အီရန် ဘလောက်ဖခင်ကြီး ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်

Iran Prison Blogfather

 

လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ကိုဦးဆောင်ခဲ့တာကြောင့် ထောင်ဒဏ် နှစ်နှစ်ဆယ် ချမှတ် ခံရတဲ့ ဟူစိန်ဒါရက်ရှန်း

 

အီရန် တရားရုံးက နာမည်ကျော် အီရန် ဘလောဂ်ဂါ
ဟူစိန် ဒါရက်ရှန်း  ကို ထောင်ဒဏ် နှစ်နှစ်ဆယ်
ချမှတ် လိုက်တယ် လို့  ပင်လယ်ကွေ့ သတင်းဌာန
တစ်ခုဖြစ်တဲ့ အယ်(လ)ဂျာဇီယားမှာ ဖော်ပြခဲ့ပါ
တယ် ။ အသက် ၃၅ နှစ်အရွယ် ရှိတဲ့ ဘလောက်ဂါ
ဟာ အီရန် နိုင်ငံရဲ့  အင်တာနက် ဘလောက် နဲ့  ပေါ့ကတ်(စ)နည်းပညာ ကို လူငယ် နဲ့  ပြည်သူ
တွေကြားမှာ  ပြန့် ပွားအောင် ဆောင်ရွက်ခဲ့သူတစ်
ဦးဖြစ်ပါတယ်။ သူ့ ကို အစိုးရ က နိုင်ငံရဲ့  ရန်သူ များ
နဲ့ ပူးပေါင်းမှု ၊ နိုင်ငံ ကို ဆူပူအုံကြွှမှု ဖြစ်အောင်
လုပ်မှု ၊ အစ္စလာမ် ယဉ်ကျေးမှု ကို စော်ကားမှု၊ အစိုး
ရဆန့် ကျင်ရေး အဖွဲ့ သေးလေးတွေ ကို မြေတောင်
မြှောက်ပေးမှု ၊ သတင်းတွေ အမျိုးမျိုး ထုတ်လွှင့်
ပြီးအစိုးရ ကို အကြည်ညိုပျက်စေမှု တွေ နဲ့  ထောင်
ဒဏ်၁၉ နှစ်ခွဲ ချမှတ် ခဲ့ပါတယ်။

ဟူစိန် ဒါရက်ရှန်း ဟာ အီရန် နိုင်ငံ တီဟီရန် တက္ကသိုလ်
ကလည်း ဘွဲ့ ရရှိခဲ့ပြီး ကနေဒါ နိုင်ငံ တိုရွန်
တို တက္ကသိုလ်မှာ လှုမှု ဗေဒ ဘာသာရပ် နဲ့  လန်ဒန်
တက္ကသိုလ်မှာ အာဖရိက နဲ့  အရှေ့ တိုင်းလေ့လာ
ရေး ဌာန ကနေ ရုပ်ရှင် နဲ့  မီဒီယာ လေ့လာရေး ဘွဲ့ တွေ ရရှိခဲ့တာဖြစ်ပါတယ်။

ဟူစိန် ဒါရက်ရှန်း ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ လ ၁ ရက်နေ့ မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အီရန် နိုင်ငံ
ဟာ ၂၀၀၉ နဲ့  ၂၀၁၀ ခုနှစ်တွေ အတွင်း မှာ နိုင်ငံရေး လှုပ်ရှားသူ နှစ်ထောင် ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

ဟူစိန် ဒါရက်ရှန်း ကို ထောင်ချတာ ဟာ အီရန် အနေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ကို ပိတ်ပင်တားဆီးတာပဲ
ဖြစ်တယ်လို့  နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ပြောပါတယ်။

myanmar i report – မှာဖတ်ချင်စရာ – တော်စတွိုင်း နှစ် တရာ ပြည့် အမှတ် တရ သူ၏ ဘ၀ အမြင် နှင့် ဒဿန