ဝေနှင်းပွင့်သုန် မိန့် ခွန်းကြောင့် လူငယ်များ နိုင်ငံရေး ကိုစိတ် ၀င်စားလာကြ
ဟိန်းခိုင်ထွန်း၊      ၊စက်တင်ဘာ လ ၂၇ ရက်နေ့ က အင်္ဂလန် နိုင်ငံ မန်ချက်စတာ မြို့ တွင် ကျင်းပသည့်
ဗြိတိသျှ ပါတီ ကြီးတစ်ခုဖြစ်သည့် လေဘာ ပါတီ ညီလာခံဉ် အသက် ၂၂ နှစ် အရွယ်ရှိ မဝေနှင်းပွင့်သုန် ပြောကြားသည့် မိန့် ခွန်းသည် အင်္ဂလိပ် ဘာသာဖြင့်ပြောကြား သော်လည်း လူငယ်များ နိုင်ငံရေး အရ အင်အား တက်ကြွှဖွယ် ဖြစ်ပြီး ၊ထိုမိန့် ခွန်းကြောင့် ပင် လူငယ်များ နိုင်ငံရေး ကို ပိုမို စိတ် ၀င်စားလာကြသည် ဟု သိရသည်။
မဝေနှင်းပွင့်သုန်
မဝေနှင်းပွင့်သုန် ၏ မိန့် ခွန်းဗီဒီယို ကို ယူတု အင်တာနက် စာမျက်နှာတွင် ကြည့်ရှုခဲ့သော မလေးရှား နိုင်ငံ
ဆီလန်ဂေါနေ မြို့ တွင် ပညာ သင်ယူနေသည့် မြန်မာ
ကျောင်းသူ မဇာခြည်အောင် က “သမီး ဝေနှင်းပြောသွား
တဲ့ မိန့် ခွန်း ကို ကြည့်ရတာ အရမ်းအားရတယ်။ သမီးလဲ
သူ့ လို့ ဖြစ်ချင်တယ်၊သူ ပြောသွား တာပြတ်သားရဲရင့်
တယ်၊ ရိုးသားတယ်၊ သူ့ ကို သဘောကျတယ် ဟု Myanmar I Report သို့ ပြောသည်။
ပြင်သစ် နိုင်ငံ ပါရီမြို့  ဆောဘွန်း တက္ကသိုလ် တွင် ပညာ သင်ကြားနေ သည့် ကို ဒူးရွှမ့် အောင်အောင် က “ဝေနှင်းပွင့်
သုန် ရဲ့ မိန့် ခွန်းက လူငယ်တွေ ရဲ့ အသံ ကို ကိုယ်စား
ပြုတာပဲ ၊ လူငယ်တွေ ပြောချင်တာ ကို သူ
ထုတ်ဖော်ပြောလိုက်တာပဲ ၊အရင် မြန်မာ အတိုက်အခံတွေ
အခု လို နိုင်ငံတကာ အခမ်းအနားမှာ မိန့် ခွန်းပြော
တာတွေ ကြည့် ဖူးတယ်။ ငိုတယ့်သူက ငို ကြ၊ ရုပ်ဆိုးဆိုး
နဲ့  အကို ကြီး တစ်ယောက် ဆို နိုင်ငံရေး အကျဉ်း
သားတွေ လွှတ်ပေး ဖို့ ဖိအားပေးခိုင်းတာ ပြောရင်း နဲ့ 
ဘယ်တွေ ကို ရောက်သွားမှန်း မသိဘူး၊နောက် လူငယ်
တစ်ဦးပဲ ပြီးခဲ့တဲ့ နှစ်လ လောက်က ပြောသွားတဲ့ လန်ဒန် က အကို တစ်ယောက်ကတော့ မြွှေအလမ္မာယ် ဆရာ
လိုလို ၊ဆေးကြောင်နေသလိုလို  ဝေနှင်းပွင့်သုန်မိန့် ခွန်းကတော့ ကောင်းတယ် ဟု ပြောသည်။
ယခုကဲ့သို့ နိုင်ငံရပ်ခြား တွင်ကျင်း ပသည့် အထင်ကရ ညီလာခံများ တွင် မြန်မာ လူငယ်များ တက်ရောက် စကားပြောခွင့်ရသော်လည်း ယခု ကဲ့သို့ လူကြိုက်များခြင်း မရှိချေ၊ မဝေနှင်းပွင့်သုန် ၏ လေဘာပါတီညီလာ
ခံ မိန့် ခွန်းအား Face Book သုံးစွဲသူ မြန်မာ လူငယ် အများစုက ၎င်းတို့ ၏ စာမျက်နှာများ တွင် ထပ်ဆင့် ဖော်ပြထားသည်။
မဝေနှင်းပွင့်သုန် ၏ လေဘာပါတီ ညီလာခံ မိန့် ခွန်း ကို ယူတု အင်တာနက် ဗီဒီယို တွင် ဖတ်ရှုမိသည့်
ရန်ကုန် မြို့ နေ  ဒဂုံ တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်သူ ကို ထွန်းဦးလှိုင်က  ကျောင်းမှာ လည်း သူငယ်ချင်းတွေ က ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ဝေဖန် ဆွေးနွေးကြတယ်။ သူ့ မိန့် ခွန်း ကို လူငယ်တွေ က သဘောကျကြတယ်။ ပြီး
တော့ သူပြော တာတွေ က စိတ်ဝင်စားစရာ ဖြစ်လာတော့ ထပ်ဆင့် ဆွေးနွေး လာကြတယ် ဟု မဝေနှင်းပွင့်သုန် ၏ လေဘာပါတီ ညီလာခံ မိန့် ခွန်း နှင့် ပတ်သက်ပြီး ကို ထွန်းဦးလှိုင် ကပြောသည်။
ပြည်ပရောက် မြန် မာ့ဒီမိုကရေစီ အင်အားစုများ သည် အနှစ်နှစ်ဆယ် ကျော်ကာလ အတွင်း ပြည်တွင်း
၊ပြည်ပ မြန်မာ လူငယ်များ အား တစ်ခဲနက် စွဲဆောင် နိုင်သည့် မိန့် ခွန်း မျိုး ထွက်ပေါ်လာခြင်း မရှိပဲ ယခု
အကြိမ် သည် ပထမ ဦးဆုံး ဖြစ်ကြောင်း နှင့် ဂုဏ်ယူဝမ်းမြောက်စွာ  ကြိုဆို ရမှာ ဖြစ်ကြောင်း ရန်ကုန် မြို့ နေ
ဝါရင့်သတင်းစာ ဆရာကြီး တစ်ဦး က Freedom News Group သို့ ပြောသည်။
Myanmar i Report မှာဖတ်ချင်စရာ : Russian Today
RT ရုပ်သံလိုင်း သည် ရုရှား နိုင်ငံ၏ ရုပ်သံ သတင်းဌာန တစ်ခုဖြစ်သည်။ နိုင်ငံတကာတွင် ရုံးခွဲများ
ဖွင့်လှစ်ထားပြီး ဘာသာစကား ခြောက်ခု ဖြင့် ဂြိုလ်တု ရုပ်သံတင်ဆက်မှု များ ကို ထုတ်လွှင့်သည်။
စစ်အေးခောတ်က နာမည်ကျော် ရှရုား သတင်း ဌာန တစ် ခုဖြစ်သည့် ITAR-TASS ထက်ပိုမို
လူကြိုက်များသည်။
နိုင်ငံတကာတွင် လူကြိုက်များ လာသော်လည်း ရုရှားသတင်းများ ကို ဦးစားပေး ထုတ်လွှင့်မှုကြောင့်
ထင်သလောက် ခရီးမပေါက်ချေ။
22 thoughts on “ဝေနှင်းပွင့်သုန် မိန့် ခွန်းကြောင့် လူငယ်များ နိုင်ငံရေး ကိုစိတ် ၀င်စားလာကြ
  1. ဖေအောင်ဆန်း :
    ယခုလို တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် ဖဲ့နေတာက အကြောင်းရှိလို့ပါပဲ။ ဖေအောင်ဆန်းအမြင်တော့ ခွေးမသေပုပ်ကောင်ကြီး နိုင်ငံပေါ်မှာတင်နေတော့ အညှီတွေက သိပ်များတယ်။ အညှီများတော့ သတ္တ၀ါတွေ ရန်များကြရတယ်။ ခွေးမသေပုပ်ကောင်ကြီးကို မြေမြုတ်ရမလား ပင်လယ်မျှောရမလား…ဒါကသောက်မြင်ကပ်နေကြတဲ့ အများသဘောထား၊ ခွေးမသေပုပ်ကောင်ကြီးကို မြတ်နိုးပြီး အိမ်ဦးခန်း ထားနေကြတဲ့ လူအနည်းစု သဘောထား။ အဲဒီ သဘောထားနှစ်ရပ်ကြား ကွဲလွဲနေပြီး ဖဲ့နေကြတဲ့အထဲမှာ ဖေအောင်ဆန်းကတော့…..မှန်တဲ့ဖက်မှာပဲ နေပါတယ်။ ခွေးမသေပုပ်ကောင်ကြီးကတော့ နိုင်ငံမှာ နံစော်နေတာတော့ သေချာတယ်။ နိုင်ငံတင်မဟုတ်ပါဘူး….ကမ္ဘာမှာပါ နံစော်နေတယ်။
ှSo you eat that dog Man.
  2. Hi all, Don’t you still know what you should to do? For the democracy way, need to discus and adjust each others among our generations. That’s why please don’t waste TIME by arguing.
  3. ပညာရှင်တစ်ယောက်ရဲ့အဆိုအမိန့်ရှိတယ်။ ကိုယ်အသုံးမကျတာသူများသိချင်ရင် ဝေဖန်တယ်အလုပ်ကို စလုပ်လိုက်ပါတဲ့။ အပေါ်မှာ ရေးထားတဲ့ကော်မန့်တွေထဲမှာ ဘယ်သူ့အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာသိရပါတယ်။ ချီးကျူးထိုက်တာကို ချီးကျူးတာလည်း မင်္ဂလာရှိတဲ့ကိစ္စပဲ။ ဒါကို လူကောင်းသူကောင်းတွေပဲလုပ်ကြပါတယ်။ လူယုတ်မာတွေကတော့ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲ သူတစ်ပါးကို မဆီမဆိုင်တွေပြောပြီး ဝေဖန်အပြစ်ရှာဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။
  4. ယခုလို တစ်ယောက်နဲ့တစ်ယောက် တစ်ဖက်နဲ့တစ်ဖက် ဖဲ့နေတာက အကြောင်းရှိလို့ပါပဲ။ ဖေအောင်ဆန်းအမြင်တော့ ခွေးမသေပုပ်ကောင်ကြီး နိုင်ငံပေါ်မှာတင်နေတော့ အညှီတွေက သိပ်များတယ်။ အညှီများတော့ သတ္တ၀ါတွေ ရန်များကြရတယ်။ ခွေးမသေပုပ်ကောင်ကြီးကို မြေမြုတ်ရမလား ပင်လယ်မျှောရမလား…ဒါကသောက်မြင်ကပ်နေကြတဲ့ အများသဘောထား၊ ခွေးမသေပုပ်ကောင်ကြီးကို မြတ်နိုးပြီး အိမ်ဦးခန်း ထားနေကြတဲ့ လူအနည်းစု သဘောထား။ အဲဒီ သဘောထားနှစ်ရပ်ကြား ကွဲလွဲနေပြီး ဖဲ့နေကြတဲ့အထဲမှာ ဖေအောင်ဆန်းကတော့…..မှန်တဲ့ဖက်မှာပဲ နေပါတယ်။ ခွေးမသေပုပ်ကောင်ကြီးကတော့ နိုင်ငံမှာ နံစော်နေတာတော့ သေချာတယ်။ နိုင်ငံတင်မဟုတ်ပါဘူး….ကမ္ဘာမှာပါ နံစော်နေတယ်။
  5. လျှောက်ပြောနေကြတာဘာ…ဟုတ်တာလဲမဟုတ်ဘဲနဲ့
  6. ကိုယ့်စိတ် နဲ့ ကိုယ်မှန်ရာ ကို ကိုယ်လုပ်နေတာပဲ….လုပ်အားပေးတယ်…လုပ်ချင်ပင်မယ့်အခြေအနေအရပ်ရပ်ကြောင့်လုပ်လိုမရ့ တဲ့ လူတွေအတွက်ကတော့….အားကျစရာပဲ..ဒါပင်မယ့်.အပေါ် က ဂရေဟမ် ပော့ သလို…ဘဲ….တရားသဘောနဲံ တွေးကြည့်ပါလား….အားလုံး အလာကားဘဲ……….
  7. ဖွင့်ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နအဖ ရဲ့လမ်းစဉ်ကဘာတွေလဲ၊ ဘာတွေတိုးတက်နေပြီလဲ၊ ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်ပါမယ်ဆိုတဲ့ဆိုင်းဘုတ်ကြီးကို ဖြုတ်ချ လိုက်စမ်းပါ၊၊
    တရားသဘောနဲ့ တွေးကြည့်ကြပါ၊အရာရာဟာ ဘာတစ်ခုမှမတည်မြဲပါဘူး၊ ဗုဒဘာသာစစ်မယ်ဆိုရင်ပေါ့၊
  8. အသိသာကြီးပါကွာ…သာဖားတွေ..အော်နေတဲ့အသံကိုနားထောင်ကြည့်ပါလား..
  9. ကောင်မလေး မဝေနှင်းပွင့်သုန် အရည်အချင်းရှိတယ်…ဒို့နိုင်ငံမှာဒီလိုအရည်အချင်းရှိတဲ့သူတွေအများကြီလိုတယ်…နိုင်ငံခြားမှာ အာဆီယံမှာ၊ကုလသမဂမှာသူများတွေနဲ့တန်တူရင်ဘောင်တန်းပြီးပြောဆိုဆွေးနွေးနိုင်တဲ့အရည်အချင်းရှိတဲ့သူတွေလိုတယ်…သူများပြောတာကိုyes..yes..ပြောပြီးပြန်လာခဲ့ရတဲ့ကောင်တွေမလိုဘူး..ဦးနှောက်ဆေးခံထားရတဲ့ကောင်တွေမလိုဘူး…ဟိုရှောက်အော်ဒီရှောက်အော်နေတဲ့ကောင်တွေမလိုဘူး…တိုင်းပြည်မှာရှိတဲ့ပြည်သူပိုင်တဲ့ဟာတွေကိုလက်ညှိုးထိုးပြီးရောင်းစားတဲ့ကောင်တွေမြန်မြန်နိဂုံးချူပ်ဖို့လိုတယ်…သာကူးတွေအချောင်စားတွေမလိုဘူး…ပစ္စည်းမဲ့လူတန်းစားတွေအတွက်၊တောင်သူလယ်သမားတွေအတွက်၊အလုပ်သမားတွေအတွက်အနာဂတ်ဘဝခိုင်မာစေမယ့်စီမံကိန်းတွေချပြီးအမှန်တကယ်ကိုယ်ကျိုးစွန့်ပြီးအကောင်အထည်ဖော်ပေးလုပ်ပေးမယ့်သူတွေဘဲလိုတယ်…
  10. lamin….
    မရိုင်းနဲ့ …မင်းမိဘက..ဒီလိုပဲ..သင်ခဲ့သလား….မင်းတို့ ခေါင်းဆောင်တွေကရော…ဒီတိုင်းလမ်းညွှန်ခဲ့တာလား…အယူအဆကို..အယူအဆချင်း..
  11. NLD ကကောင်တွေရဲ့သားသမီးတွေကရောခုဘယ်နိုင်ငံတွေမှာလည်း…မျိုးချစ်စိတ်ဓါတ်ဆိုတာကရောဒီကောင်တွေ
    သေသေချာချာသီလို့လား…NLD ကလုပ်တဲ့အလှူတွေမှာအချင်းချင်းဖိနပ်ခိုးကြတာကိုရောသိလား…ဒီလိုစည်းကမ်းတွေနဲ့..
    ဘာလုပ်မှာလည်းတိုင်းပြည်ကို…ဒီလိုပြောလို့လည်း နအဖ လူလို ထင်ချင်ထင်နိုင်ပါတယ် ဥာဏ်နဲရင်ပေါ့…comment မင်းကိုငါထောက်ခံတယ်…
  12. ရွေးကောက်ပွဲပြီးရင်…
    NLD က..ဦးဆောင်ပြီး…လူထုအုံကြွမှု..လုပ်မှာလား..? လူထုအုံကြွမှုကြီး..မတော်တဆ..ဖြစ်လာတာကို.. NLD နဲ့ ..ပြည်ပပြန်..တို့  က..
    ခွစီးပြီး…ဦးဆောင်လို့ …အာဏာရအောင်ယူနိုင်..ဘို့ သေချာပြီလား…?
    NLD..ကို..တခြားနိုင်ငံရေးအင်အားတွေက(အပစ်ရပ်တွေ..ကပါ).…၀န်းရံကြပါ့မလား..?
    လူထုကရော..အရင်နှစ် ၂၀ ကျော်လောက်ကလို…ထောက်ခံဘို့ သေချာပြီလား…?
    US နဲ့ ..နိုင်ငံတကာကရော…ဘယ်လိုလဲ…?
    အမျိုးသားချင်းစစ်ခင်းချင်ရင်…ဒီတခါ..သင်တို့ လူနည်းစု..ဘ၀..ရောက်နေတာ..ထည့်စဉ်းစား..။
    အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး…ဆိုတဲ့..စကားမျိုးတွေ..ကြားဘူးကြရဲ့ လား..။
  13. Aung မရိုင်းနဲ့ ..၊နိုင်ငံရေး..နဲ့ …တော်လှန်ရေး..(စင်စစ်တော့..စိတ်ကူးယဉ်တော်လှန်ရေး)…၂၀၁၀ မှာ…ဟက်တက်ကွဲကြပြီ…လို့ မှတ်..။…ဆိုတာရော.သေချာနားလည်ရဲ့ လား..?
    အမြင်မတူတာနဲ့ ..စစ်အစိုးရ.ဘက်ကလို့ .. စွတ်စွဲလိုက်တာလေးကိုတော့..သနားမိတယ်..။
    ပြည်တွင်းမှာ..ရော..ပြည်ပမှာပါ…နိုင်ငံရေးအင်အားစုတွေ..ကွဲကုန်ကြပြီ..ဆိုတာ..သိမှသိပါစ..။
    NLD…တခုထဲ…ပါတီထင်နေတာလား..? NLD…ပျက်ပြီ..ဆိုတာရော..ရိပ်စားမိပါရဲ့ လား..?
    ဆန့် ကျင်ရမ်းကားတာ..နဲ့ ..တော်လှန်ရေး..ဘာဆိုတာရော..သေချာ..ခွဲခြား..သိရဲ့ လား..?
    လက်ကျန် NLD..ခေါင်းဆောင်များကိုပါ…တခါထဲ..ပြောပါ့မယ်…ကိုယ့်လူကိုယ်..ထိန်းကြပါ..။
    ရွေးကောက်ပွဲလွန်ကာလ..မှာ…နိုင်ငံရေးချင်း..ပဋိပက္ခကြီးလာတော့မယ်..။
  14. နေပါအုံး
    comment; နဲ. DEE DEEရယ်
    မင်းတို.လေသံတွေ နားထောင်လိုက်ရင်
    မင်းတို.ဘယ်က ဆိုတာသိပါတယ်
    မင်းတို.ကိုယ်တိုင်ကိုက Brain Wash လုပ်ခံထားရလို.
    သူများအခိုင်းခံဖြစ်နေရတဲ.သူတွေပါကွာ
    အ၇ိုးလောက်ကိုက်ရတာနဲ. သိပ်မဟောင်ကြပါနဲ.
    ပြည်တွင်းကို ပြန်လာလို.ပြောရအောင်လည်း
    ပြည်တွင်းမှာ အမှန်ကိုပြောတာကို ထုတ်လွှင်.ပေးတဲ. Media, သတင်းစာ
    တခုတလေတောင်ရှိရဲ.လား
    င်္Foreign ဆိုရင် မင်းတီု.က China, Russia, North Korea လောက်သိတဲ.ကောင်တွေပါကွာ(အများအားဖြင်. Russia လောက်ပေါ.)
    တခြားနိုင်ငံ ဆီုတာ Minister Level လောက်ပဲ ကြက်ဥပုပ် ဖိနပ်စုပ်နဲ. အပေါက်ခံရပြီး
    ပုန်းရှိုး ကွယ်ရှိုး သွားရတဲ.ဘ၀ပါကွာ
    လက်နက်ရှိတဲ.သူတွေကို လက်နက်မဲ. ကာကွယ်တွန်းလှန်နေရ တယ်ဆိုတာ နားလည်ကြစမ်းပါ
    မင်းတို.မှာ အဲဒီလောက်ကြံ့ခိုင်တဲ့ စိတ်ဓာတ်မရှိကြပါဘူး
    အဲ့ဒီတစ်ခုနဲ့တင် မင်းတို့လေးစားဖို့ကောင်းနေပြီ
  15. In short, Bristish labour party had well used of the young girl to start penetrating the internal affairs of Burma ( Myanmar) like in the past when they also used AFPFL and Burma’s inexperienced socialists leaders in making the Independence only due to the wishes of British labour party’s policy. The 1947 constitution was drawn and enacted with the agreement of the British Labour Party, which was in power then, to enforce socialism in Burma and make the policy of secession by minority ethnics from the main land that is for planting the civil war within three months soon after its independence.
  16. ဆရာသမားတို့ အရမ်းကြီးလဲ ပင့်ပေးမနေနဲ့အုန်းဗျ … ခင်ဗျားတို့ အပင့်လွန်မှ ဒီညီမလေးမှာရှိတဲ့ ပင်ကိုယ်အရည်အသွေးတွေ မှိန်ကုန်မယ်။ ဝေနှင်းကအရည်အချင်းရှိတဲ့ လူငယ်တစ်ယောက် ဖြစ်နိုင်တယ်၊ ပြီးတော့ သူစကားပြောတာ ပြတ်သားတယ် .. သေချာပြင်ဆင်ပြီး ချက်ကျလက်ကျပြောနိုင်တယ်၊ ဒါပေမဲ့ သူဘာမှမလုပ်ပြရသေးဘူး … အဲတော့ နည်းနည်းအချိန်ပေးပြီး ဆောင့်ကြည့်စေချင်တယ်
  17. ကုလားကို အမျိုးတော်ချင်နေတယ်ထင်တယ်။
    ဇစ်ဇစ်မြစ်မြစ်ဘာမှ မသိဘဲ အထင်ကြီးနေကြတယ်။
    မင်းတို့တွေ ဒီကောင်မလေးဟာသူများအသုံးချခံရဖို့ သူများရဲ့ အတွေးအခေါ်တွေနဲ့ လုပ်ကိုင်နေတာဆိုတာ
    သဘောမပေါက်ကြတာလား။ မပေါက်ချင်ယောင်ဆောင်နေတာလား။
    သူ့ကိုယ်ပိုင်အရည်ချင်းဆိုလို့ ဘာမျှမရှိ။ သူများလမ်းညွှန်းချက်အရ လုပ်နေရတဲ့ အယှက်မဲ့လူတန်းစား
    ကုလားမျိုးတွေ။
    ဗမာက တော့ ဗမာပဲ ကုလားက ကုလားပဲ တစ်ခြားစီပဲ။
    မင်းတို့လုပ်ပေးမှ ဒီမိုကရေစီရမှာမဟုတ်ဘူး။ မင်းတို့လို လူမျိုးခြား ဘာသာခြား လုပ်ပေးတာကို ပြည်ပအထောက်ပံ့ခံ ပုဆိန်ရိုးတွေလောက်ပဲ အားပေးကြလိမ့်မယ်။
    မြန်မာပြည်ရဲ သန်း ၅၀ ကျော်သောလူတွေထဲမှာ ကော့မက်ထဲက ဆယ်ဂဏန်းလောက်အားပေးရုံနဲ့တော့ စာမဖွဲ့လောက်ပါဘူး။
    ဗုဒ္ဒတရားတော်အရ စေတနာကောင်းရင် ကံကောင်းမှာဘဲ၊ ကိုယ်နဲ့တန်ရာ တန်ရာဘ၀များကိုသာရကြပေမည်။
    လောဘတွေ မကြီးကြနဲ့။ ကိုယ့်နိုင်ငံမှာ စေတနာကောင်း ကံကောင်းလို့ ကောင်းစားနေသူများကို မနာလို ၀န်တိုမဖြစ်နဲ့။
    မဟုတ်ရင်တော့ ရှေးရှေးက မကောင်းတာတွေလုပ်ခဲ့လို့ အခုလက်ရှိဘ၀မှာ မကောင်းတဲ့ဘ၀တွေကိုရနေကြရတဲ့အထဲ အခုဘ၀မှာပါ ဆက်မိုက်ကြအုံးမယ်ဆိုရင် မင်းတို့ ဒီသံသရာဝဲသြဂထဲက မလွတ်ပဲ တ၀ဲလည်လည် ရုံးမထွက်နိုင်ဘဲသာရှိတော့မည်။
    ဒါကြောင့်……
    မိမိခံစားချက်ကို ရှေ့တန်းတင် /အရင်းခံ နေကြသူများမဟုတ်ကြပဲ အမိနိုင်ငံကို အမှန်ချစ်သူ အမိနိုင်ငံကို အမှန်အကျိုးပြုသူများ ဖြစ်ကြပါစေ။
  18. ဟိုဆဲဒီဆဲ…အချင်းချင်းစွတ်စွဲ….နှစ် ၂၀ ကျော်..ဘာတခုမှ…အောင်မြင်အောင်..မစွမ်းဆောင်နိုင်ပဲ..နဲ့ ။
    ပြည်ပကနေ..ရိုင်းရိုင်းစိုင်းစိုင်း..လေကျယ်မနေကြနဲ့ …သတ္တိရှိရင်…ပြည်တွင်းပြန်လာ…။
    မူ..မရှိ..စည်းမရှိ…၀ါဒမရှိ..လမ်းစဉ်မရှိ…ဆန့် ကျင်ရင်ပြီးရော..လာမလုပ်နဲ့ …မင်းတို့  ချင်း..ညီညွတ်အောင်..အရင်လုပ်…။
    နိုင်ငံရေး..နဲ့ …တော်လှန်ရေး..(စင်စစ်တော့..စိတ်ကူးယဉ်တော်လှန်ရေး)…၂၀၁၀ မှာ…ဟက်တက်ကွဲကြပြီ…လို့ မှတ်..။
  19. Myanmar i report သွားလို့မရပါ။ email နဲ့ဝင်ခွင့်တောင်းတာလဲ-ပြန်မလာဖြစ်နေပါတယ်။ ကြော်ညာတော့ကေင်းလို့ ၀င်ရအောင် နည်းလေးကူညီစေချင်ပါတယ်။
Comments are closed.