ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား

ကျော်လင်းဦး ၊    ၊စစ်အေးခေတ် ဒီဘက် အနှစ် ၂၀ လွန်လာပေမယ့် မြန်မာပြည်တွင်းမှာ လက်ဝဲ သံတွေ
မပျောက်သေး ပါ ဘူး။ အထူးသဖြင့် ဆိုရှယ်လစ် ခေတ်မှာ ခွက်ပျောက်ခဲ့ပြီး ဒီဘက် စစ်အစိုးရခေတ်မှာလည်း အဖက်လုပ် ခြင်းမခံရတဲ့ ၆၀ ကျော် ၇၀ တန်းအဖိုးကြီးတွေက ပိုပြီး ခပ်ညံညံ ပြောတတ်ကြပါတယ်။ ဒီလို ပြော
ဆိုမှုတွေ ကို နှစ်ခြိုက် သဘောကျသူတွေ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့တို့ရဲ့ ပြောဆိုမှုတွေဟာ ပြောင်းလဲလာ တဲ့ ခေတ်အခြေအနေအပေါ်မှာ သူတို့ အတွက် နေရာမရှိတော့လို့ စိတ်အချဉ်ပေါက်ရာကနေ ပေါ်ထွက် လာတယ် ဆိုတာတော့ သိသာထင်ရှားနေပါတယ်။

ပညာတတ် ဆန့်ကျင်ရေး ဇစ်မြစ်

အစွန်းရောက် လက်ဝဲသမားတွေဟာ ပညာတတ်တွေကို အမြင်မကြည်ပါဘူး။ ကမ်ဘောဒီယားနိုင်ငံမှာ ဆိုယင် ပိုပေါ့လက်ထက်က ပညာတတ်တွေကို သုတ်သင်တဲ့အနေနဲ့ မျက်မှန် တပ်ထားယင်တောင် ပညာ တတ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျနော်တို့ ခပ်ငယ်ငယ်က ပညာတတ် လူလတ်တန်း စားဥာဉ် ဆိုတဲ့ စကားရပ်ကို ကြားခဲ့ပါတယ်။ ပညာတတ်လူလတ်တန်းစား ဥာဉ်အတိုင်း တွေဝေတယ်၊ ယိမ်း ယိုင်တယ်၊ မပြတ်သားဘူး စသည်အားဖြင့် ဝေဖန်တာတွေ ကြားခဲ့ရပါတယ်။ ဒါပေမယ့်လို့ အဲဒီလို ပညာ တတ်တွေကို ရန်ုလုပ်နေတာဟာ အခုလို ၂၁ ရာစုထဲအထိ ရှိနေတုန်းပဲ ဆိုတာကတော့ အတော်လေး အံ့သြဖို့ကောင်းနေပါတယ်။

ဒီလို ပညာတတ်တွေကို ရန်လုပ်တတ်တဲ့ ရှေးခေတ်အဘိုးကြီးတွေထဲမှာ ဆရာ လူထု စိန်ဝင်းကတော့ အသံ အကျယ်ဆုံးပါ။ ကလောင်လက်နက် ကလည်းရှိတော့ ဆင်သွားယင် လမ်းဖြစ်တယ်ဆိုတဲ့ အယူအဆ နဲ့ ရေးချင်ရာကို ရေးနေပါတယ်။ သူ ရန်လုပ်တဲ့အထဲမှာ ပြည်တွင်းက NGO တွေပါသလို၊ အခုတော့ နိုင်ငံရပ် ခြားမှာ ပညာသင်နေတဲ့၊ သင်ခဲ့တဲ့ လူတွေဘက်ကိုပါ ဦးလှည့်လာပါပြီ။ ဒီလူတွေဟာ အောက်ခြေလွတ် တယ်၊ ဘ၀င်မြင့်တယ်၊ လူထုကို အထင်သေးတယ် စသည်ဖြင့် စွပ်စွဲချက် ပေါင်းစုံနဲ့ စွပ်ဆွဲပြီး ပြည်သူလူထု နဲ့ ရန်တိုက်ပေးထားပါတယ်။

တကယ်တော့ အသက်ကြီးလို့ ငယ်မူပြန်ပြီး ထင်ရာတွေ ရေးနေပေမယ့် ဘယ်ပညာတတ်မှ အောက်ခြေ လွတ်၊ ဘ၀င်မြင့်တာ၊ လူထုကို အထင်သေးတာ မရှိသေးပါဘူး။ အကျိုးအကြောင်း ခိုင်လုံအောင် မပြနိုင်ပဲ နဲ့ စွပ်စွဲချက်တွေနဲ့ အတုံးလိုက် အတစ်လိုက်ရေးထားတာတွေဟာသာ ပြည်သူလူထုအတွက် တကယ် အကျိုးမရှိတဲ့  စာဖျင်း စာညံ့တွေဖြစ်ပါတယ်။ စိတ်ပညာအလိုအရဆိုယင် ဒီလို ပညာ တတ်ဆိုသူတွေ ကို ရန်လုပ်နေသူတွေဟာ ပညာ မတတ်သူတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် တတ်တယ်ထင်နေ တဲ့ တတ်ယောင်ကားတွေ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပညာခေတ်ကြီးထဲက နောက်ကျန်နေသူတွေ သာဖြစ်ပါတယ်။

လက်ဝဲအချောင်သမား စိတ်ဓါတ်

မြန်မာနိုင်ငံရေး နဲ့ စာပေလောကမှာ လက်ဝဲအချောင်သမား စိတ်ဓါတ်က အခုထက်ထိ မင်းမူနေတုန်းပဲ ဆို တာ တွေ့လိုက်ရပါတယ်။ လက်ဝဲ အချောင်သမား ဆိုတာ ပါစပ်က တကြော်ကြော်အော်၊ လက်သီး လက် မောင်းတန်း၊ လက်တွေ့မှာတော့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပဲ လေကျယ်နေသူတွေကို ဆိုလို တာပါ။ ဒါပေမယ့် သူတို့ကမှ တိုင်းပြည်ချစ်သယောင်၊ လူထုအတွက် ပေးဆပ် အနစ်နာခံနေသယောင် လဲ ပြောဆိုတတ်ပါသေးတယ်။ ပြီးတော့ သူတို့လို လက်သီးလက်မောင်းမတန်းသူတွေကို သစ္စာဖေါက် လိုလို၊ ရေပေါ်ဆီ လိုလို၊ အနစ်နာမခံနိုင်သူ၊ မပေးဆပ်နိုင်သူ သူရဲဘောကြောင်သူအဖြစ် စွပ်စွဲတတ်ပါသေးတယ်။

ဒီလို လက်ဝဲအချောင်သမား စိတ်ဓါတ်နဲ့ လူထုကို သွေးထိုးပေးနေလို့လဲ မြန်မာ့နိုင်ငံရေးဟာ ရှေ့ဆက် မရွေ့နိုင်တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အသံကျယ်သူတွေသာများပြီး အလုပ် လုပ်နိုင်သူတွေ ရှား ပါတယ်။ ဒီလို သံကျယ်ကျယ်ပြောဆိုတာကိုက သူရဲကောင်းဖြစ်တယ်ဆိုတဲ့ တလွဲ ဆံပင်ကောင်းအယူ အဆတွေလည်း ထွန်းကားနေပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခု ရေ တိမ် နစ်ရတော့တာပါပဲ။ ဒါကို သင်္ခန်းစာမယူပဲ ဟိုဘက်လှည့် ရန်လုပ်လိုက်၊ ဒီဘက်လှည့် ရန်လုပ်လိုက် လုပ်နေတာဟာ ကိုယ့်တပ် ကို ကိုယ်ပြန်နင်း တာသာဖြစ်ပါတယ်။

ရိုးသားရဲ့လား

နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကို ရစရာမရှိအောင် စွပ်စွဲပြောဆိုပြီး လူထုနဲ့ ရန်တိုက်ပေးမှုရဲ့ နောက် ကွယ်မှာ ရိုးသားမှုရှိရဲ့လားဆိုတာ စဉ်းစားစရာရှိပါတယ်။  တကယ်တော့ နအဖ စစ်အုပ်စုကလည်း ပညာ ထက်မြက်ပြီး အမြှော်အမြင်ရှိတဲ့၊ လူထုအကျိုးကိုလုပ်နိုင်မယ့် လူတွေကို မြန်မာနိုင်ငံကို ပြန်မလာစေချင် ပါဘူး။ ဒီလိုလူတွေသာ ပြန်လာခဲ့ယင် စစ်အုပ်စုက ထိန်းချုပ်ဖို့ ပိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီလို နိုင်ငံ ခြားရောက်ပြီး ပညာတွေသင်ယူခဲ့တဲ့လူတွေဟာ ဘာမှ အထင်ကြီးစရာမရှိဘူး၊ ကိုယ်ကျိုးရှာနေသူတွေသာ ဖြစ်တယ် ဆိုတဲ့ အယူအဆကို ပြောဆိုနေသူတွေဟာ စစ်အုပ်စုနဲ့ တစ်ကြိတ်ထဲ၊ တစ်ဥာဏ်ထဲသာဖြစ်ပါ တယ်။ ကိုယ်ကျိုးရှာတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံ ရေးရဲ့ ကောင်းကျိုးအတွက် ကိုယ့်ရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြနေသူတွေလည်း မရှားပါ ဘူး။ ဒီလိုလူတွေအတွက်ပါ ထည့်မစဉ်းစားပဲ သိမ်းကြုံးပြောဆိုတာတွေက စစ်အစိုးရရဲ့ အမှုတော်ကို တာဝန်ကျေကျေ ထမ်းရွက်နေတာသာဖြစ်ပါတယ်။

တကယ်တော့ မြန်မာ့နိုင်ငံရေးကွင်းပြင်မှာ လက်ညှိုးထိုး စွပ်စွဲပြီး တရားခံ ရှာတတ်တဲ့ သူတွေပဲ များပါတယ်။ တာဝန်ယူမှုကျတော့ ခေါင်းပါးကြတာကို တွေ့ရပါတယ်။ အနှစ် ၂၀ ကျော် ကြာလာတဲ့ နိုင်ငံရေး ဇတ်ရှုပ် ကြီးကို ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ ကြောင့်လို့ လက်ညှိုးထိုးနေမယ့် အစား စုပေါင်း တာဝန်ခံကြယင် ပို ကောင်း ပါတယ်။ စစ်အုပ်စုနဲ့ ရေကုန်၊ ရေခန်းယှဉ်ပြိုင်နေရတဲ့  အခုလို အချိန်မျိုးမှာ ဒီမိုကရေစီ အရေး မအောင်မြင် ရတာဟာ ပြည်ပက ပညာတတ်တွေ ပေါက်ကရ ပြောလို့ ဆိုတဲ့ အယူအဆမျိုးတွေ မရှိသင့် တော့ပါဘူး။ ဒါဟာ ကိုယ့် တာဝန်ကို ကိုယ်မယူရဲ တဲ့ သူရဲဘော ကြောင်သူတွေရဲ့ ဆင်ခြေသာ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေပဲ ပြောနေနေ ကိုယ့်တာဝန်နဲ့ ကိုယ်၊ ကိုယ်တတ်နိုင်တဲ့ ဒေါင့်ကနေ တစ်တပ်တစ် အား မြန်မာနိုင်ငံအပြောင်းအလဲအတွက် လုပ်နေကြတယ်ဆိုယင် နိုင်ငံရေး တိုးတက်မှုတွေ အနှေးနဲ့ အမြန် တော့ ဖြစ်ထွန်းလာမှ သေချာပါတယ်။

ကျော်လင်းဦး

27 thoughts on “ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား

  1. comment ပေးသူအချို့သို့—
    လူထုစိန်ဝင်းဆိုတာ ကျွန်တော်သိသလောက်တော့ လေးစားဖို့ကောင်းတဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ သူ့အတွေးအခေါ်အယူအဆတွေကို မကြိုက်ဘူးဆိုရင်တောင် အသက်အရွယ်နှင့် ၀ါကိုထောက်ပြီး ရင့်သီးရိုင်းစိုင်းတဲ့ စကားတွေနဲ့ မဝေဖန်ကောင်းဘူးလို့ မြင်ပါတယ်။ ကိုယ့်အဆင့်အတန်းကို ကိုယ်တိုင်ဖေါ်ပြရာ ရောက်နေပါတယ်။

    aဆာင်းပါးရှင်သို့….
    လူထုစိန်ဝင်းလို ဆရာကြီးတစ်ယောက်ကတော့ ပညာတတ်လူငယ်တွေကို အသားလွတ် ရှုတ်ချမယ်မထင်ပါဘူး။ အဲလို စာမျိုးလည်း မဖတ်ဖူးပါဘူး။ ကျွန်တော် စာဖတ်သက် မရှိသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် လူထုစိန်ဝင်းရဲ့ ဘယ်စာ၊ ဘယ်ဆောင်းပါးကတော့ ဘယ်လိုဖြစ်တယ်ဆိုပြီး ထောက်ပြရင် အားလုံးအတွက် ပိုပြီး အကျိုးရှိပါလိမ့်မယ်လို့ လေးစားစွာ အကြံပြုပါရစေ။

  2. immm… သေချာတာတော့.. လူထုစိတ်ဝင်းပဲဖြစ်ဖြစ်၊ ကျော်လင်းဦးပဲဖြစ်ဖြစ်၊ ကွန့်မန့်ပေးတဲ့ကောင်တွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေအားလုံးပဲဖြစ်ဖြစ်၊ နအဖပဲဖြစ်ဖြစ်….. ကိုယ့်ကိုဆော်လာရင်တော့ ပြန်ဆော်မယ်ဆိုပဲကြည့်နေကြတာပဲ။ အဲလိုဆော်ဖို့အတွက်.. ပြည်သူအတွက်.. တိုင်းပြည်အတွက်.. ဆိုတဲ့စကားလုံးလှလှလေးတွေနဲ့ မျက်နှာဖုံးတွေစွပ်လို့။ ခက်တာက အတော်များများကလည်း စကားလှလှပြောလိုက်ရင် သဘောကိုကျလို့။ စကားလှလှ..ထိထိလေးနဲ့သာပြော ဒီလူသိပ်တော်တာဖြစ်သွားကြလို့။ .. ကောင်းပါတယ်..။ မင်းတို့ဇာတ်နဲ့ မင်းတို့ ပရိတ်သတ်ကတော့။

    ဒါမယ့် တချို့ကိုပြောလိုက်ဦးမယ်.. ဘယ်ကောင်ပဲဖြစ်ဖြစ် သူလုပ်နေတဲ့အလုပ်က ထမင်းစားနေရလို့သာ ခပ်တည်တည်နဲ့လုပ်နေကြတာပါ။ သူများအတွက်ဆိုတာလည်း ထမင်းစားကောင်းဖို့ပဲဆိုတာ.. သိသင့်သလောက် လူတွေကသိပါတယ်။

    နောက်တစ်ခုကတော့.. ငါမှန်တယ်၊ သူမှားတယ်ပြောနေသ၍ .. နှစ်ယောက်လုံးက မှားနေတုန်းပဲ။
    :O

  3. Dear Ko Myo Han
    Like you, I heard about Ludu Sein Win but not Ko Kyaw Lin Oo.
    However, when you make a judgement it always should be based upon what they wrote and not who they are and what they have done. The one who make the judgement should not be influenced by the name or the credetials or the label of the person.
    My second point is that here we are making judgement on what Lu Du Sein Win has been writing these days and rightly so whatever he had written in the past should not influence the judgement.
    Based on what Ko Kyaw Lin Oo wrote, using my own observation and judgement, I agreed with him. I don’t really have to know who he is and what he has done.
    Likewise, I don’t need to know who you are and what have you done.
    Best regards

  4. ဒီအဖိုးကြီး တွေကြောင့် တကယ့် နိုင်ငံရေး လုပ်ပြီး ဘ၀ ပျက်လာတဲ့သူတွေ ဒုက္ခရောက်တာ သူက အခု မှသာ NGOတွေ ပြည်ပရောက်တွေ မကောင်းဘူး ပြောတာ။သူဆီ မှာ စာလာသင်တဲ့သူတွေ ကို ပြည်ပ သတင်းဌာနတွေ ပြည်ပ NGO တွေမှာ အလုပ်ရဖို့ Recommend ပေးထားတာ ဘယ်နှစ်ယောက်ရှိပြီလဲ.နိုင်ငံတွင်းမှာ ဘာမှ မလုပ်ခဲ့တဲ့သူတွေ အပြင်မှာ
    ကောင်းစား အောင် ဒီအဖိုးကြီး စလုပ်ခဲ့တာ ဒီအဖိုးကြီး က သမိုင်း တရားခံပဲ

  5. လူထုစိန်ဝင်းက လူငယ်တွေ ရဲ့ ရန်သူ ဒီမိုကရေစီ နဲ့  Open Ideology တို့ အတွက်ရန်သူပဲ

  6. ဆရာလူထုစိန်ဝင်း ကိုတော့သိပါတယ်….
    ကိုကျော်လင်းဦးကိုတော့ ကျွန်တော်မသိဘူး…
    လူထုစိန်ဝင်းက အသက်ကြီးပြီဆိုတော့.. အယူအဆတွေက နဲနဲတော့ဟောင်းနေပြီပေါ့..
    ဒါပေမယ့် လူငယ်အကျိုးပြုတဲ့ စာတွေကလည်း တော်တော်များများတော့ရှိပါတယ်..
    ကောင်းတာနဲ့ မကောင်းတာ အချိုးချကြည့်ပြီး သူရေးချင်တာရေးခဲ့တာတွေကို ဥပက္ခောပြုလို့ ရပါတယ်..
    ကိုကျော်လင်းဦး က တိုင်းပြည့်အတွက် လူငယ်တွေအတွက် ဘာတွေလုပ်ခဲ့တယ်ဆိုတာမသိတော့.. ဒီဆောင်းပါးဟာ နာမည်ကြီးတယောက်ကို ဆော်ပြီး နင်းပြီး နာမည်ကြီးအောင်လုပ်နေသလိုပဲ…
    ခင်ဗျားဘာတွေလုပ်ခဲ့တယ် လုပ်နေတယ်.. တိုင်းပြည်အတွက် လူငယ်တွေအတွက် ခင်းဗျားဟာ ဘယ်လိုလူလဲဆိုတာ သိချင်ပါတယ်.. ခင်ဗျားအကြောင်း ဖတ်လို့ရမယ့် နေရာ… ခင်ဗျားရဲ့ activities လေးတွေ နဲနဲလောက် ညွှန်ပြပေးပါလား..

  7. လူထုစိန်ဝင်းဆိုတဲ့နာမည်နဲ့မတန်ပါဘူးကွာ။ လူငယ်တွေကိုသူ့တပည့်ကြီးထင်နေတယ်။ ပညာသင်ချင်တယ်။အလုပ်အကိုင်ကောင်းကောင်းရပြီး မိသားစုဆွေမျိုးတွေကို ထောက်ပံဖို့ ပြည်ပထွက်နေရတဲ့ လူငယ်ထုက ၈၀ရာခိုင်နှုန်းရှိပါတယ်။ သူကိုယ်တိုင် အောက်စီဂျင်ဘူးကအစ ပြည်ပထွက်ပြီးအလုပ်လုပ်နေတဲ့လူငယ်တွေဝယ်ပို့ထားတာ။ တသက်လုံးအနေအစားချောင်အောင် နေလာခဲ့ပြီး လူငယ်ထုကိုလိုက်တိုက်ခိုက်နေတာ။ ဟေ့ကောင် ခွေးသားကြီးစိန်ဝင်းရပ်တန့်ကရပ်တော့ ………..မင်းအတွက် ဘယ်နေရာမှမရှိတော့ဘူး။ ဗမာပ်ြထဲသာရှိရင် ခွေးသားကြီးမျက်နှာဖြတ်ရိုက်မိမယ်။
    စစ်အစိုးရရဲ့ ဒေါက်တိုင်က မောင်စူးစမ်းတို့၊ကျော်ဝင်းတို့မဟုတ်ဘူး။း ခွေလိုးမသားတွေဖြစ်တဲ့ စိန်ဝင်း၊ အောင်ရွှေ၊ ဦးလွင်တို့ဘဲဖြစ်တယ်။

  8. I made a comment here regarding Sein Win a few months ago. Let me repeat it again:
    I met with this guy in Rangoon, Burma back in 2001. After having a casual conversation with him for about half an hour, I found out he was so subjective and opinionated. A lot of things he didn’t know he pretended he knew the whole universe and wouldn’t shut up for somethings he didn’t know, it was quite embarrassing. My first impression, also a bad impression on him was he was not educated.

    I’m surprised Burmese people think he is some kind of genius, that’s amazing!

    Master

  9. Ludu Sein Win has jealousy mind always. He pessimist on our youth.He is selfish and he might be worry of lost his space!

  10. အဖိုးကြီးနော် ပြန်ရေးမယ် မကြံနဲ့  အဖိုးကြီး ပြည်ပ ကို ထောက်ခံစာရေးပြီး လွှတ်ထားတဲ့ ကောင်တွေ နဲ့ အဲဒီအကြောင်းပြန်ရေး လိုက်မယ်

  11. ဟေးလူကြီး သေခါနီးမှ တောပြောတောင်ပြောမလုပ်နဲ့  တရားလေးဘာလေးအား ထုတ်လိုက်ပါအုံး နိုင်ငံရေးဆိုတာ ခင်ဗျားတို့ အလုပ်မဟုတ်တော့ ဘူး ခင်ဗျားတို့ လုပ်ရမဲ့အချိန် ကကျော်သွားပြီ သေရင်ကိုယ်နောက် ပါတဲ့အလုပ် လုပ်.. လူငယ်တွေဆက်လုပ် မှာပေါ့ ဘုရားသွားကျောင်းတက်အေးအေးချမ်း ချမ်းနေပါတော့ဗျာ..

  12. ကွန်
    မြူနစ်အရင်းရှင်တွေ၊ ပါးစပ် ကကွန်မြူနစ်စကားတွေထွက်ပေမဲ့ နေတာထိုင်တာကတော့ အရင်းရှင်စတိုင်
    ပါ။ ကွန်မြူနစ် အရင်းရှင် လူထု ထဲကပေါက်ဖွားလာတဲ့ လူထုစိန်ဝင်းလည်း ဒီပုတ်ထဲကဒီပဲပေါ့။ ပညာတတ်
    ကိုပုတ်ခတ်တာသူတို့စတိုင် ပါ။ တချိန် ကဆိုရင် မန်းတက္ကသိုလ်က ဆရာတွေအခံရဆုံးပေါ့။ အခုလည်းအစိုးရအကြိုက် လိုက်သလိုလိုနဲ့ အစိုးရကို လစ်ရင် လစ် သလိုတီးတာလည်းသူပဲ။ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေ ကိုလည်း အစိုးရအကြိုက် လိုက်သလိုလိုနဲ့တီးတာလည်းသူပဲ။ တကယ် ကွန်မြူနစ်အချောင်သမားပါ။ လူငယ်တွေဘာလုပ်ရမယ်ဆိုတာသူတို့ဘာသာသိပြီးသားပါ။ ဆရာလုပ်စရာမလိုပါဘူး။ မှန်တယ်ကျော်လင်းဦးရေ၊ဆက်သာလုပ်ပါ။

  13. ကျော်လင်းဦးရေ…….. အားပေးတယ်ဟေ့။ လူငယ်ထုကိုတော်တော်စော်ကားနေတာ ဆယ်စုနှစ် ၂စုကျော်ရှိနေပြီ။ လူထုတိုက်မှာလုပ်ခဲ့ဘူးတဲ့အရှိန်၊အင်္ဂံလိပ်သာတတ်တာလေးနဲ့ ဘာသာစကားသင်တန်းဖွင့်ပြီး သူရဲ့ရှုးကြောင်ကြောင် အတွေးခေါင်တွေသွတ်သွင်းနေတာကြာခဲ့ပြီ။ ဗမာပြည်မှာ ကိုတတ်ထားတဲ့ပညာနဲ့ ကိုလုပ်ပိုင်ခွင့်တထပ်တည်းကျတာ ဘယ်၂ယောက်တောင်ရှိလို့လည်း။ ဆရာဝန်ဘွဲရပြီး သီချင်းဆိုခြင်ဆိုမယ်၊ ဆေးရောင်းခြင်ရောင်းမယ်၊ ဧည့်လမ်းညွှန်လုပ်ခြင်လုပ်မယ်။ စိတ်မပါဘဲတက်ခဲ့ပြီး ရခဲ့တဲ့ဘွဲ့ လမ်းကြောင်းသင့်ရာ ဘ၀အတွက်ရောက်လှမ်းရတာကို သူသေသေချာချာမသိဘူး ဆရာကြီးလုပ်ပြီးစာရေးစာနေတာအတော်ကြာပြီ။ အခြေအနေကောင်းရင် ရဲရဲနီပြလိုက်၊ရေးလိုက်နဲ့ ထောက်လှမ်းရေးများလာရင် အောက်စီဂျင်ဘူးလေးတတ်လိုက်ပြီးမောပြနေလိုက်တာတွေက ၂ယောက်မရှိဘူး။ အလားကားစိန်ဝင်း။ လူငယ်တွေထိုးဖောက်ထွက်လာရင် သူလိုလူမျိုးအတွက်နေစရာမရှိတော့ဘူးလေ။
    လူထုစိန်ဝင်းရှေ့က လူထုဖြုတ်ဖို့ ဖိုးသံချောင်းနဲ့ ဘိုဘိုလန်းစင်တို့ တာဝန်ဘဲ။
    Lulinn ဆိုတဲ့ခွေးမသား မင်းအမေလင် ကျော်လင်းဦးကနာမည်ရင်းနဲ့ ရေးတာဟ။ မင်းအမေရဲ့ တိတ်တိတ်ပုန်း စိန်ဝင်း ဘက်နာမနေနဲ့။ ရေးတယ်ဆိုကတည်းက မင်းထက်တတ်လို့နားလို့ရေးတာ။ မင်းလို့ ကွန်းမင့်ကနေ နာမည်ရင်းတောင်မသုံးရဲလို့ရေးနေတဲကောင်တွေမဟုတ်ဘူး။

  14. အရေးအသားတွေ တအားလွန်နေတဲ့ ဆရာ လူထုစိန်ဝင်း ခင်ဗျား၊လူထု စာပေတိုက် ကိုသော် ၎င်း တစ်ချက်မှ ပြည်သူကို အပြစ်
    မပြောခဲ့တဲ့ လူထုဦးလှ၊ လူထုဒေါ်အမာ တို့ ကို ငှဲ့ ညှာ သောအားဖြင့် ဆရာ့ နာမည် ရှေ့ က လူထု ဆိုတဲ့ နာမည် လေးဖြုတ်ပေးပါ၊
    ပြီးရင် ဆက်ရေးချင်တာ ရေးလို့ ရပါပြီ။ ကျွန်တော် တို့ က လည်း လူထု ပါနေလို့ ဝေဖန်တာ ပါ လူထူ မပါရင် စိန်ဝင်း မက လို့ ပလက်တီနမ် ၀င်း ပဲ ဖြစ်ဖြစ် အချိန် ကုန် ခံပြီး ဖတ်မနေ ပါဘူး

  15. လူထုစိန်ဝင်းက Respectable Senior Citizen တစ်ယောက်အနေနဲ့  ပြည်သူတွေ ရှေ့ ကမားမားမတ်မတ် ရပ်တည်ပြီး
    ပြည်သူကို လမ်းညွှန်ရမယ့် ဟာ ဘာလို ဖြစ်လို့ ဒါမျိုး မစ္ဆာရိယ စိတ် ရှေ့ ထားတဲ့ စာတွေ ရေးနေလည်း ဆိုတာ စဉ်းစားလို့ တောင်မရဘူး။

  16. မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါရယ် လို့တောင်မပြောရဲဘဲ ကျော်လင်းဦးလို့နာမယ်ခံရေ..
    မင်းကိုယ်မင်းပညာတွေတော်တော်တတ်နေတယ်လို့ထင်နေတာလား…
    မင်းတော်တော်မှားနေပြီ။
    လူထုစိန်ဝင်းဆိုတာ အမှန်တရားတွေပဲ ရေးတာပြောတာကွ..မှန်လွန်းလို့ မင်းမခံနိုင်တာဖြစ်မှာပါကွာ။ လက်ဝဲတွေဘာတွေမင်းကရေးတော့ မင်းကလက်ဝဲအကြောင်းဘယ်လောက် လေ့လာထားလို့တုန်း။ ဆရာရေးထားသလို စာကိုနာနာဖက်ပါကွာ၊ မင်းရေးနေတာ ဆင်ဆာမရှိတဲ့နေရာမှာ၊ မင်းနေတာက နိုင်ငံခြားမှာ၊ မင်းဘာပညာတက်လဲ ငါတို့စိတ်မ၀င်စားဘူး။

  17. မအေလိုးတွေ….သူ့ ဘာသူရေးချင်တာရေးမှာပေါ့…ဒီ freedom ကကောင်တွေတောင်ပေါက်ပန်းသေး ရေးချင်တာရေးနေတာပဲ….ဘယ်နေရာမှာများအမှန်ပါလို့ လဲ….စောက်ဆင့်မရှိ..ရေးချင်တာရေးပီး..သူများရေးမှ လိုက်ပြောမနေနဲ့ ….အစိုးရမကောင်းကြောင်းပြောရင်တော့ လက်ခုပ်တီးပြီး..ကောင်းကြောင်းပြောရင်တော့ ဖောက်ပြန်တယ်ပြောတဲ့ မအေလိုးတွေ..မင်းတို့ ကရောဘယ်လောက်စောက်ဆင့်ရှိလို့ လဲ..ဘယ်လောက်စောက်ဆင့်ရှိလို့ လဲ….ငါလိုးမသားးတွေ..လီးပဲ

  18. ကျွန်တော် အားမနာတမ်းပြောရရင် နံမည်တပ်၊ ဘွဲ့ပေး၊ စွတ်စွဲ ပြောဆို တဲ့အကျင့် ကို က အဲဒီ လက်ဝဲအချောင်သမား တွေဆီက လာတာပါ။ လက်ဝဲ၊ လက်ယာ ဆိုတဲ့စကားလုံးကလည်း လက်ဝဲကပဲလာတာပါ။ ဒီမိုကရက် စကား မဟုတ်ပါ။ လူထုဦးစိန်ဝင်းကို ကျော်လင်းဦးက (သူနဲ့ သူ့ရဲ့ မိတ်ဆွေတွေကို ထိခိုက် တဲ့ စာတွေရေးတဲ့အတွက်) ဝေဖန် ချေပ ချင်ရင် ဦးစိန်ဝင်းရဲ့ စာသားတွေ၊ အကြောင်းအရာ တွေကို ဝေဖန် ရှင်းလင်းရမှာဖြစ်တယ်။ တစ်ဖက်လူကို နံမည်ပေး ကင်ပွန်းတပ်ခြင်း၊ ဒါ ဘာအကျင့်ပဲလို့ စွတ်စွဲခြင်း၊ ဦးစိန်ဝင်း အပြစ်မပြောခဲ့တဲ့ တခြားလူတွေကို ပါ ကိုယ့်အစုထဲ ဆွဲထည့်ခြင်း၊ စစ်အုပ်စု အကြိုက် လုပ်တယ်လို့ ဘုံရန်သူနဲ့ ပေါင်းစပ်ပေးခြင်းတို့ ဖြင့် တော့ အဖြေမှန်မရနိုင်ပါ။ ဒီမိုကရေစီ အကျင့်၊ ပညာတတ် အကျင့်ဆိုတာ လည်း ဒါမျိုးမဟုတ်ပါ။ လမ်းမှန်ရောက်ဖို့ အတွက်က သဘောထားကွဲလွဲတဲ့အကြောင်း ခြင်းရာတွေကို တစ်ခုချင်း ဆွေးနွေး ဖြေရှင်း ဖို့ပဲရှိပါတယ်။ ကျော်လင်းဦးအနေနဲ့ ဒီလို အကျိုးပြု ဆောင်းပါးမျိုး၊ ရှင်းလင်းချက်မျိုးထပ်ရေးပါ။ လေးစားပါတယ်။

  19. ခက်ပါလားဗျာ..ကိုကျော်လင်းဦး..ခင်ဗျားလည်းကိုယ့် မျက်ချေးကိုယ်မမြင်ပါလားဗျ..မြင်မြင်သမျှငါ့ အဖေလုပ်နေပါလားဗျ..လူဆို
    တာကိုယ့် အယူအဆနဲ့ ကိုယ်ဘဲဗျ..ခင်ဗျားတောင်ခုကြည့် ပါလား..အယူအဆချင်းမတူတော့ လူထုဦးစိန်ဝင်းကိုစော်ကားဝေဖန်
    နေတာ..မတူတာကိုတူအောင်မလုပ်စမ်းပါနဲ့ ဗျ..အလကားရေးလို့ ရတိုင်းဝေဖန်နေတာ..အဲမှားလို့ ..ကိုယ့် ကိုကိုယ်သူတော်ကောင်း
    လုပ်မနေစမ်းပါနဲ့ ဗျာ…နိုင်ငံအတွက်ဘာလုပ်ပြီးပြီလဲ..ဘာလုပ်ရမလဲဆိုတာစဉ်းစားဘူးရဲ့ လားဗျ..အလကားသူများကိုလိုက်ဝေဘန်
    နေတာတန်ဘိုးမရှိတဲ့ အလုပ်ဗျ..ခင်ဗျားလဲဝေဘန်ရေးသမားဆိုတော့ လက်ဝဲသမားဘဲဖြစ်မှာဘဲ..လူထုဦးစိန်ဝင်းကခင်ဗျားအရင်ဝေ
    ဖန်သွားတော့ ခင်ဗျားစိတ်ထဲတော်တော်ခံရခက်နေတယ်ထင်တယ်ဗျ..ခင်ဗျားရဲ့ ကိုယ်ပိုင်မူတွေရှိရင်ချပြပါလားလူထုထဲကို..ကျူပ်က
    လူထဦုးစိန်ဝင်းဘက်ကနာလို့ မဟုတ်ဘူးနော်..ခင်ဗျားကမြင်မြင်သမျှသိမ်းကြုံးဝေဘန်နေလို့ ခင်ဗျားနိုင်ငံအတွက်ဘာလုပ်ပြီးပြီလဲသိ
    ချင်လို့ ..မလုပ်ရသေးဘူးဆိုရင်တော့ ဆက်ပြီးမဝေဖန်ဘဲကြိုးဆွဲသာချလိုက်ပါတော့ ဗျာ.ရှက်တတ်ရင်ပေါ့ …

  20. ဖတ်ရတာ ကောင်းပါတယ် ပညာတတ်ပြီး ခေတ်နောက်ပြန်ရောက်နေသလို ဖြစ်နေကြတာ တကယ်တမ်းကျတော့ ဘာမှမလုပ်နိုင်တော့ဘူး

  21. ပညာ တပ် တာ မတပ် တာ မလို ပါ
့ပြည် သူ ကို အကြို့ ပြု ၇န် သာ ….
့ပြည် သူ ကို အကြို့ ပြု ၇န် သာ ….
့ပြည် သူ ကို အကြို့ ပြု ၇န် သာ ….

  22. “လူထု စိန်ဝင်း” ကို ငါအပါအဝင် တော်တော်များများသိ
    ငါ့ကိုတော့ ဘယ်သူမှမသိ ။

    “ပညာတတ်တာ၊ မတတ်တာ…..” ကို အစာမကြေဘူးထင်ရင်
    လွှတ်တော်လေးရပ်နဲ့ အစည်းအဝေးခေါ်လိုက် …ဇမ်းဘာ…..
    (စာရေးသူနဲ့ လူထု တို့ရဲ့ ပုဝါမကူ ရေမရှူကြေး ငြင်းကြစမ်း..အဲ့..အောက်စီဂျင်တော့မပါ)

    ဟိုဖက် “ကိုင်း” လည်းမကောင်း ဒီဖက် “ကိုင်း” လည်း မခိုင်ခံ့လေတော့
    မျောက်ကိုင်းလွှတ်နေတာ ကြာပါပေါ့လေ…

    အင်း..ဒုက္ခ…ဒုက္ခ
    မြန်မာပြည် အရေးစိုးရိမ်ရတယ် Online အမြဲမပြတ်ဝင် နိုင်မှဘဲ

    ပုံ/ စုန်းပြူး
    အနှေးယာဉ်မောင်း ဝန်ထမ်း (B.A)

  23. ဆရာကြီး လူထုစိန်ဝင်း ခင်ဗျ ၀ှမ်ပို စစ်တက္ကသိုလ် မှာ တက်နေ တဲ့ နေရွှေသွေးအောင် ကျတော့ ဘာလို့ မဝေဖန်လဲခင်ဗျ၊ မြန်မာ ကျောင်းသားတွေ လို နယ်စပ်ကနေ ထွက်ပြေးရတာ မဟုတ်ပဲ ရဟတ်ယာဉ် နဲ့ ကျောင်းသွား တက်နိုင်သူ မို့ မဝေဖန် တာလား၊
    မျက်နှာကြီးရာ ဟင်းဖတ် ပါတဲ့ သဘောလား ..

  24. ဟားဟား စော်လှချီလား….. ဆရာလူထုစိန်ဝင်းလဲ သူနိုင်တဲ့တာဝန်သူထမ်းတယ်လို့ ယူဆပါလေ၊ ပုဂ္ဂိုလ်ရေးတွေမလုပ်ပါနဲ့၊ သူလက်ဝဲယိုင်းတာ ဘာမှပြောစရာမရှိပါဘူး၊ သူ့ခံယူချက်ပါ။ ဒီစာကို နအဖ လူတွေမြင်ရင် လက်ခုတ်တီးပါလိမ့်မယ်။ ဒီမိုတွေ ခွတ်နေကြဘီလို့။ အဓိက က နအဖ (သို့) စစ်တပ် အရေခြုံ လူတွေပဲ၊ နောက် Nov 7 ကျော်ရင် ကြံ့ဖွတ်ပေါ့၊ သူတို့ကို ဘယ်လိုအောင်နိုင်အောင်လုပ်မလဲ၊ သိမ်းသွင်းခြင်းဖြင့်လား၊ ဆွဲဆောင်ခြင်းဖြင့်လား၊ တိုက်ခိုက်ခြင်း၊ ပိတ်ဆို့ခြင်းလား ဒါတွေစဉ်းစားပြီး Stratigically အားလုံးအတူတူးလုပ်ပေးကြပါလို့ ပြည်သူတစ်ဦးနေနဲ့ တိုက်တွန်းချင်ပါတယ်။

  25. I am afraid of that old man, who has got a platform out of writing ecstasy literature to win the public support and fighting those who are educated abroad. He cloaked himself under the name patriotic. But he is a neo-Nazi who speaks like Hitler.

  26. ကိုကျော်လင်းဦး ကို ထောက်ခံတယ်၊ လူထုစိန်ဝင်းကတော့ အသက်ကြီးလေပျက်စီးလေပဲ..မြန်မာ နိုင်ငံတွင်းမှာ
    လည်း ပြည်တွင်း နိုင်ငံရေးသမား လို့ နာမည်ခံထားပြီး ပြဿနာ မရှိလောက်တဲ့ အသုဘ လိုက်ပို့ တာလောက်
    ပဲ လုပ်တဲ့ နိုင်ငံရေး သမားတွေ အများကြီးရှိတာပဲ

Comments are closed.