ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များကိုနေရပ်ပြန်ပို့ မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြော

Thailand wants to send refugees home

ဆယ်စုနှစ် နှစ်ခု အတွင်းမှာ ပထမဦး ဆုံး ကျင်းပတဲ့ စစ်အစိုးရ ရဲ့  ရွေးကောက်ပွဲ ကျင်းပပြီး စီးသွားရင်
ထိုင်းအစိုးရ အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တွေ ကို နေရင်း ဒေသကို ပြန်ပို့ မှာ ဖြစ်တယ် လို့ 
အမေရိကန် နိုင်ငံ နယူးယောက် မြို့  ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မှာ တက်ရောက် စကားပြောဖို့ ရောက်ရှိ
လာတဲ့ ထိုင်း နိုင်ငံခြား ရေးဝန် ကြီး က Asian Society နှီးနှော ဖလှယ်ပွဲ မှာ အခု လို ပြောကြား လိုက်တာ ဖြစ်
ပါတယ်။

ထိုင်း နိုင်ငံထဲမှာ မြန်မာ နိုင်ငံက ရွှေ့ ပြောင်း လာတဲ့ လူဦးရေ    နှစ်သန်းကျော်ရှိပြီး နယ်စပ် ဒုက္ခသည် စခန်းတွေမှာတော့  တစ်သိန်းခွဲ ကျော်ရှိတယ်လို့ ပြောကြားသွားပါတယ်။ ထိုင်း နိုင်ငံ ထဲမှာ မြန်မာ နိုင်ငံက ဒုက္ခသည်တွေ တင်ရှိတာ မဟုတ်ဘဲ  မြန်မာ နိုင်ငံက ပြောင်းရွှေ့ အခြေစိုက် လာတဲ့ အလုပ်သမား တွေ လည်း
ရှိပါတယ်။ကဆစ် ဖိရူမာ က ဒုက္ခသည် တွေ ကို နေရပ် ပြန်ပို့ ရေး ဟာ ထိုင်း အစိုးရ ရဲ့ ဦးစားပေး အစီအစဉ် တစ်ရပ် ပဲ လို့ ထည့်သွင်း ပြောကြားသွားပါတယ်။

ထိုင်း နိုင်ငံမြောက် ပိုင်းမှာ အခြေစိုက် တဲ့ MAP ဖောင်ဒေးရှင်း ရဲ့  ဒါရိုက်တာ ဂျက်ကီ ပူလောခ် ကတော့ ရွေးကောက် ပွဲပြီး လို့ အပြောင်းအလဲ ဖြစ်သွားတယ် ဆိုရင် တောင် ဒုက္ခသည် တွေ ရဲ့ ဘ၀ ကတော့ အပြည့်
အ၀ လုံခြုံမှု ရှိမှာ မဟုတ် ဘူးလို့ သုံးသပ် ပါတယ်။

ထိုင်း နိုင်ငံခြားရေး ၀န်ကြီးက ဒုက္ခသည် တွေ ထဲက တစ်ချို့ 

ဘန်ကောက် အခြေစိုက် ထိုင်း နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦး ကတော့ ထိုင်းနိုင်ငံထဲမှာ ယာယီ မှီတင်းနေထိုင်ကြတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ
တချိန်ချိန်မှာမှာ မြန်မာနိုင်ငံကို ပြန်ရမယ် ဆိုတာ ကျနော်တို့ အယင်ကတည်းက နားလည်ထားပါတယ်။
ဒါပေမယ့် ဒီလို ပြည်တွင်းကိုပြန်တဲ့နေရာမှာ ပြည်တွင်းနိုင်ငံရေးတိုးတက်မှုရှိမှ၊ ပြည်တွင်းက အမျိုးသား ပြန်လည်သင့်မြတ်ရေး အမှန်တကယ် ဖြစ်ထွန်းမှ၊ ပြီးတော့ နယ်စပ်ဒေသမှာ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှာ သူတို့ ပြန်တဲ့အခါ သူတို့ရဲ့ ဘ၀ လုံခြုံမှု၊ အေးအေးချမ်းချမ်း နဲ့ အသက်မွေးဝမ်းကျောင်းနိုင်မှုတွေ ရှိမှာပါ။ လောလောဆယ်အခြေအနေမှာတော့ နယ်စပ်ဒေသမှာ စစ်ပွဲတွေ ဆက်ရှိနေသေးတယ်၊ အပစ် အခတ်ရပ်အဖွဲ့တစ်ချို့က စစ်အစိုးရ အလိုကျ နယ်ခြားစောင့်တပ် မဖွဲ့နိုင်တာကြောင့် တင်းမာမှုတွေရှိနေတယ်။ ဒီလို တင်းမာမှုတွေကနေ စစ်ပွဲတွေ ဆက်ဖြစ်လာ ယင် ဒီလူတွေက ထိုင်းနိုင်ငံထဲကိုပဲ ပြန်ဝင်လာကြဦးမှာ။ ဒါကို ထိုင်းအစိုးရအနေနဲ့ သေသေချာချာ နားလည်ထားဖို့လိုတယ်။ ပြည်တွင်းမှာ နိုင်ငံရေးဖိနှိပ်မှုတွေ ဆက် ရှိနေယင်လည်း ဒီ ထိုင်းနိုင်ငံထဲကိုပဲ အဓိက ထားပြီး ပြေးဝင်လာဦးမှာပါ။ ဒါကြောင့် ထိုင်းအစိုးအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ယာယီနေထိုင်နေတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ပြန်မပို့ခင်မှာ ပြည်တွင်းမှာ နိုင်ငံရေး တိုးတက်မှုတွေရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ဖြစ်ဖို့၊ နောက်ပြီး ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အယင်ဆုံး လိုအပ်တယ်၊ ဒီလို တိုးတက်မှုတွေရှိအောင်လဲ ထိုင်းအစိုးရ က မြန်မာစစ်အစိုးရကို တိုက်တွန်းနားချသင့်တယ် လို့ သူရဲ့ 
သဘောထား အမြင် ကို Freedom News Group ကို ပြောပါတယ်။

ထိုင်း နိုင်ငံတွင်း မြန်မာ လူမျိုးတွေ အခု လို အကြောင်း အမျိုးမျိုး ကြောင့် ရောက်ရှိ နေရတာဟာ မြန်မာ စစ်
အစိုးရ ရက်စက်မှု ကြောင့် ထွက်ပြေး တိမ်းရှောင် လာရတဲ့ သူတွေ ရှိသလို၊ စီးပွားရေး ဆိုင်ရာ စီမံခန့် ခွဲမှု အသုံးမ ကျတာ ကြောင့် အလုပ် အကိုင် တွေ ပါးရှားပြီး မွေးမြေရပ် ကို စွန့် ခွာပြီး တခြား နိုင်ငံတွေ မှာ အခု လို
စီးပွားရှာ ရ တွေ ပေါ်ပေါက် လာရတာ ဖြစ်ပါတယ်။

2 thoughts on “ရွေးကောက်ပွဲပြီးလျှင် ဒုက္ခသည်များကိုနေရပ်ပြန်ပို့ မည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ပြော

  1. တကယ်နိုင်ငံရေးလုပ်သူတွေ၊တကယ့်ကိုကျပ်တည်းနေသူတွေကိုမပြောလိုပါဘူး၊ဒါပေမဲ့နိုင်ငံရေးအရေခြုံပြီး
    တိုင်းပြည်ရောင်းစားနေတဲ့ကောင်တွေအတွက်အစားမချောင်ဘူးပေါ့ဗျာ၊တကယ့်နိုင်ငံရေးသမားတွေလည်း
    ဒင်းတို့ကြောင့်နာမည်ပျက်ရတယ်၊

  2. Thai’s foreign minister will attend to give & take regime with refugees on border-war-trade and it shouldn’t and so,need to extremly boycott it with UNHCR & other third countries.

    (GSC.KoThiHa8888)
    WA-99336,U.S.A.Ph;(509)582-3261.

Comments are closed.