Myanmar officials now say Aung San Suu Kyi can vote in poll

နိုဝင်ဘာလ ၇ ရက် နေ့ ဉ်ကျင်းပမည့် မြန်မာ စစ်အစိုးရ၏ ရွေးကောက် ပွဲ တွင် နေအိမ်အကျယ်ချုပ်
ချမှတ် ခံနေရသည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် မဲပေးပိုင် ခွင့်ရှိသည် ဟု ယနေ့ ထုတ်ပြန် ကြေငြာလိုက်သော် လည်းရွေးကောက် ပွဲ ကျင်းပမည့် နေ့ တွင် မပြီးဆုံးသေးသည့် နေအိမ် အကျယ်ချုပ် ကြောင့် ပြင်ပသို့ လွတ်လပ်စွာ ထွက်ခွာ ခွင့် မရ ဟု
တစ်ဆက် တည်းကြေငြာခဲ့သည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက် ပွဲတွင် မဲပေးခွင့် ပေးခြင်း သည့် ၎င်းတို့ ၏ ရွေးကောက် ပွဲ အခြေအနေ ဘေးကျပ်နံကျပ် ဖြစ်နေမှု များ ကို ကျော်လွှား လို၍ ဟု ရန်ကုန် ခရိုင်
ကျောင်းသားများ သမဂ္ဂ မှ တာဝန်ရှိ သူ တစ်ဦး က Freedom News Group သို့ ပြောသည်။
သူတို့ က နိုင်ငံတကာ မှာ မျက်နှာပန်း လှ ပြီး ရွေးကောက်ပွဲ ကို တစ်နည်း တစ်ဖုံ တရားဝင်မှု ဖြစ်
အောင် လုပ်တာ၊ဒေါ်စု ကတော့ မဲပေးမလား မပေးမလား မသိဘူး ဟု ဟု သူ၏ အမြင်ကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် မဲပေးပိုင်ခွင့် ရှိသည် ကို စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်
အား အကြောင်းကြားထားပြီး ဖြစ်နိုင်သည် ဟု သိရသည်။
မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် သတင်းနှစ်ပတ် အတွင်း က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အား ရွေးကောက်ပွဲ ဥပဒေ အရ တရား မ၀င် ဟု ကြေငြာကာဖျက်သိမ်းခဲ့သည်။
စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက်ပွဲ သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်သက်တမ်း မပြည့်
ခင် အချိန် ရက်ပိုင်း အလိုတွင် ကျင်းပခြင်းဖြစ်သည်။
အသက် ၆၅ နှစ် အရွယ်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၉ ခုနှစ် မေလ
အတွင်းက အိမ်အတွင်း သို့ ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော အား လူသားချင်းစာနာသောအားဖြင့်လက်ခံထားမှုကြောင့် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခြင်းခံ ခဲ့သည့်
ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတော
အတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် ကာလတွင် ၁၅ နှစ် ကျော် ထိန်းသိမ်းခံ ဘ၀ ဖြင့်နေထိုင်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အားမဲပေးပိုင်ခွင့်ရှိသည် ဟု သတင်း ထုတ်ပြန်ချက်မှာ ကုလသမဂ္ဂ အထွေထွေ
ညီလာခံကျင်းပနေ ချိန် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ကနဦး ရွေးကောက် ပွဲ မဲပေးခွင့် ရှိ
သူများ စာရင်း ကို ကြေငြာရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါရှိ ဟု သိရသည်။

As a Myanmar citizen,she has the right to vote as well as the right to remain silence.
မဲပေးခွင့်ရှိတယ် ဆိုသော်ငြားလည်း လွတ်လွတ်လပ်လပ် ကြီးမဟုတ်သေးဘူး