ရွှေဝါရောင်တော်လှန်ရေး ၃နှစ်ပြည့်အခမ်းအနားကို ဒုက္ခသည်စခန်းတွင်ကျင်းပ

အောင်မြင် ၊ရွှေဝါရောင်တော်လှန်ရေး ၃နှစ်ပြည့်အခမ်းအနားကို ထိုင်းနိုင်ငံ၊အုန်းပြန့်ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အခမ်အနားသို့ တက်ရောက်လာသောသံဃာတော်များက မေတ္တာပို့ ဆုတောင်းပြီးနောက် သံဃာတော်အပါး (၁၂၀)အား (ဒံပေါက်)ဖြင့်နေ့ ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။ ဆွမ်းကပ်လှူပြီး အခမ်းအနားအစီအစဉ်ကို နေ့လည် ၁၂ နာရီတွင် စတင်ကြောင်း ကော်မတီဝင်တဦးက Freedom News Group သို့ပြောပြပါသည်။

အခမ်းအနားကို သဘာပတိအဖြစ် ဥူးနန္ဒမာလာ(ABMA )မှ အဖွင့်အမှာစကားပြောကြားပြီး ရွှေဝါရောင်တော်လှန်ရေးတွင် ကိုယ်တိုယ်ပါဝင်ဆင်နွဲခဲ့သော ရဟန်းသံဃာတော် တို့ ကိုတွေ့ဖြစ်ရပ်များကိုပြောကြားပြီး ဒုက္ခသည်စခန်းအတွင်းရှိ တိုင်းရင်သားအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ NCGUB , NLD ( LA ), မိုးကြိုးဂျာနယ်နှင့် နိုင်ငံခြားသားဧည့်သည်များ ဖြင့်တက်ရောက်သူ အင်း၃၀၀ကျော်ခန့်ရှိကြောင်းပြောပြပါသည်။ “မိမိတို့ဒုက္ခသည်စခန်းအတွင်းကနေ

ရွှေဝါရောင်တော်လှန်ရေးကာလမှာ အသက်စွန့်သွားတဲ့သံဃာတော်တွေ၊ယနေ့တိုင်ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ သံဃာတော်တွေ အတွက် မမေ့ကြဘူးဆိုတာက သိစေချင်လို့ “ အခက်အခဲတွေကြားကနေ အားလုံးဝိုင်းကြိုးပမ်းကြပြီး ယ္ခုအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောပြပါသည်။