စင်္ကာပူ နိုင်ငံအားတည်ထောင်သူ လီကွမ်ယူ၏ ဇနီးဖြစ်သူ ကွယ်လွန်

လီကွမ်ယူ ၊ဇနီး နှင့် သား

စင်္ကာပူ နိုင်ငံအား တည်ထောင်သူ
နှင့် ၀န်ကြီးချုပ်ဟောင်းဖြစ်သူ လီကွမ်ယူ
၏ဇနီးဖြစ်သူ ကွာဂျောက်ချုသည်ယနေ့ 
ညနေစင်္ကာပူ စံတော်ချိန် ညနေ ၅ နာရီ
၄၀ မိနစ်အချိန် တွင် ကွယ်လွန် သွားသည် ဟု သတင်းရရှိသည်။သူမ သည် ကွယ်လွန် ချိန်
တွင် အသက် ၈၉ နှစ် ရှိပြီဖြစ်သည်။

အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် လီကွမ်ယူသည် လည်း စင်္ကာပူ အထွေထွေ ရောဂါကု ဆေးရုံကြီး
တွင် တက်ရောက် ကုသခံနေရသည်။ လီကွမ်ယူ ၏ ဇနီးဖြစ်သူ မှာ နှလုံးရောဂါ ဝေဒနာ ကို
အပြင်းအထန် ခံစားနေရသည် မှာ နှစ်နှစ်ရှိပြီ ဖြစ်သည်။ ၎င်းတို့ နှစ်ဦး သည် ၁၉၄၇ ခုနှစ် တွင် လက်ထပ်ထိမ်းမြားခဲ့သည်။ကွာဂျောက်ချုအား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွင် မွေးဖွား
ခဲ့ပြီး ကမ်းဘရစ်ခ်ျ တက္ကသိုလ် မှဘွဲ့ ရရှိခဲ့သည်။၎င်းတို့ နှစ်ဦး ၏ သားအကြီးဆုံး ဖြစ်သူ လီရှန် လွန်း
မှာ အာဏာရ ပီအေပီ ပါတီ၏  ခေါင်းဆောင် လည်း ဖြစ်ပြီး လက်ရှိ ၀န် ကြီးချုပ် လည်းဖြစ်သည်။

စင်္ကာပူ နိုင်ငံသည် ၁၉၆၅ ခုနှစ် မလေးရှား မှ ခွဲထွက် ချိန် ဉ် မြောင်းပုပ်စော် နံ နှင့် အတူ တံငါသည် အများစု
နေထိုင်ရာ သာဖြစ်ခဲ့သော် လည်း နှစ်နှစ်ဆယ် အတွင်း နိုင်ငံ ကို ကမ္ဘာ နှင့် ရင်ပေါင်တန်း အား လီကွမ်ယူ တို့ 
ဇနီးမောင် နှံက  စွမ်းဆောင် ခဲ့သည်။

ကွာဂျောက်ချု ၏ ဈာပန အခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။