ပြင်သစ်တွင် လှိုင်းသစ် ဆန္ဒပြမှု များ စတင် ဖြစ်ပွား

France Faces New Wave Of Strikes

French strike hits flights and train services

ပြင်သစ် အစိုးရဆန့် ကျင်ရေး ၏ ကျွေးကြော်သံ  “Prisoners of work”“Time to retire Sarkozy, ပြင်သစ်ဘာသာဖြင့်” Les prisonniers de travail”  Le temps de prendre sa retraite Sarkozy

Updated ချာလ် ဒီ ဂေါ လေဆိပ် ပျံသန်းမှု ခရီးစဉ် များရပ်နားတော့မည်

ပြင်သစ်နိုင်ငံတ၀ှမ်းမှ ကြောက်ခမန်းလိလိ လူအုပ်ကြီး ပါရီမြို့ သို့ ချီတက်

ပို့ ဆောင်ဆက်သွယ်ရေး လိုင်းများ  ပြတ်တောက်

ပြင်သစ်တော်လှန်ရေး၏ အောင်မြေ ဗာဇာတီ အကျဉ်းထောင် အနီးတွင် နိုင်ငံတ၀ှမ်း
မှ တက်ကြွှသူ ခေါင်းဆောင်များရောက်ရှိ စခန်းချ

ခရီးသည် များရောက်သည့် နေရာတွင် သောင်တင်

ပါရီ ပုလိပ်မင်းကြီး က ရဲတပ်ဖွဲ့ ကို အသင့်ပြင်

ချာဒီဂေါလေဆိပ်ပျံသန်းမှုခရီးစဉ်များ ရပ်နားပါက ပြင်သစ်နိုင်ငံနှင့် လေကြောင်းခရီးစဉ် အဆက်အသွယ်ပြတ် နိုင်သည့် ဥရောပမြို့ များ (AP Photo/Flightradar24.com)

 

မာဆေးမြို့ တွင်ယနေ့ ည ဉ်ဆန္ဒပြလူအုပ်ကြီး မီးတုတ်များဖြင့်ချီတက်စဉ်

ဆန္ဒပြ လူအုပ်ကြီး အား ရှောင်အယ်လီဇေ လမ်းတွင် ချီတက်နေစဉ် တွေ့ ရစဉ် Photo : Le Monde

မြေပေါ် ၊မြေအောက် ဘူတာရုံများ တွင် ခရီးသည်များ သောင်တင်

ပါရီတွင် လူစုလူဝေးကြီး စတင်ချီတက်လာစဉ်

နောက်နှစ်နာရီ တွင်ပြင်သစ် နိုင်ငံတ၀ှမ်း အထွေထွေ သပိတ်ကြီးဆင်နွှဲတော့မည်ဖြစ်သည်။

ပြင်သစ် သမ္မတ ဆာကိုဇီရဲ့ အသက် ၆၀- ၆၂ နှစ် ပင်စင်လစာများ ပြန်လည်ပြင်ဆင်မှု အစီအစဉ်သစ်အပေါ်
မကျေနပ်မှုကြောင့် အလုပ်သမားသမ္မဂများမှ ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်နေကြသည်။

ဆန္ဒပြပွဲ ၂၃၀ ထက်မနည်း ပြုလုပ်သွားမှာဖြစ်ပြီး မီးရထား၊ လေကြောင်း၊ မြို့ပြဆက်သွယ်ရေးများ ပြတ်
တောက်အောင် ကြိုးစားမည်ဟု သမ္မဂများက ဆိုသည်။ အလုပ်သမား တစ်သန်းကျော် ပါဝင်မည်ဟု
ခန့်မှန်းကြသည်။ သမ္မတ ဆာကိုဇီက ဘတ်ဂျက်လိုငွေကို ဖြေရှင်းဖို့ ပင်စင်စားများ ထောက်ပံ့မှုလျှော့ချဖို့ လိုကြောင်း
ပြောသည်။

မကြာခင် ကျင်းပမည့် ဆန္ဒပြပွဲ တွင် လူနှစ်သန်း ခွဲကျော် ပါဝင်ဆင်နွှဲမည် ဟု ဆိုသည်။

ပြင်သစ် နိုင်ငံသည် ဂျစ်ပစီ ဟု လူသိများသည့် ရိုးမားလူမျိုး ထောင်ပေါင်းများစွာကို အရှေ့ဥရောပနိုင်ငံများသို့ ပြန်ပို့ရန်
သမ္မတ နီကိုလတ်စ် ဆာကိုးဇီး ပြီးခဲ့သောလက ဆုံးဖြတ်ခဲ့သဖြင့် ဥရောပအိမ်နီးချင်း နိုင်ငံများကရော၊ ပြည်တွင်းရှိ
လူ့အဖွဲ့အခွင့်အရေးအဖွဲ့များကပါ အပြင်းအထန် ဝေဖန်ဆန့်ကျင်ခဲ့ကြသည်။ ပြင်သစ်သည် ကုလလုံခြုံရေးကောင်စီ
အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည်။ အဆိုပါ ရိုးမားလူမျိုးများသည် ဥရောပသမဂ္ဂဝင် နိုင်ငံသားများဖြစ်သဖြင့်
ဥရောပသမဂ္ဂဝင် နိုင်ငံများတွင် မည်သည့်နိုင်ငံ၌မဆို တရားဝင် နေထိုင်ခွင့်ရှိသည် ဟု မဇ္ဈိမ သတင်းဌာန တွင်ဖော်ပြ
ထားသည်။

ပဲရစ်မြို့ ချားလ်ဒီဂေါလ် လေဆိပ်နှင့် အခြားလေဆိပ်များရှိ လေယဉ်အ၀င်အထွက် ၄၀ ရာခိုင်နှုန်းကျော် ရပ်တန့် သွားခဲ့သည်။

ဆန္ဒပြ မည့် သူများသည် သမ္မတ နီကိုလစ် ဆာကိုဇီ ၏ စီမံခန့် ခွဲမှု ညံ့ဖျင်း ခြင်း ကို ဦးတည် ၍ ဆန့် ကျင်ပြသမည်ဖြစ်ပြီး
မနက်ဖြန် ဆန္ဒပြ ပွဲ များ ကြီးထွား လာပါက ပြင်သစ် နိုင်ငံ၏ ပို့ ဆောင်ရေးသာမက ဥရောပတိုက်၏ ပို့ ဆောင်ရေးပင်ရပ်
တန့် သွားမည် ဖြစ်သည်။

အစိုးရက လည်း ပါရီ နှင့် ဆိန်း မြို့ များ တွင် လုံခြုံရေး တပ်ဖွဲ့ များ ကို အသင့်ပြင်ထားသည်။

သတင်း BBC

2 thoughts on “ပြင်သစ်တွင် လှိုင်းသစ် ဆန္ဒပြမှု များ စတင် ဖြစ်ပွား

Comments are closed.