ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည် ဟု စစ်အစိုးရပြော
Myanmar’s military junta says it will release Nobel laureate Aung San Suu Kyi
နေအိမ် အကျယ်ချုပ်ချမှတ် ထားခြင်းခံရတဲ့ မြန်မာ့ဒီမို
ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို သူမရဲ့ အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တဲ့
နိုဝင်ဘာလ အတွင်းမှာ ပြန်လည်  ပြန်လွှတ်ပေးမှာ
ဖြစ်တယ်လို့  မြန်မာ စစ်အစိုးရ က ဒီကနေ့ ထုတ်ဖော်
ပြောကြားလိုက် ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်
က သူတို့ ရဲ့ သတင်း ထုတ်ပြန်ချက် တစ်ခု  ဖြစ်တဲ့
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်
မဲပေးခွင့်ရှိတယ် လို့ ကြေငြာအပြီး မရှေးမနှောင်းမှာ ပဲ
ဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည် လွှတ်ပေး မည် ဟု စစ်အစိုးရ က ထုတ်ပြန်ကြေငြာခြင်း သည်
ရွေးကောက်ပွဲ ကာလ အတွင်း ပေါ်ပေါက်လာချေရှိသည် လူထု အုံကြမှု များ ကို ရှောင်လွှဲလိုခြင်းကြောင့်
ဖြစ်သည် ဟု နိုင်ငံရေး အကဲခတ် တို့ က သုံးသပ်သည်။
စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက်ပွဲ သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်သက်တမ်း မပြည့်
ခင် အချိန် ရက်ပိုင်း အလိုတွင် ကျင်းပခြင်းဖြစ်သည်။သူ မ အားရွေးကောက် ပွဲပြီးမှ သာ စစ်အစိုးရက ပြန်လည်
လွှတ်ပေးမည် ဖြစ်သည်။
အသက် ၆၅ နှစ် အရွယ်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၉ ခုနှစ် မေလ
အတွင်းက အိမ်အတွင်း သို့ ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော အား လူသားချင်းစာနာသောအားဖြင့်လက်ခံထားမှုကြောင့် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း အင်းစိန်ထောင်တွင်း
တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခြင်းခံ ခဲ့သည့်
ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတော
အတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် ကာလတွင် ၁၅  နှစ် ကျော် ထိန်းသိမ်းခံ ဘ၀ ဖြင့်နေထိုင်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည် အားမဲပေးပိုင်ခွင့်ရှိသည် ဆိုသည့် သတင်းနှင့် လွှတ်ပေးမည် ဟူသည့်  သတင်း ထုတ်ပြန်ချက်များမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေ ချိန် တိုက်ဆိုင်စွာ ထွက်ပေါ်လာ
ခြင်းဖြစ်သည်။ကနဦး ရွေးကောက် ပွဲ မဲပေးခွင့် ရှိသူများ စာရင်း ကို ကြေငြာရာတွင် ဒေါ်အောင်ဆန်းစုကြည်
မပါရှိ ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် သက်တမ်းသည် နိုဝင်ဘာ လ ၁၃ ရက်နေ့ တွင် ပြည့်
မြောက်တော့ မည် ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် နိုဘဲ ငြိမ်းချမ်း
ရေးဆုရရှိ ခဲ့သည်။
Myanmar i Report မှာဖတ်ချင်စရာ : Shutter Island ဇာတ်ကားသည် ဒါရိုက်တာ မာတင်စကော့ဆက်ဆီ လက်
စွမ်းပြ ရိုက်ကူး ထားသော ဇာတ်ကား ဖြစ်သည်။ တတိယတန်း အဆင့် ဒါရိုက်တာ များ ရိုက်လေ့ရှိသည့် လှို့ ဝှက်သည်း
ဖို ဇာတ်ကား အမျိုးအစား ကို ၎င်း က ကျကျနန ရိုက်ကူးသွား သည်။ဇာတ်ကား တစ်ခု လုံး တွင် ဇာတ်ဝင်တေးများ
မသုံး ဘဲ သင်္ဘော ဥသြ ကို သာ Distort လုပ်၍ Vamp ပေးကာ သုံးသွားသည်။
U.S. Marshall တက်ဒီသည် ထို စိတ်ကျန်းမာရေး သီးသန့် ထောင် ဆေးရုံ သို့  စုံစမ်းစစ်ဆေးရန် တာဝန်ရှိ
သူ အစစ်အမှန် အဖြစ်ရောက်ရှိ လာခဲ့ခြင်းလား ၊ မိန်းမ ကို သတ်ပြီး Delusion(Criminally Insane)  ဖြစ်သူတစ်ယောက်အနေဖြင့်ရောက်ရှိ လာခဲ့ခြင်းလား ဆိုသည် မှာ ထိုဇာတ်ကား ၏ ပဟေဋိ ဖြစ်သည်။
မူရင်း ၀တ္ထုမှာ ရှောင်ပန်း ပါဝင်သည့် Mystic River ဇာတ်ကား ၏ ၀တ္ထု ကို ရေးသား ခဲ့သူ ဒဲနစ် လီဟိန်း
ဖြစ်သည်။
The answer is ….He’s not getting ??????????
Myanmar i Report မှာစောင့်မျှော်ဖတ်ရှုပါ။
11 thoughts on “ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလတွင် ပြန်လွှတ်ပေးမည် ဟု စစ်အစိုးရပြော
  1. အမျိုးသားပြန်လည်သင့်မြတ်ရေး..ကြွေးကြော်ပြီး…အလုံးစုံပျက်သုဉ်းရေးဦးတည်မယ်…ဆိုရင်တော့..
    အမှားကြီးမှားလိမ့်မယ်..။
    အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး…ဆိုတာကို.. အလုံးစုံပျက်သုဉ်းပြီးမှ..လုပ်မယ်..လို့ …..ရည်ရွယ်ရင်တော့….လူထုရဲ့  ဒဏ်ခတ်တာ…သမိုင်းမှာ..ခံပေရော့..လို့ ပဲ..ကြိုပြောထားလိုက်ပါ့မယ်..။
  2. ၀မ်းစာ မပြည့်ရတဲ့အထဲ မမှန်မှန်းသိလျက် အမိန့်ပေးသမျှ လုပ်နေရလို့ စိတ်ဆင်းရရှာတဲ့ တပ်မတော်သား မိသားစု တွေ ……………… (ကိုစောနောင်ရေးထားတာကိုကြိုက်တယ်ဗျာ ….. )
  3. ကိုကျော်ကြီး
    တော်လေးတင်းနေပြိဗျာ.တော်တော်လေးတော့အိုင်တင်ကောင်းတရ်ဗျ. ဘာမှမဖြစ်သုလိနဲ့ နေတက်တာလေ။သူတို့ ကိုအဲ့ ဒါ
    တွေလဲသင်ထားတင်္ရထင်တရ်.ဘင်္ရလိုဘဲဖြစ်ဖြစ်ပါ။(အမေဆု)ဗိုလ်ချုပ်ရဲံအမွေကိုရသင့်တင်္ရလို့တော့ဆုတောင်းပေးပါတင်္ရ.ဖခင်
    အမွေကိုသားသမိးတော့ရသင့်တာပေါ့ ဗျာ။နော်။……မြန်မာပြည်ကြီးအမျိုးမပြောက်။ဘာသာမပြောက်။ယဥင်္ကျေးမှုမပြောက်
    အစဉ်အလာမပြောက်ဘဲ။အဓွန့်ရှည်တည့်တံပြိးကမ္ဘာအလယ်မှာမြန်မာရယ်လို့ ထင်ပေါ်နိင်ပါစေ။ ။
  4. TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့ အတင့်ရဲ ဗြောင်ပေါရဲတယ်
    နိုင်ငံတော် ကယ်တင်ရှင်တွေ သူတော်စင်တွေ စောင့်ရှောက်မှဘဲ တစ်ခါထဲ အကုန်မွဲသွားတယ်
    အားလုံးက ရတဲ့ပိုက်ဆံ ဗျောင်ခိုးနေကြတယ်
    အိမ်ကြီးတွေ ခြံကြီးတွေ ကားသစ်ကြီးတွေနဲ့
    မဆလ ခေတ်ကထက်တောင် ပိုဆိုးနေသေးတယ်
    ဗမာတစ်ခေတ်မှာ ဖာဖြစ်တာ နအဖ ကျေးဇူးဘဲ
    CHO: မဲထည့်စရာ အကြောင်းလဲမရှိ
    အာဏာရှင်လူရွှင်တော်တွေ လုပ်ကြံဇာတ်လမ်းကြီး
    မဲထည့်စရာ ဘာအကြောင်းမှမရှိ
    ဒီလိုသာ ငြိမ်ခံနေရင် တို့အကုန် ကျွန်ဖြစ်လိမ့်မယ် / တို့အကုန်ကျွန်ဖြစ်မယ်
    ဒီမိုကရေစီလိုချင်တယ် အော်မယ်ကြံရင် လိုက်ခဲ့ ဘယ်လဲ… ထောင်ထဲ… နှစ်လေးငါးဆယ်
    ပြည်သူကိုကူညီပြန်ရင် ရန်သူတွေလို သတ်မှတ်နေခဲ့ တမင်လဲ ငြှိုးထားတယ်
    အားလုံးကချစ်တဲ့ခေါင်းဆောင်ကို အကျဉ်းချထားတယ်
    ပြန်မလွှတ်ပါ ရန်စွတ်ရှာ ကောက်ကျစ်တဲ့စိတ်တွေနဲ့
    အားလုံးချစ်တဲ့မင်းသားကို ပိတ်ပင်ကာချုပ်ချယ်
    ဟိုလဲမပါ ဒီလဲမလာ တားမြစ်လို့ဖိနှိပ်ထားတယ်
    CHO:
    SOLO
    TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့
    ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ
    CHO
    CHO:
    TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့
    ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ
    မဲထည့်စရာ…. အကြောင်းလဲမရှိဘူး မင်းသိသင့်တယ်
    မဲထည့်စရာ…. ဘာအကြောင်းမှမရှိဘူး ဒါမင်းသိသင့်တယ်
    မဲထည့်စရာ… ဘာအကြောင်းမှမရှိ…..
    (မျိုးချစ်မြန်မာ)။
    http://myochitmyanmar.org/2008-07-25-07-32-27/2008-07-25-07-48-13/6431-2010-09-28-03-45-22
  5. ရွေးကောက်ပွဲပြီးမှလား၊ရွေးကောက်ပွဲမတိုင်ခင်လား?ဘာပဲဖြစ်ဖြစ်လွတ်မြောက်လာရင်လည်းပြည်သူကိုအကျိုးပြုမယ်ဆိုတာယုံ
    ကြည်ပါတယ်၊အစဉ်ကြိုဆိုလျှက်ပါ၊
  6. ကိုစောနောင်ပြောတာတွေကတေိာ်တော်လေးထိရောက်ပြိးတော့ မှန်ပါတရ်ဗျာ ။ကျွန်တော်တို့ လဲ(အမေဆု)ဘင်္ရလိုဘဲလွက်လွက်ကျွန်
    တော်တို့ က1မြောက်1သြာ့ကျုဆိုပါတရ်ဗျ ။ပြိးတော့(အမေဆု)အပြင်ေ၇ာကက်ရင်ဘာတွေလုက်မရ်ဆိုတာကိုသားတို့ တော်တော်လေးသိချင်ပါတရ်။ ။
  7. လွှတ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် မထင်ရေးချ မထင်။ လွှတ်ရင်လည်း ဒေါ်စုက သူလုပ်စရာရှိတဲ့ဟာတွေကို ဆက်လုပ်သွားမယ်ဆိုတာ အားလုံးကယုံကြည်ပြီးသား။ အဲဒီအခါကျရင် ဟိုကောင်တွေက တစ်ခါ ထပ်ပြီး ဖမ်းဦးမှာ။ ဒီသံသရာထဲကနေ လွတ်မှာ မဟုတ်ဘူး။
    မြန်မာ့နိုင်ငံရေးက သင်ရိုးမပြောင်းတဲ့ ပြဌာန်းစာအုပ်ကို နှစ်ကျ ကျောင်းသားတစ်ယောက်က ခဏခဏ ပြန်ဖတ်နေရသလိုပါပဲ။ ဘာပြီး၊ ဘာလာမယ်ဆိုတာကို ကြိုပြီး သိနေသလိုမျိုးဖြစ်နေတယ်။
  8. there were political prisoners & arresters in Burma’s prisons & house and political prisoners have no rights of voting but only political arresters have rights of voting and so, now,Daw Su has rights of voting and so,she will have legal rights of political activities.
    best regard;
    (GSC.KoThiHa8888)
    WA-99336,U.S.A.Ph;(509)582-3261.
  9. ကြောက်လို့ပဲ လွှတ်လွှတ်၊ အရေမကြီးတော့ဘူး ထင်လို့ပဲလွှတ်လွှတ်၊ ပြဿနာရှာဖို့ ပဲလွှတ်လွှတ်၊ ဟန်ဆောင်ပဲလွှတ်လွှတ် ကြိုဆိုပါတယ် ဒေါ်စု ခင်ဗျား။ ဘာလို့ပဲလွှတ်လွှတ်၊ ဗိုလ်ချုပ်မှူးကြီးကိုလည်း လေးစားပါတယ်။ ယောက်ျား ဆန်တဲ့ အပြုအမူ မို့ ဒီလို လုပ်ရပ်မျိုး လုပ်သင့်တာ ကြာပါပြီ။ ခုလည်း နောက်မကျသေးပါဘူး။
    အကျဉ်းထောင်ထဲက သံဃာတော် နဲ့ နိုင်ငံ့သားကောင်းတွေ၊ မွေးရပ်မြေ က ထွက်ပြေးနေရတဲ့ ရှမ်းနဲ့ကရင်ရွာသားတွေ၊ ကြပ်တည်း နေတဲ့ ပြည်သူတွေ၊ ၀မ်းစာ မပြည့်ရတဲ့အထဲ မမှန်မှန်းသိလျက် အမိန့်ပေးသမျှ လုပ်နေရလို့ စိတ်ဆင်းရရှာတဲ့ တပ်မတော်သား မိသားစု တွေ က ဒေါ်စုရဲ့ အားမာန်နဲ့ အသိဥာဏ်ကို ယုံကြည်စွာစောင့်မျှော်နေကြပါတယ်။
  10. excuse me ! could u plz give some instructions to get access to myanmar I report ?….. i m desperate to read it but no idea how.
    thanks
  11. 13th,Nov,10 will be freedom of Daw Su according to law & order but she will not free from the political prisoner because of voting right of Daw Su and so she will have the legal rights on political activities after her released but need to release all political prisoners for democratic atmospheres on Burma’s current political situations.
    best regard;
    (GSC.KoThiHa8888)
Comments are closed.