ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်များတွင် ပေါ်တာ ဆွဲ သလို တွေ့ သမျှလူအကုန်ဖမ်းနေ

မြန်မာနိုင်ငံခြားရေး ၀န်ကြီးက ကုလ အထွေထွေညီလာခံ တွင် နိုင်ငံတွင်းဆင်း ရဲမွဲတေမှု တိုက်
ဖျက်မည် ဟု ပြောခဲ့ပြီး နာရီပိုင်း အကြာတွင် လှိုင်သာယာ၊ရွှေပြည်သာ၊ အင်းစိန် နှင့် မြောက်ဥက္က
လာ ပ မြို့ နယ်များ မှ ဆင်းရဲသား များ နှင့် အခြေအနေမဲ့ရ သူ အချို့ ကို စည်ပင် ရဲ များ သုံးသည့်
ကားများ ဖြင့် လိုက် လံဖမ်းဆီး သည် ဟု သတင်းရရှိသည်။

ယမန် နေ့ ည ၁၁ နာရီခန့် က လှိုင်သာယာမြို့ တွင် ညဘက်ဈေးရောင်းသူ အချို့ နှင့် ဘောလုံး
ပဲ ကြည့်ပြီး အိမ်ပြန် လာသူ အချို့ ကိုဖမ်းဆီးသွားပြီး ၊မြောက်ဥက္ကလာ ခြောက်ကွေ့ နှင့် အဝေး
ပြေးဂိတ်များ မှ အိမ်ခြေမဲ့ အချို့ ကို လည်းဖမ်းဆီးသွားသည် ဟု သတင်းရရှိသည်။

ရွှေပြည်သာတွင် ဒေသခံ များ က ပေါ်တာဆွဲ သည် ဟု ပြောကြပြီး လူငယ် နှစ်ဆယ်ခန့် ဖမ်း
ဆီးခံရသည်။နိုဝင်ဘာ ရွေးကောက် ပွဲ နီးလာပြီ ဖြစ်သဖြင့် ရဲစခန်း များက ပြစ်ဒဏ် ဟောင်း
ရှိခဲ့ဖူးသူ အချို့ ကို လည်း လိုက်လံဖမ်းဆီးနေသည်။

မြန်မာ နိုင်ငံတွင် ဆင်းရဲမွဲတေမှု ကို တိုက်ဖျက်ရာဉ် ဆင်းရဲသူများ နှင့် တောင်းစားသူများကို
ဖမ်းဆီးထောင် ချခြင်းဖြင့် ဖြေရှင်းလေ့ရှိသည်။

3 thoughts on “ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်များတွင် ပေါ်တာ ဆွဲ သလို တွေ့ သမျှလူအကုန်ဖမ်းနေ

  1. Poverty Eradication မှာ အဲဒါအမြန်ဆုံးနည်းဘဲ … ဒီနည်းကို လျှို့ဝှက်ပေးထားပါ FNG … ဂျပန်တွေ စီးပွားကျနေတော့ ခိုးချနေအုံးမယ် …

Comments are closed.