Updated: နောက်ဆုံးရ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီးပုဂ္ဂလ အဖြစ်ရွေး
ကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပင်ပြုမည် ဟု သတင်းများ ထွက်ပေါ်နေသည်။
ဟိန်းခိုင်ထွန်း၊ ၊နိုဝင်ဘာလ ၇ ရက် နေ့ ဉ်ကျင်းပမည့် မြန်မာ စစ်အစိုးရ၏ ရွေးကောက် ပွဲ တွင် နေအိမ်အကျယ်ချုပ်ချမှတ် ခံနေရသည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင် မဲပေးပိုင် ခွင့်ရှိသည် ဟု စစ်အစိုးရက ထုတ်ပြန် ကြေငြာလိုက် ပြီးနောက် တွင် ပြည်တွင်း ပြည်ပရောက်မြန်မာ ပြည်သူလူထု က ထိုနေ့ တွင် ဒေါ်အောင်ဆန်းစုကြည် မဲရုံသို့ သွား မသွား သိချင်နေကြသည် ဟု သတင်း ရရှိသည်။
ပဲခူးမြို့ မှ ဆေးရုံကြီး မှ ဆရာဝန် တစ်ဦး ကမူ “ဒေါ်စု မဲ၊ပေးမပေး ကို ပဲ ကျွန်တော် တို့ သိချင်တာ မဲပေး
တာ မပေးတာ က သူ့ ရဲ့ အခွင့်အရေးဖြစ်တဲ့ အတွက် ကျွန်တော်ဘာမှ မပြောလိုဘူး ..အေး ..ဒေါ်စု မဲမပေး
ဘူးဆိုရင် ကျွန်တော်လည်း မဲမပေးဘူး ဒေါ်စု ပေးမယ်ဆိုရင် ကျွန်တော် လည်း ပေး မယ် ဟု သူ၏ သဘောထား ကို Freedom News Group သို့ ပြောသည်။
နေအိမ် အကျယ် ချုပ် ချခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ၏ သဘောထား ကို သိနိုင်ရန်မှာ စေတမန် အဖြစ်ဆောင်ရွက်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့ နေကြီး ဖြစ်သူ ဦးဥာဏ်ဝင်း ဒေါ်အောင်ဆန်း
စုကြည် နှင့် တွေ့ ဆုံပြီး မှ သိရမည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အား ရွေးကောက်ပွဲတွင် စစ်အစိုးရ မှ မဲပေးရန် တစ်ဖန် ပြန်၍ ခွင့်ပြုခြင်းသည် နိုင်ငံရေးထောင် ချောက် ဟု သုံးသပ် သူများ ရှိ သလို အချို့ က လည်း နအဖ ၏ ရွေးကောက်ပွဲ ဥပဒေ နှင့်ပင်
မညီ ဟု သုံးသပ်မှုများ ရှိသည်။
စင်္ကာပူ နိုင်ငံ တွင် ကွန်ပျုတာ ပရိုဂရမ် မာ တစ်ဦး အဖြစ် လုပ် ကိုင် နေသူ တစ်ဦး ဖြစ်သည့် ကိုညီညီ ကမူ
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၁၉၉၀ ရွေးကောက် ပွဲ ရလာဒ် ကို သာ ဆုပ်ကိုင်ထားပြီး ရွေးကောက်ပွဲတွင်
မဲပေး မည် မဟုတ်ကြောင်း သူ၏ ထင်မြင် ချက် ကို ပြောသည်။
လိမ်လည် လှည့်စား ကောက်ကျစ် ယုတ်မာပြီး ဆင်သေ ကို ဆိတ်သရေ နှင့် ဖုံးတတ်လေ့ရှိ သည့် မြန်မာ စစ်အစိုးရ သည် ဒေါ်အောင်ဆန်းစုကြည် ဘေးကျပ်နံကျပ် အခြေအနေဖြစ် ပြီး ပြည်သူ နှင့် ဝေးကွာအောင် အမြဲ ဖန်တီးလေ့ရှိသည်။

မင်းလိုဦးနှောက်မရှိတဲ့ သူဆိုရင်လေဘင်္ရသူ့ ကိုသူ့ကို(ဒေါဆု)ဆိုပြီးတော့အရေးထားမှာမဟုက်ဘူးကွ။မင်းလိုစိတ်နဲ့ မနှိုင်းနဲ့ ကွ
idiotရတော်တော်လေးရိုင်းသွားမင်္ရကွ။နိင်ငံရေးပရိယာယ်မရှိတဲ့ နိုင်ငံမရှိသလိုရှိပြိးတော့ကောင်းတဲ့နိုင်ငံကောရှိလို့ လား။
ပြိးတော့မင်းရေးတဲ့ စာတွေကတော်တော်လေးခလေးလိုလိုခွေးလိုလိုနဲ့ ခလေးနဲ့ ခွေးကြားမှာဘဲ၇ှိတင်္ရ။မင်းတောင်မှတခ်ါတလေ
ငယ်ငယ်ကကိစ္စတွေမပြောဘူးလား။ဒါတောင်မင်းလို့ဘာမှမဟုက်တဲ့ ကောင်နော်။နအဖလုိအုပ္ခ်ုပ္ချ ့တဲ ့သူကေတာ့ၾကြားမွာေါပ ကြ။မင်းတောင်မှမင်းရှိတဲ့ အသီလေးကိုကြွားပြိးတော့လာရေးသေးတာဘဲမဟုက်ဘူးလား။မင်းလိုတစ်လုံးချင်းသင်နေရတ့ဲကောင်
တွေ/တန်ဖိုးနဲ့ တန်ကြေးမကွဲပြားတဲ့ ကောင်တွေ/လုက်ပိုင်ခွင့် နဲ့ လွက်လက်မှုကိုမကွဲပြားတဲ့ သူတွေတော်တော်လေးများနေ
ုလို့ဒို့ဒွေဒီအချိန်ထိကိုစမ်းတ၀ါးဝါးနဲ့ လျောက်နေရတာကွ။မင်းနောက်ခ်ါသေသေချာချာလေ့လာ။စင်းစားမင်းပထွေးတွေနြ့ ပါ
တိုင်ပင်ပြိးမှfree domမှာလာရေးကွ။သိလား။ ။
ဒေါ်စုက government of the day ပါတီကို မဲပေးခဲ့ရင် ဘယ်လိုလုပ်မလဲ…. နိုင်ငံရေးဆိုတာ လှည့်ကွက်တွေချည်းပါပဲ. ဘယ်နိုင်ငံမှာများ ရိုးသားတဲ့ နိုင်ငံရေးပရိယာယ်ဆိုတာ ရှိခဲ့လို့လဲ.. တကယ်တော့ နအဖ အစိုးရ တော်တော်ညံ့ပါတယ်.. နိုင်ငံရေးပရိယာယ်ကို လှလှပပ မသုံးတတ်ဘူး..
ငယ်ငယ်တုန်းက ရွှေထီးဆောင်းခဲ့တာကို ဘာလို့ပြန်ပြောနေကြတာလဲ.. နောက်တစ်ခါရွှေထီးဆောင်းရမယ့် အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ဘာလို့ give up လုပ်ခဲ့တာလဲ.. ကြည့်ရတာ.. သူလည်း သူ့နောက်လိုက်မယ့် သူ့လူတွေရဲ့ ဦးနှောက်တွေကို အားမရဘူးထင်ပါတယ်..ဒါကြောင့် သူ့ပါတီကို ရွေးကောက်ပွဲမ၀င်ခိုင်းတာနေမှာပေါ့.. သူ့လူတွေက သူ့သိက္ခာကျလောက်အောင် အရည်အချင်းရှိနေကြလို့ နေမှာပေါ့.. ဟိ. ဟိ