Burmese Exile Media Web Sites Under Attacks Again

ဟိန်းခိုင်ထွန်း၊ကိုဦး ၊ ၊ထိုင်း နိုင်ငံချင်းမိုင် မြို့ တွင် အခြေစိုက်သော မြန်မာ သတင်းဌာန တစ်ခုဖြစ်သည့် ဧရာဝတီ သတင်းဌာန နှင့် နော်ဝေ နိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ သတင်းဌာန အင်တာနက်စာမျက်နှာများမှာDDoS စနစ်ဖြင့် တိုက်ခိုက်မှု ခံရသည် ဟု သတင်းရရှိသည်။
ထိုသို့ တိုက်ခိုက်ခံရမှု များကြောင့် ဧရာဝတီ သတင်းဌာန ၏ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် သတင်းတင်ဆက်ထားသည့် စာမျက်နှာများမှာကြည့်ရှု ၍ မရဖြစ်ခဲ့သည်။ ယခု တိုက်ခိုက်မှု နှင့်ပတ်သက်၍ ဧရာဝတီ သတင်းဌာန ၏ တည်ထောင်သူ နှင့် အယ်ဒီတာချုပ် ဖြစ်သူဦးအောင်ဇော်က ယခုတိုက်ခိုက်ခံရမှု မှာ ၂၀၀၈ ခုနှစ်နောက် ပိုင်းတွင် ဒုတိယမြောက် အကြီးမားဆုံးဖြစ်ပြီး ပို၍ လည်းစွမ်းအား ပြင်းထန် လာသည် ဟု Freedom News Group သို့ ပြောသည်။
မြန်မာ စစ်အစိုးရကိုယ်တိုင် ဆိုင်ဘာရာဇ၀တ်မှု များတွင် ကျွမ်းကျင်မှု များရှိလာကာ ၎င်းတို့ ကိုယ်တိုင် ဆိုင်ဘာနယ်ထဲ ၀င်လာသည် ဟု ထင်ရကြောင်း ယခင်က ဆိုင်ဘာ နယ်တွင် သူငယ်တန်း အဆင့်သာ
ရှိသည့် မြန်မာ စစ်အစိုးရ မှာ ထိုလုပ်ငန်း များ တွင် ပို၍ ကျွမ်းကျင်ပြီး လက်ပွန်းတတီးဖြစ်လာပုံရကြောင်း
Web Master များက သုံးသပ်ပြောကြားသည်။
မဇ္ဈိမ သတင်းဌာန ၏ မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာသာဖြင့် သတင်းတင်ဆက်ထားသည့် စာမျက်နှာများမှာလည်း ယမန် နေ့ ကတည်းက ကြည့်ရှုမရ ဖြစ်နေသည်။
ပြည်ပ သတင်းဌာန များ ၏ အင်တာနက် စာမျက်နှာ များ အားယခု တိုက်ခိုက်မှု မှာ ၂၀၀၇ ရွေဝါရောင်
တော်လှန်ရေး နောက်ပိုင်းတွင် နှစ်ကြိမ် ထက်မနည်းရှိသွားကာ တိုက်ခိုက်မှု အသေးများမှာ မရေမတွက်
နိုင်အောင် ရှိသည်ပြီးလွန်ခဲ့သည့် သတင်း ပတ်များ အတွင်း Burmese Hackers အမည်ဖြင့် ဧရာဝတီ ၏ အွန်လိုင်း ရင်းမြစ် တစ်ခု သို့ ဝင်ရောက် ကာ သတိပေး အမှာစကားထားခဲ့သည် ဟု ဦးအောင်ဇော်က ပြောသည်။
တိုက်ခိုက်မှုများ အား ကျွမ်းကျင် သူများ နှင့် စစ်ဆေးနေပြီး မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်
ကို ဧရာဝတီ သတင်းဌာန ၏ မိတ်ဆွေများ က စုံစမ်းနေသည် ဟု သိရသည်။ဧရာဝတီ အပါအ၀င်
အခြား မြန်မာ သတင်းဌာန များ မှာ စာဖတ်သူများ အတွက် လတ်တလော အင်တာနက်စာ
မျက်နှာများ ဖြင့် သတင်းတင်ဆက်မှု များ မပြတ်လပ်ရအောင် စီစဉ် ထားပြီး အချိန် တိုအတွင်း
မူလ စာမျက်နှာ ကို ပုံမှန် အတိုင်း ပြန်လည် စီစဉ် တင်ဆက်မည် ဟု ပြောသည်။
မြန်မာစစ်အစိုးရ ၏ သတင်းအမှောင်ချမှု များကြောင့် သတင်း ငတ်မွတ်နေသည့် မြန်မာပြည်
သူ လူထုမှာ သတင်းဌာနများ ၏ အင်တာနက်စာမျက်နှာများ ကြည့်ရှုမရခြင်း အား ဖြစ်နိုင်သည့်
နည်းပေါင်းစုံဖြစ်ကျော်လွှား မည် ဟု ဆိုသည်။
နေ့ စဉ် အင်တာ နက် ပုံမှန် သုံးဆွဲ သူ တစ်ဦးက စနေနေ့ လောက်ကတည်းက ဘယ်ဝဘ်ဆိုတ်မှ ကြည့်
လို့ မရတော့ ဘူး သတင်းဌာန တွေ အကုန် ပဲ၊ ဒီနေ့ တော့ ဆိုင်ရှင် က ပြောတယ် အခုရက်ပိုင်း
အတွင်း ပြည်ပ သတင်းဆိုတ်တွေ မကြည့်ပါနဲ့  သူတို့ လာ စစ်တာရှိမယ် လို့ ကျွန်တော့်ကို သတိပေး
တယ်၊အခု ကျွန်တော် လဲ မကြည့်ရဲ သေးဘူး မေးထဲ ရောက်လာတဲ့ သတင်းတွေ လောက်ပဲ ဖတ်တယ်။
ပရောက်စီ သုံးပြီး ကြည့်ရင်တော့ ရတယ် ဟု ပြောသည်။
ပြည်ပ အခြေစိုက် သတင်းဌာနများ ၏အင်တာ နက်စာမျက်နှာ များ ကိုအင်တာနက် ဆိုင်များတွင်
ကြည့်ရှုပါ က ကြံ့ဖွံ့ နှင့် စွမ်းအားရှင် များ က စောင့်ဖမ်းမည် ဆိုသည့် သတင်းများ ထွက်ပေါ်နေ
ကြောင်း ရန်ကုန်မြို့  ရေကျော်မှ အင်တာနက် ကဖေး ဖွင့်ထားသူ တစ်ဦးက Freedom News Group
သို့ ပြောသည်။
အီရန် နိုင်ငံတွင်မူ တစ်နိုင်ငံလုံးနီးပါး Stuxnet အမည်ရှိ ကွန်ပျူတာ ဗိုင်းရပ်(စ်) တိုက်ခိုက်မှုကြုံတွေ့ 
နေ ရသည် ။
