်မှာပေါ့..
ဒီလောက်..အားကောင်း blog တွေ၊ ပြည်ပ မီဒီယာတွေ ရှိနေရက်သားနဲ့.. အတိုက်အခံအနေနဲ့ ကျွန်တော်တို့ပါတီက ဘယ်လိုလုပ်ပါမယ်ဆိုပြီး.. အစီအစဉ်ကို ချမပြနိုင်ဘဲနဲ့.. သူတို့လုပ်တာ မကောင်းဘူး.. ဆိုပြီး အော်နေမယ်ဆိုရင်တော့ ထက်ထက်မိုးဦး ကြော်ငြာလိုပဲ ဖြစ်မှာပဲ.. “ ဒီလို လုပ်ပါလား ဟိုလို လုပ်ပါလား.. ငါလည်း မလုပ်တတ်ဘူး… ”
စစ်တပ်က ဖိနှိပ်တာပဲပြောနေတယ်.. ငါတို့ဆိုရင် ဘယ်လိုလုပ်မယ်လို့ ပြောတဲ့သူ တစ်ယောက်မှ မရှိဘူး.. ပြောရင်လည်း ကတ္တားမပါ.. ကံမပါနဲ့.. “ သူတို့ကပြောပါတယ်ပေါ့နော်..ဘယ်လိုဖြစ်တာပါပေါ့နော်.. စသဖြင့်.. ”
လူပိန်းစည်းရုံးနည်းနဲ့ ပြောနေတာတွေဟာ တိုင်းသူပြည်သားကို စော်ကားတာပါပဲ.. မြန်မာပြည်က တိုင်းသူပြည်သား.. ဒီလောက်ပဲ နားလည်တာ.. ဒီလိုနည်းနဲ့ပဲပြော ဆိုတာမျိုး..
ဘယ်ပညာတတ်ကမှ အဲဒါတွေကို ဒီအတိုင်းဖတ်ပြီး “ ဒီလိုပါလား.. ဆိုပြီး မဖတ်ဘူး.. ဒီ အရည်းအသွေးမပါတဲ့ သတင်းတွေဟာ.. အဲဒီပညာတတ်တွေအတွက် ပျင်းတဲ့အချိန်မှာ ဖတ်ဖို့ entertain ပဲရတယ်..” Internet နဲ့ computer ကိုသုံးပြီး အဲဒီလို blog တွေ၊ news တွေကို ရှာဖတ်နိုင်တယ်ဆိုတဲ့လူတွေက.. အတွေးအခေါ် အဆင့်အတန်း တစ်ခုတော့ ရောက်ရှိနေပါပြီ.. နည်းနည်းပါးပါး စဉ်းစားပြီး စာဖတ်သူကို လေးစားမယ်.. ယုံကြည်မယ်.. အားကိုးမှု၊ ယုံကြည်မှု လိုချင်တယ်ဆိုရင်.. ဒီနည်းလမ်းကို ပြောင်းသင့်ပါပြီ..
ဟိုးအရင်ဗမာပြည်ကွန်မြူနစ်ပါတီက ၀ါဒဖြန့်တဲ့ ပုံစံရယ်.. ၁၉၈၈ခုနှစ်တုန်းက ၀ါဒဖြန့်တဲ့ပုံစံတွေထက် ဘာမှတိုးတက်ပြောင်းလဲလာတဲ့ အတွေးအခေါ် မပါပါဘူး.. စကားလုံးတွေက အစ.. ၁၉၈၈ တုန်းက ၀ါဒဖြန့် ဝေတဲ့ စာရွက်တဲ့ online မှာ ရှာကြည့်ကြပါ.. ရှိပါတယ်.. အခု ရေးတာတွေကလည်း အဲဒီတုန်းက ရေးဟန်ပါပဲ.. နည်းပညာ ပြောင်းလဲလာလို့ printed document ကနေ Internet ပေါ်ရောက်လာတာပဲရှိတာ.. မြန်မာပြည်မှနေနေတဲ့ လူတွေရဲ့အတွေးအခေါ်က အခု အများကြီး တိုးတက်ပြောင်းလဲနေပါပြီ.. ဒီနည်းနဲ့ကတော့.. ဦးသန်းရွှေက ခနဲ့ပြုံးလေး လက်ဆောင်ပေးလိုက်မှာ..
အားလုံးပျော်ရွှင်ပါစေ.. ဝေဖန်ရေး.. ဆွေးနွေးရေး တိုင်းတာရေး ဥပက္ခာပြုခြင်း များကိုလည်း ကြိုဆိုလျက်ပါ..
တစ်ခုတော့ ပြောချင်တယ်.. ဒီတစ်ခုကတော့ တပ်မတော်ဘက် လိုက်ပြောလိုက်ဦးမယ်. (ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းကိုပဲ ပြောတာပါ).. တိုင်းပြည် ရောင်စုံသူပုန်တွေနဲ့ ရင်ဆိုင်ရချိန်မှာ.. ၀ါဒမတူလို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်တွေမှာတုန်းက.. အခု အတိုက်အခံတွေနဲ့ သူတို့ရဲ့ မိဘ ဆွေမျိုး.. သားသမီးတွေ.. ရန်ကုန်မှာ အေအေးဆေးဆေး ကိုယ့်မြို့ကိုယ့်ရွာမှာ အေးအေးဆေးဆေး ပညာသင်နိုင်၊ စီးပွားရှာနိုင်ကြပါတယ်.. လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်နေရတဲ့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကသာ ဘုရားစင်ရှေ့က မထနိုင်အောင် ဆုတွေတောင်း ကောင်းမှုတွေပြုနေရတာပါ.. ဆုတောင်းမပြည့်ခဲ့တဲ့သူတွေ အများကြီးပါ.. အသက်ရှင်ရင် တော်ပါပြီလို့ ဖြေတွေးခဲ့ရတဲ့ မိသားစုဝင်တွေ အများကြီးပါ..
လူသားချင်း နည်းနည်း စာနာတတ်နိုင်ပါစေ.. စစ်မှုမထမ်းမနေရ မဟုတ်ပေမယ့် စစ်မှုထမ်းဖို့ ကြိုးစားပေးခဲ့တာတွေကိုတော့ လေးစားသင့်ပါတယ်…
အကြောင်းအရာ က ဆိုင်မဆိုင်တော့ မသိပါဘူး..ပြောချင်တာတွေကို ပြောရတဲ့အတွက် FNG ကို အထူးကျေးဇူးတင်ပါတယ်….
ကျွန်တော်ကတော့ စစ်သားသားပါဗျာ။ ကချင်ပြည်မှာ ၈၈ အရေးအခင်းမတိုင်ခင် က နေခဲ့တယ်။ သူငယ်ချင်းတွေ ၇ တန်း ၈ တန်းအောင်ရင် ကေအိုင်အေထဲဝင်သွားကြတယ်။ မျိုးချစ် စိတ်ပြည့်တဲ့ ကချင်လူငယ်လေးတွေပါ။ ခု ကစထမှူးတွေ ဖြစ်နေတဲ့ ကိုသက်နိုင်ဝင်း တို့ ကိုကျော်ဖြိုး တို့ ဟာ မြစ်ကြီးနားမှာ ဗိုလ်လေးတွေပေါ့။ အဲဒီတုန်းက။ သူတို့နဲ့ အတူတူ အင်မတန် ခင်စရာကောင်း တဲ့ စစ်ဗိုလ်လေးတွေ ကျဆုံးသွားကြတယ်။ သူတို့တွေသာရှိခဲ့ရင် တိုင်းပြည်အတွက် အားကိုးရမယ့် သားကောင်းရတနာလေးတွေပါ။ ကျွန်တော်တို့ ချစ်ခင်တဲ့ ကချင်တိုင်းမှူး ဗိုလ်ချုပ် ကွန်ဖန် လုပ်ကြံခံရတယ်။ ၀မ်းနည်းစရာတွေပါ။ သူတို့မြေ၊ သူတို့လူမျိုးကိုချစ်တဲ့ တိုင်းရင်းသားတွေ လည်း ဘယ်လောက်ဆုံးရှုံးခဲ့ရမယ် ဆိုတာ ပေါ်လွင်နေပါတယ်။
၉၀ နောက်ပိုင်း ခင်ညွန့်နဲ့ ကချင်ခေါင်းဆောင်တွေ မလိခရိပ်သာ ရှေ့မှာ “ထောင်ကာ” ကကြတာမြင်ရတော့ မျက်ရည်တောင်ကျမိတယ်။ ၀မ်းသာတဲ့မျက်ရည်ပါ။ ငြိမ်းချမ်းရေး ရဲ့ အနှစ်သာရကို မဆုံးရှုံးဘူးရင် မသိနိုင်ဘူး။ ခု တပ်ထဲက စစ်ကို သေချာမကြုံဘူးတဲ့၊ စစ်ဒဏ်ကို မခံဘူးတဲ့ အရာရှိ ရဲဘော်လေးတွေ၊ တပ်မိသားစုတွေ ငြိမ်းချမ်းရေး ရဲ့တန်ဖိုးကို သိနိုင်ဖို့ခက်ပါတယ်။ သူတို့အတွက် ရန်သူဆိုတာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ မေတ္တာသုတ်ရွတ်ဆိုတဲ့ သံဃာတော်တွေနဲ့ ပြည်သူလူထုကြီး ကိုး။ လက်နက်နဲ့ သူသေကိုယ်သေ တိုက်ပွဲ ဆိုတာ သေချာမသိတော့တဲ့၊ တိုက်ပွဲဖြစ်ရင်တောင် လေကြောင်း၊ လက်နက်ကြီး အကူအညီနဲ့ စစ်ဆင်ရေးလုပ်တာပဲ ပါဘူးလောက်တဲ့ ကလေးတွေ။ စစ်ကို မချစ်ကြဖို့။ ငြိမ်းချမ်းရေး ကို ချစ်ကြဖို့ မေတ္တာရပ်ခံပါရစေ။ ဒီကောင်တွေ ငါတို့ကို ဆန့်ကျင်တယ် ချပစ်မယ် ဆိုတဲ့ လေသံလောက်နဲ့ ၊ဒေါသ အတ္တလောက်နဲ့ – ရဲဘော်လေးတွေ၊ တိုင်းပြည်ရဲ့သားကောင်းတွေ နောက်ထပ် ဆုံးရှုံးဖို့ ခြေမလှမ်းကြပါနဲ့တော့။ ကျွန်တော် တို့ မျက်စေ့ထဲမှာ ကျွန်တော် ၃ တန်း တပ်တွင်းကျောင်းဘေး ဘားတိုက်က ခြေပြတ်ရဲဘော်တွေဟာ ခုထိ ရှိနေဆဲပါ။ ကျွန်တော်ဟာ စစ်တပ်ကို ချစ်ပါတယ်။ စစ်ကို မုန်းပါတယ်။ သူငယ်ချင်းတို့လည်း စစ်ကိုမုန်းစေချင်တယ်။ စစ်ကို မုန်းတဲ့ စစ်တပ်ကို ပြည်သူ တွေ တင်မကဘူး တစ်ကမ္ဘာလုံး ချစ်ကြမှာပါ။
simple is crazy..i kill simple
စစ်အစိုးရနဲ့ပက်သက်တဲ့သူတွေ.စစ်အစိုးရရဲ့လုပ်ကြံလူဝတ်လဲတဲ့သူတွေ အာဏာရှင်စနစ်ကို တစ်နည်းနည်းနဲ့သက်ဆိုးရှင်အောင်လုပ်နေမဲ့ ဘယ်ညီလာခံ..ဘယ်ဥပဒေ..ဘယ်ရွေးကောက်ပွဲ..ဘယ်အစိုးရဆိုဆန့်ကျင်ရမှာက မြန်မာနိုင်ငံသားတို့ရဲ့တာဝန်ပဲ..
နိုင်ငံတကာမှာလည်း တပ်မတော်က ဗိုလ်ချူပ်ကြီးဟောင်းတွေပဲ အရပ်သားအဖြစ် ပြည်သူ့ သစ်စာခံယူပြီး ပြည်သူအတွက် ဒီမိုကရေစီဖော်ဆောင်ပေးခဲ့တာကို မေ့နေကြသလားဗျာ။ ဒါမှမဟုတ် မြန်မာ့တပ်မတော်သားတွေလို မလုပ်နိုင်လို့  အောက်ကလိအာလေသံတွေထွက်နေကြတာလားဗျာ။ ဒီမိုကရေစီလိုလားသူတွေကိုယ်တိုင် ငွေငါးသိန်းတောင် ပြည့်အောင်မရှာ နိုင်ပဲနဲ့  ပြည်သူကိုစေတနာထားတယ်ဆိုတာ ရေပေါ်မှာအရုပ်ရေးပြနေသလိုများဖြစ်နေသလားလို့  နေမင်းကတော့ ယူဆပါတယ်ဗျာ။
ကိုနေမင်းရေ…နိုင်ငံတကာမှာ ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်ရေးဘက်မှာ အထိုက်အလျှောက်ပါဝင်တာကို နားလည်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ မြန်မာနိုင်ငံလောက် များပြားလှတဲ့နိုင်ငံတော့ ရှိမယ်မထင်ပါဘူး။ ရှိတဲ့နိုင်ငံရှိရင်လဲ သိရအောင်ပြောပါအုံးခင်ဗျာ။ သေချာတာတော့ စစ်ဘက်ကိုယ်စားပြု အုပ်ချုပ်နေတဲ့ ဘယ်တိုင်းပြည်မှ(ဇင်ဘာဘွေ) ကမ္ဘာပေါ်မှာ လောက်လောက်လားလား တိုးတက်ဖွံ့ဖြိုး ချမ်းသာနေတာ မရှိသလောက်ပါပဲ။ လက်ရှိတိုးတက်နေတဲ့ နိုင်ငံတွေ(တောင်ကိုရီးယား)မှာလဲ စစ်အုပ်ချုပ်ရေး(ဗိုလ်ချုပ်ပတ်ချုံဟီး)ကနေ ဒီမိုကရေစီကိုပြောင်းလဲလာတဲ့သာဓက တွေရှိပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲဖို့ နှစ်သုံးလေးဆယ်လောက် ကြိုးစားခဲ့ရတာပါ။ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနိုင်ငံများနဲ့ ရင်ဘောင်တန်းချင်ရင် ဒီထက်ပိုတဲ့အမြန်နှုန်းနဲ့ ပြည်သူ့ဒီမိုကရေစီကိုဖော်ဆောင်သင့်ပါတယ်။ တဘက်ကကြည့်ရင်လဲ ကိုနေမင်းပြောသလို ငွေငါးသိန်းမရှာနိုင်ဘူးဆိုတာတော့ အတော်အတန်စိတ်ပျက်ဖို့ကောင်းပါတယ်။ ငါးသိန်းဆောင်ဖို့ သိတဲ့အချိန်နဲ့ ကိုယ်စားလှယ်စာရင်းသွင်းရမဲ့အချိန်ကြားမှာ အချိန်အတော်အတန်ရပါရက်နဲ့ ငွေမပြည့်ဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ထိုကဲ့သို့ ပညာနတ္ထိ၊ ခြူးတစ်ပြားမှမရှိဘဲ(ဝင်ပြိုင်ပြီးမနိုင်ရင်ကုန်မှာကြောက်လို့ မထုတ်ချင်တာလဲဖြစ်နိုင်ပါတယ်) နိုင်ငံချစ်ပါတယ်အော်ပြီး နိုင်ငံရေးလုပ်စားနေသူများ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင်လဲ တိုင်းပြည်ကို ဘာမှအကျိုးပြုနိုင်မှာမဟုတ်ပါဘူး။ ဖြစ်သင့်တာကတော့ ပြည်နယ်နှင့်တိုင်းအသီးသီးမှာရှိတဲ့ ပညာအတော်အတန်တတ်၊ ကိုယ်ပိုင်စီးပွားရေးခိုင်မာပြီးတော့ ကိုယ့်ဒေသကိုတကယ်ချစ်တဲ့သူတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ကောင်းပါတယ်။ တကယ်လဲအများကြီရှိပါတယ်။ အချို့ပါဝင်ယှဉ်ပြိုင်မယ်ထင်ပါတယ်။ ဒီလိုပြောရတာက ကျွန်တော်ဟာ တပ်မတော်လုပ်သမျှ အမြင်ကပ်ကန့်ကွက်နေတဲ့သူ မဟုတ်သလို အတိုက်အခံနိုင်ငံရေးသမားတွေပြောသမျှကို မျက်စိမှိတ်ခေါင်းငြိမ့်ကာ အမြဲထောက်ခံနေသူမဟုတ်တဲ့ အတွက်ပါပဲ။ ဖြစ်သင့်တာကတော့ တိုင်းပြည်တိုးတက်ဖို့အတွက် လက်ရှိစစ်အစိုးရအနေနဲ့ ဒီထက်ပိုပြီး နိုင်ငံရေးဖိနှိပ်မှုတွေ လျှော့ကာပြည်သူကိုလက်တွဲခေါ်သင့်ပြီး တိုင်းပြည်အာဏာကိုလွှဲပြောင်းလိုချင်သူ နိုင်ငံရေးသမားများဘက်မှလဲ တိုင်းပြည်ကိုတကယ်အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိအောင်ကြိုတင်ကြိုးစား ပြင်ဆင်သင့်ပါတယ်ခင်ဗျာ။
အများစုသောကချင်တိုင်းရင်းသားတွေက တစ်မြေတည်းနေတစ်ရေတည်းသောက် ပြည်ထောင်စုသားချင်းအချင်းချင်းအေးအတူ ပူအမျှ အတူတကွ လက်တွပြီးနေချင်တယ်ဆိုတာ ကိုယ်တိုင်သိရှိခဲ့ပြီးပါပြီ။ ကချင်ပြည်နယ်နေ့အခမ်းအနား (၂၀၁၀)တုန်းက ကချင်တိုင်းရင်းသားတွေနဲ့ အတူတူနေ အတူတူစား နွေးထွေးစွာနေခဲ့ရတာကို တမ်းတနေရဆဲပါ။ ကိုယ်နေမကောင်းလို့  ကြက်ဥကြော်ကျွေးခဲ့တဲ့ ကချင်အစ်မတွေရဲ့  စေတနာကလည်း တစ်မိတည်းပေါက် အစ်မတွေထက်တောင် ပိုနေသေးတယ်လို့  ထင်ခဲ့ရပါတယ်။ ရန်ကုန်ကနေ တစ်ခါမှ မလာဘူးတဲ့ ဗမာတိုင်းရင်းသားလေးကို ကချင်လူမျိုးတွေအထွတ်အမြတ်ထားတဲ့ မနောပွဲတော်မှာ ပါဝင်ကခုန်ခွင့်ပေးခဲ့တဲ့ စိတ်စေတနာကိုလည်း နောက်တစ်ခါလာချင်စိတ်ပေါ်လာအောင် အလေးအနက်ရှိခဲ့၇ပါပြီ။
FUCK YOU simple,
၂၀၁၀ပြီးရင် အရပ်သားအစိုးရတက်လာမယ်ဆိုတဲ့စကားက အလွန်ရယ်စရာကောင်းပါတယ်ဗျာ။ တရားမဝင်အုပ်ချုပ်သော စစ်အစိုးရမှ နိုင်ငံတကာအသိအမှတ်ပြု တရားဝင်အစိုးရဖြစ်ဖို့ကြိုးစားနေတာကတော့ မျက်နှာပြောင်လွန်းလှပါတယ်။ လွှတ်တော်ရဲ့အနည်းဆုံး ၇၅% (ထိုထက်ပိုနိုင်)ရဖို့ ၁၉၉၃ ကတည်းကကြိုတင်ကြံစည်ရေးဆွဲတဲ့ ဖွဲ့စည်းပုံ၊ ၁၉၉၅ ကတည်းကအနိုင်ရဖို့စတင်ပြင်ဆင်ခဲ့တဲ့ ကြံ့ဖွတ်ရဲ့ကြိုးစားမှု၊ စစ်ဘက်ရဲ့ရှိသမျှခေါင်းဆောင်အားလုံး လူဝတ်ကြောင်လဲပြီး ဆက်အုပ်ချုပ်ဖို့ ပြင်ဆင်ပုံတွေက ယနေ့အခြေအနေထက်ပိုပြီး ပြည်သူကိုအာဏာမပေးဘူးဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားလှပါတယ်။ အန်အယ်ဒီနှုတ်ထွက်ခြင်းနဲ့ ကျန်ပါတီများရဲ့အင်အားနဲပြီး နုနယ်လွန်းခြင်း (ကျန်နိုင်ငံရေးပါတီများကတော့ လက်ရှိအစိုးရကိုပြိုင်နိုင်ဖို့ထက် သူတို့ချင်းပဲ နေရာတစ်နေရာလောက်ရဖို့ အိမ်ကြက်ချင်းအိုးမဲသုတ်ပြီးခွတ်ဖို့ ကြိုးစားနေကြပါတယ်) ကြောင့်လဲလွှတ်တော်တွင်း အတိုက်အခံဆွေးနွေးမှု ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် တိုင်းပြည်ကိုဆက်လက်အုပ်ချုပ်မည့်သူများ ယခုထက်ပိုပြီး သဘောထားပျော့ပြောင်းလာဖို့
နဲ့ ပြည်သူ့အကျိုးကိုပိုမိုထမ်းဆောင်နိုင်ဖို့ ဆုတောင်းရုံကလွဲပြီး ကျန်တာမရှိပါဘူး။ ၂၀၁၅ မှာကျင်းပမဲ့ရွေးကောက်ပွဲရောက်မှပဲ
ယခုထက်ပိုမိုကောင်းမွန်သော လွှတ်တော်နဲ့ နိုင်ငံရေးပါတီကောင်းများ ပေါ်ထွက်လာဖို့မျှော်လင့်ကြတာပေါ့ဗျာ။
ကို simple ပြောတာ မှန်ပါတယ်။ ဧပြီ လကုန်ပိုင်း ရက်စွဲပေးကတည်းက အသိသာကြီးပဲဗျာ။ ၀တပ်တွေ နယ်ခြားစောင့်ဖို့နောက်ဆုံး အကြိမ်သတိပေးပြီး ရက်သာကျော်သွားတယ်။ ဘာမှမလုပ်ရဲတာ။ ခုလည်း သြဂုတ်လကုန် ထပ် ချိန်းခြောက် တပ်တွေအရွေ့ပြ ဟန်ပဲလုပ်နေရပါတော့တယ်။ လက်နက်မရှိတဲ့ ဒေါ်စုကိုတောင် ကြောက်လွန်းလို့တုန်နေတာ လက်နက်ရှိတဲ့၊ မျိုးချစ်စိတ်အပြည့်ရှိတဲ့ ကချင်၊ ကရင်၊ ၀ တပ်တွေကို ကြောက်မယ် ဆိုတာ ယုံပါတယ်။ ကြောက်တပ်ရင် စစ်မတိုက်ပဲ လက်နက်ချပြီး ပြည်သူနဲ့အတူ ခါးချိုး လယ်လုပ် ဖို့ ၊ အေးအေးဆေးဆေး နေကြဖို့ မှူးကြီးနဲ့ စစ်သည်အပေါင်းကို အကြံပေးလိုပါတယ်ခင်ဗျား။
ကို simple ရေ…
ကို simpleြေ့ပာတာမှန်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ မဟုတ်ဘူးဗျ။၂၀၁၀ ပြီးလို့ တက်လာတဲ့ အစိုးရကလည်း စစ်တပ်ကထိန်းချုပ်ထားတဲ့ အရပ်သားအစိုးရပဲဖြစ်မှာပဲ။ဥပမာ ကြံဖွံ့ပေါ့ဗျာ။ ရှိလာတဲ့လွတ်တော်ကလဲ စစ်အစိုးရက ၇၀% လောက် ထိန်းချုပ်ထားတဲ့ လွတ်တော်ပဲဖြစ်လာမှာဆိုတော့ အခုအခြေအနေနဲ့ဘာထူးမှာလဲ…
သေချာတာတစ်ခုကတော့ ကိုယ့်နိုင်ငံကအရေးကိုတော့ စိတ်ဝင်စားပါတယ် ဒါပေမယ့် အခုရွေးကောက်ပွဲကို ဘယ်လိုမှစိတ်ထဲ
ထည့်လို့မရဘူးဖြစ်နေတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ ပြည်သူဆိုတာ ငတုံးတွေမှမဟုတ်တာ…
၂၀၁၀ ပြီးရင် အရပ်သားအစိုးရတက်လာမယ်။ လွတ်တော်ရှိလာမယ်။ နိုင်ငံရဲ့အရေးရာတွေကို လွတ်တော်ရဲ့အတိပြုချက်နဲ့ လုပ်ဆောင်ပိုင်ခွင်တွေရှိလာတော့မယ်။ ဒါကြောင့်ဒီလုပ်ဆောင်ချက်မှနိသမျ နိုင်ငံတကာမှ ကိုယ့်နိုင်ငံပြည်တွင်းရေဖြစ်တဲ့အတွက် တရားဝင်အစိုးရအနေနဲ့ ဆုံးဖြတ်ပြီးလုပ်တာဖြစ်တဲ့အတွက် ဘာမှပြသနာရှိတော့မှာမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံနယ်မြေထဲကို လက်နက်ကျဉ်ဆံတွေ မကျဖို့ပဲသတိထားစရာလိုတယ်။ နိုင်ငံတခုမှာစစ်တပ်တခုပဲရှိရမယ်။ ကျန်တာကနိုင်ငံရဲ့သူပုန်ပဲ ဒါကကမ္ဘာမှာလူတိုင်းသိပြီးသားပဲ။ တန်းတုအခွင့်ရေးတွေ၊ ဖက်ဒရယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေအကြောင်းပြပြီး ပြည်ထောင်စုထဲကနေသီခြားကိုယ့်ဘာသာနေခြင်လို့မရဘူး။ ကချင်မှမဟုတိဘူး လက်နက်ကိုင်မှန်သမျ နိုင်ငံအတွက်အထိခိုက်နည်းနည်းနဲ့ လူဦးရေး ၅၅ သန်းကျော် အကျိုးအတွက်ရည်ရွယ်ပြီး တိုက်တာ တရားသောစစ်ပါ။ ကိုယ့်တိုင်းရင်သားချင်းချင်းမတိုက်ချင်ပင်မဲ့ မြန်မာ နိုင်ငံကြီး တခုလုံးအတွက်ဒီလိုလူနည်းစုသူပုန်တွေကတော့ မပြော ပလောက်ပါဘူး။ စစ်တိုက်တာမခံချင်ရင်လက်နက်ချပြီး အေးအေးဆေးဆေးနေရုံပဲရှိပါတယ်။
You are crazy!!!!!!!!!!!!
ကို..simple.. ခင်များ..လူကောဟုတ်ရဲ့ လား….ဘာတရားသောစစ်လဲ.. ..တကယ်လို့ ကချင်လူမျိုးတွေကို .အကြောင်းမဲ့ တိုက်ကြည့် .. အသေခံဗုံးခွဲပြီးတော့ကို..ပြန်တိုက်မယ်.