India’s dash to prep for Games


အိန္ဒိယ နိုင်ငံ နယူးဒေလီတွင် အောက်တိုဘာ ၃ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပမည့် ‘၂၀၁၀ ဓနသဟာရ နိုင်ငံများ အားကစားပွဲ’ (2010 Commonwealth Games) ပြင်ဆင် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် ကလေးလုပ်သား ခိုင်းစေမှု အများအပြား ရှိနေကြောင်း သက်သေ အထောက်အထားများ နှင့်အတူ တွေ့ရှိရသည်။
နယူးဒေလီတွင် ကလေး လုပ်သား ခိုင်းစေမှု များပြားနေမှုနှင့် ပတ်သက်ပြီး ဟားဗတ် တက္ကသိုလ် လူကုန်ကူးမှု လိုက်လံ ချောင်းမြောင်းနေတဲ့ ပညာရှင် Siddharath Kara ကို စီအင်အင်က တွေ့ဆုံ မေးမြန်းခဲ့သည်။
“ဓနသဟာရ အားကစားပွဲ တည်ဆောက်မှုတွေ လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကလေးလုပ်သား ပြဿနာ အထောက်အထား ၃၂ ခု ဓါတ်ပုံ ဗွီဒီယို အထောက်အထားနဲ့ မှတ်တမ်း တင်နိုင်ခဲ့တယ်။ ကျနော် မြင်ခဲ့ရတာတွေက ကလေးတွေ ကျောက်တုံးတွေမ၊ မနိုင်မနင်း တူနဲ့ထု၊ လမ်းခင်း၊ လမ်းတလျှောက် မြက်ခင်းစိုက် လုပ်နေရတယ်”
“ ၇ နှစ်၊ ၈ နှစ်၊ ၉ နှစ်၊ ၁၀ နှစ် ရှိတဲ့ ကလေးတွေ အများကြီးပဲ။ မိဘတွေနဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းတွေထဲက ရွှံဗွက်တွေထဲမှာ ရှိနေတာတွေ မှတ်တမ်း ရိုက်ခဲ့တယ်၊ ခြုံပုတ်တွေ သစ်ပင်တွေအောက်မှာ အလေးအပေါ့ သွားနေကြတာတွေပါ ပါတယ်” ဟု Kara က ပြောပြသည်။ ကင်မရာ မှန်ဘီလူး ကောင်းကောင်းဖြင့် အဝေးမှ ဆွဲယူ ရိုက်ခဲ့ကြောင်း ပြောသည်။
စီအင်အင် သတင်းဌာနမှ Kara ရဲ့ စွတ်စွဲချက်များအပေါ် နယူးဒေလီမှ ဆောက်လုပ်ရေး ၀န်ကြီး Sheila Dixit ကို ဆက်သွယ်မေးမြန်းကြည့်ရာ သူမက “ဒီလူဟာ ဟားဗတ် တက္ကသိုလ်က လူကြီးလူကောင်း ဖြစ်ပါရဲ့နဲ့ ခိုးကြောင်ခိုးဝှက် လုပ်တယ်။ ကျမတို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ လာမတွေ့ဘူး” ဟု ပြန်ဖြေသည်။
သတင်း CNN

အော်ကိုsimpleရယ်ကိုတော်ဘုရားရှင်ပြောသလိုပေါ့ဗျ။(ယောနိသော နမသီကာရ)တဲ့ ဗျ။အသင့်တင့်နှုလုံးသွင်းထားလိုက်ပါ။
သူများတွေသွားမပြောနဲ့ ဒီမှာတောင်မှဆင်းရဲပွဲတေမှုရှော့ချတရ်ဆိုပြီးတော့ကောက်တိုခလေး လေးတွေ။မိဘမဲ့ လမ်းပေါ်ကခလေး
တွေကိုတောင်မှ ဆွဲနေတာကြတော့ကော။ဘင်္ရလိုပြန်တွေးကြမလဲဗျ။ကျွန်တော်သိသလိုပြောပြရရင်တော့။(ကုိၾကီး/ညီၤေလး/
ညီလေး/ကိုကြီး)ဆို၇ပြိထင်တရ်ဗျ ။ ။
<
>> ခါတော်မှီ.. ရီစရာတော့ တော်တော်ကောင်းသား လူတွေရဲ့စိတ်တွေ… နားလည်ပေးခြင်တော့လည်း ဘာပဲဖြစ်ဖြစ် အကောင်းဖြစ်အောင်ရေး နားလည်ပေးတက်သားပဲ။ အဲဒါကြောင့်ဘုရားကဟောတာ အရာရာတိုင်းကို အစွန်းမရောက်ပဲ အလယ်လတ် စဉ်းစာတွေးခေါ်လုပ်ဆောင်နိုင်ဖို့။ ဘာဖြစ်လို့လည်းဆိုတော့ အရာရာတိုင်းက ကိုယ်မလုပ်လည်း သူ့ဘာသာ သူအကျိုးကြောင်းနဲ့စပ်ဆက်ပြီးဖြစ်နေတာပဲ။ ဒါတွေကိုလူတွေက လောဘ၊ဒေါသ၊မောဟ တွေနဲ့ ကိုယ်ဖြစ်ချင်တာတွေလိုက်လုပ်နေတာပဲ။ ဒီလိုသတင်းဓါတ်ပုံမြန်မာပြည်အနေနဲ့သာဆိုရင် ဘယ်လိုရေးမလဲဆိုတာ တွေးပြီး ပြုံးမိပါတယ်။
ကလေးတွေ မုန့် ဖိုးရအောင် နေမှာပါ