DKBA တပ်ဖွဲ့ဝင်ပိုင်အိမ်ကို ချိတ်ပိတ်သိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို ဒေသခံတို့ စိုးရိမ်

စစ်အစိုးရတပ်ဖွဲ့ ဝင်များ ၏ ဖိအားပေးခံမှု ကို ခံနေရသည့် DKBA တပ်ဖွဲ့ ဝင်များ

အောင်မြင်၊    ၊လွန်ခဲ့သည့်စက်တင်ဘာ၂၁ရက်ညနေပိုင်းကDKBAမှဗိုလ်စောကျော်သက်သက်နှင့်
အဖွဲ့သည် မြ၀တီရဲစခန်းကိုလက်နက်နှင့်ဝိုင်းပြီး DKBA  ၉၀၁တပ်ရင်းနှင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ ၆၆၉ တပ်ရင်းပိုင် တရားမ၀င်လိုင်စင်မဲ့ကားများပြန်တောင်းမှုဖြစ်ခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးမှ ဗိုလ်စောကျော်သက်နှင့် အဖွဲ့အားဖမ်းဆီးမိန့်ထုတ်ခဲ့သည်။

မြ၀တီရဲစခန်းမှလည်း စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီရဲစခန်း၌အမှုဖွင့်လှစ်ပြီး“ဥပဒေနှင့်အညီသိမ်းဆည်းထားသော မော်တော်ယာဉ်များကို လက်နက်များဖြင့်ချိန်ရွယ်လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူအထိတ်တလန့် ဖြစ်အောင်ပြုလုပ်ခြင်းစတဲ့ပုဒ်မများဖြင့်ရဲအုပ် စခန်းမှူးအောင်မျိုးလွင် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်
ဟု Kaowao  သတင်းဝက်ဆိုဒ်တွင်ဖေါ်ပြထားသည်။

ဗိုလ်စောကျော်သက်နှင့်အဖွဲ့ မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံအယူခံဝင်သော်လည်း လက်မခံသောကြောင့်အခြေစိုက်စခန်းမှ ရှောင်တိမ်းသွားကြသည်ဟုသိရသည်။

စက်တင်ဘာ ၂၆ရက်နေ့ညနေပိုင်းတွင် သင်္ကံန်းညီနောင်အခြေစိုက် စစ်ဗျူဟာမှုး ဗိုလ်ကြီးကျော်နိုင်ဦး ဦးဆောင်ပြီး စရဖအဖွဲ့ဝင်များမှ ကရင်ပြည်နယ်၊မြတီမြို့ အမှတ် ( ၄ )ရပ်ကွက်ရှိ DKBA ဗိုလ်စောကျော်သက် ပိုင်ဆိုင်သော အိမ်အား ချိတ်ပိတ်သွားကြောင်း ၄င်းရပ်ကွက်နေထိုင်သူတဦးက Freedom News Group သို့ပြောပြခဲ့သည်။ ထိုသို့ စစ်တပ်မှ ချိတ်ပိတ်အပြီး နာရီအနည်းငယ်အကြာ ည ( ၈ )နာရီခန့်အချိန်တွင် DKBA တပ်ရင်း ၉၀၁ နှင့် ကရင်ငြိမ်းချမ်းရေး တပ်ရင်း ၆၆၉ မှ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အမှတ် ( ၄ )ရပ်ကွက် ရာအိမ်မှုး အငယ်လေးဆိုသူအား ခေါ်ပြီး၊ ဗိုလ်စောကျော်သက်၏ အိမ်သော့တောင်းရာမှာ မရသောကြောင့် သေနတ်ဒင်များဖြင့် ထုရိုက်ခံခဲ့ရသည်။ အငယ်လေးအား မြ၀တီဆေးရုံသို့ရပ်ကွက်မှပို့ဆောင်ခဲ့သည်။

အငယ်လေးသည် သေနတ်ဒင်နှင့် ထုရိုက်ခံရသောကြောင့် နှာခေါင်းရိုးကျိုး၊နောက်စိဦးခေါင်း
ကွဲပြီး ဦးဏှောက်ထိခိုက်မှုကြောင့် အခြေအနေဆိုးရိမ်ရကြောင်း မြ၀တီဆေးရုံမှ တာဝန်ကျဆရာမတဦးကပြောပြပါသည်။

ထိုသို့ နယ်ခြားစောင့် တပ်အသွင်မပြောင်းသေးသော တပ်ရင်းတပ်ဖွဲ့များနှင့် စစ်အစိုးရတပ်ဖွဲ့များအကြား စီးပွားရေးကိစ္စမပြေလည် မှုများကြောင့် မကြာခင် စစ်ပွဲများဖြစ်လာနိုင်သည်ကို စိုးရိမ်နေကြကြောင်း မြ၀တီမြို့ရှိ စီးပွားရေးသမားတဦးကပြောပြပါသည်။

၎င်းက ထိုသို့ စစ်ပွဲများဖြစ်လာနိုင်သလို ကရင်အဖွဲ့တွေ ပူးပေါင်းပြီးပြန်လည် တိုက်ခိုက်လာနိုင်မှုတွေကြောင့် မြ၀တီဒေသခံများမှာ ရွေးကောက်ပွဲမဲပေးခွင့်လည်း မရှိတော့ကြောင်း၊နယ်စပ်ကုန်သွယ်ရေးမှာလည်း တံတားပြန်လည်မဖွင့်ပေးတဲ့အပြင် တိုက်ပွဲများကြောင့် ကုန်သွယ်ရေးဆိုးဝါးသွားနိုင်ကြောင်းများ ပြောပြခဲ့သည်။

4 thoughts on “DKBA တပ်ဖွဲ့ဝင်ပိုင်အိမ်ကို ချိတ်ပိတ်သိမ်းမှုကြောင့် တိုက်ပွဲများဖြစ်ပေါ်လာမှာကို ဒေသခံတို့ စိုးရိမ်

  1. စရဖ ဆိုတာဘာကိုပြောတာလည်းဆိုတာသိချင်ပါတယ်။ ကျေးဇူးပြုပြီးကျွန်တော့် Mail ကိုပို့ပေးစေလိုပါတယ်။ ဒီကသတင်းတွေကို ပြန် Forward လုပ်တာ၊ “စစ်တပ်ထဲကလူတောင်မသိ ဘူး။ဘာလဲ စရဖ ဆိုတာ” ဆိုပြီးမေးလာပါတယ်။ Typing Error ဖြစ်မှာပါလို့ပဲပြန်ဖြေလိုက်ရပါတယ်။
    ကျေးဇူးပါ

  2. နေကြပါဦးကွာ။အချိန်နြ့ အခးဆိုတာရှိသေးတရ်ဟ။စစ်မရောက်ခင်သူတို့လိုလူတွေကျည်ကုန်လို့ မရဘူးလေ။ပြီးတော့သူ့ တို့ကိုလဲ
    စောင့် ကြည့် ပါဥိးလူမှုဆက်ဆံရေးအနေနဲ့ ကြည့် ရင်တောင်မှသူတို့ ကအသုံးချခံတွေလား။အသုံးချတဲ့ သူတွေလားဆိုတာကို
    ပေါ့ ။ရှိတော့ရှိသင့်တာပေါ့ ။ခုထက်ထိတော့တွေ့ရတာလမ်းပြောက်ရင်တောင်သူတို့ ကလမ်းပြပေးတာလေ။ဟိုကောင်တွေလို
    ပြန်လာတာကိုသေနက်နဲ့ ပစ်တဲ့ ကောင်တွေလိုမဟုက်ဘူး။သုးံသငါ့ ရင်သု့းံမသုံးသင့်ရင်တော့ဗြုန်းပေါ့ ကွာ။ ။

  3. ဆော်ကွာ၊တော်တော်နာကြည်းစရာကောင်းနေပြီ

Comments are closed.