ဟူဂိုချာဗတ်ဇ် ရဲ့ ရန်သူတော်များ ရွေးကောက်ပွဲတွင် ပြုံးပန်းဆင်

Venezuela Opposition Makes Important Gains

ရွေးကောက်ပွဲရလာဒ် ထွက်ပေါ်အပြီး အောင်ပွဲ ခံနေသည့် ဗင်နီဇွဲလား အတိုက်အခံများ (AP Photo/Leonardo Ramirez)

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲတွင် ယခင် ပါလီမာန် သုံးပုံနှစ်ပုံ ကိုင်ထားခဲ့သော သမ္မတ ဟူဂိုချာဗတ်ဇ် ရဲ့ ဆိုရှယ်လစ်ပါတီ (PSUV) ကို အတိုက်အခံများက မှောက်လှန်ပစ်နိုင်ခဲ့သည်။ ချာဗတ်ဇ် ပါတီမှာ မဲအများစုဖြင့် အနိုင်ရရှိသော်လည်း အတိုက်အခံ စုပေါင်းပါတီ (MUD) က ပါလီမာန်တွင် အရေးပါသော အုပ်စု ဖြစ်လာခဲ့ပြီ။

အတိုက်အခံ ပြောရေးဆိုခွင့်သူက “မစ္စတာချာဗဇ် ရဲ့ ဆိုရှယ်လစ် နောက်ပြန်ဆွဲမှု အယူအဆတွေကို အရည်ဖျော်ပစ်နိုင်တော့မယ်။ အောက်ခြေသိမ်း ဥပေဒေတွေကိုပါ လှည်းကျင်းနိုင်တော့မယ်။ အရင်လို သူတစ်ယောက်ထဲ လုပ်ချင်တာ စွတ်လုပ်လို့ မရတော့ဘူး။ ဘာလုပ်လုပ် ပါလီမာန်မှာ အတိုက်အခံ ကိုယ်စားလှယ်တွေနဲ့ ညှိယူရမယ်” ဟု ဆိုသည်။

သတင်း CNN