
လူတိုင်း ပါဝင်ရေးသား နိုင်ခွင့်ရှိ တဲ့ Myanmar i Report အင်တာနက် စာမျက်နှာသစ် ကို မကြာခင်မှာ
ရှုစားရတော့ မှာ ဖြစ်ပါတယ်။ဒီအင်တာနက် စာမျက်နှာ မှာ မည်သူမဆို ပါဝင်ရေးသားခွင့်ရှိပြီး မိမိရေးသား
ဖော်ပြမယ့် စကားလုံးများ အတွက် ခေါင်းစဉ် နှင့် အမျိုးအစား အကြောင်းအရာ ကို ပူးတွဲ ရေးသားပြီး
ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဥပမာ၊ ၊မြန်မာ နိုင်ငံ၏ မြစ်ချောင်း (သို့ မဟုတ်) နိုင်ငံတကာမှမြစ်ချောင်း
များ အတွက် သင်နှစ်သက်ရာခေါင်းစဉ်ကို ပေး နိုင်ပြီး အကြောင်းအရာမှ သဘာဝရင်းမြစ် ဟု ပေးရမည်ဖြစ်
သည်။
ရေးသားသူ ဖော်ပြချင် သည့် နာမည် ကို သာ ဖော်ပြပေးမည် ဖြစ်ပြီး ပထမ အဆင့်တွင် Myanmar
I Report Team မှ ၆ နာရီလျှင် တစ်ကြိမ် တင်ဆက်မှု ပြုမှာဖြစ်ပြီး ရေးသားမှု တိုင်းတွင် အနည်းဆုံး စာ ကြောင်းရေ
ခြောက်ကြောင်း ပါရှိရမည်ဖြစ်ပြီး ဆိုလိုရင်း နှင့် အကြောင်းအရာသည် ပေါ်လွင်မှု ရှိရမည်ဖြစ်သည်။
လက်ရှိ ကမ္ဘာ့ ကြေးနန်း နှင့် ပုံနှိပ်ထုတ်ဝေခြင်း ဆိုင်ရာ ဥပဒေ နှင့် အီလက်ထရောနစ် ဥပဒေများ နှင့်
ပဋိပက္ခဖြစ် နိုင်သည် များ ကို ဖော်ပြပေးမည် မပြုပါ။ တစ်ဖက်လူ ၏ လူ့ ဂုဏ်သိက္ခာ နှင့် အခွင့်အရေးအပြင်
လွတ်လပ် ခွင့် ကို ထိပါးထားသည့် စာသား များ ကို မူစဉ်စားမည် မဟုတ် ပါ။
ပေးပို့ ရန်မှာ – myanmarireport@gmail.com
မကြာမှီ ပရိသတ် ရှေ့ မှောက် သို့ ရောက်ရှိ လာတော့မည်

ကောင်းတယ်၊
welcome,,,welcome,,,,welcome…….
we ever waiting like as that Web;
အာရုံဦးမှာ ဖူးသည့်ကြာ ရိုက်တဲ့မင်းသမီးအပါအဝင် ၄ယောက် အမေရိကမှာ ထမင်းပါငတ်တော့မယ်ဆိုတာ ကြားရတယ်။
ပွဲစီစဉ်သော သူ ထွက်ပြေးသွားပြီလို့ သိရတယ်။ လက်မှတ်တွေလည်း ရောင်းမထွက်ဘူးလို့လဲ ကြားရတယ်။ သတင်းဌာနများ စုံစမ်းမေးမြန်းပြီးတင်စေချင်သည် စိတ်ဝင်စားလို့။
အခုလို ကဏ္ဍအသစ် တင်ဆက်ပေးတာ ကျေးဇူးတင်ပါတယ်။ ကြိုဆိုပါတယ်။ နောက်လဲ ပရိသတ်စိတ်ဝင်စားမယ့် ကဏ္ဍလေးတွေကို တိုးချဲ့ပေးပါဦးနော်။
personal အရ နတိုက် တခိုက် တာ တွေ အ များ ကြီး ဖြစ် ပေါ် လာ မှာ ပါ…. အောင် မြင် ပြီး ကောလဟာလ site တခု ဖြစ် သွား နိုင် ပါ တယ်.
Title တွေ က လည်း သတင်းနဲ့ မ တူ ပဲ လူ တွေ အ တွက် စိတ် ပျက် စရာ ကောင်းပါ တယ်…
ရုပ်ရှင်ဇာတ်ကားကောင်းကောင်းလေးတွေရှိ လည်း ညွှန်းပေး အုံး
လုပ်ပါ ဗျို့ ပြပါတော့ဗျို့ ကြည့်ချင်လှပြီ
အရုံဦး မှာ ဖူးတဲ့ကြာ ကို မဲဆောက်မှာ လာရိုက် ရင် မြန်မာ အတိုက်အခံ တွေ က မင်းသမီးတွေ ၊မင်းသားတွေ နဲ့ ဓာတ်ပုံတွဲရိုက်မယ်
တဲ့ ..အိမ်ခေါ်ပြီး ထမင်းဖိတ်ကြွေးမယ်တဲ့ .. အမေရိကန် က လိုတော့ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါဘူး
အမေရီကန်က လူတွေကို ရိုင်းတယ်လို့ မထင်မိပါဘူး။ သူတို့ လည်း သူတို့အမြင် သူတို့အကြောင်းပြချက်နဲ့ ကန့်ကွက်တာပဲ။ ရိုင်းတယ်လို့ပြောတာကို ပြန်ရုတ်သိမ်းပေးပါ။
ဘယ်လိုမျိုးပါလိမ့်။ နမူနာ ဖတ်ရတာတော့ ဘုရား ဘုရား တနေရပါလား။ အင်း သတင်း တွေပဲလေ။ အရှိကိုအရှိအတိုင်း သိရတဲ့ဟာ ဖုံးကွယ် လက်မခံ ချင်လို့ဘယ်ရပါတော့မလဲ။