နယူးယောက် တိုင်းစကွဲ ဗုံးထောင်သူ ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

အသက် ၃၀ နှစ် အရွယ် ပါကစ္စတန် - အမေရိကန် နိုင်ငံသား ဖိုင်ဇယ်-ရှာဇက် သည်တိုင်းစကွဲ ဗုံးထောင်မှု ဖြင့် ပြစ်ဒဏ်ချမှတ် ခံရတော့မည် ဖြစ်သည်

Updated၊              ၊တိုင်းစကွဲကားဗုံးထောင်သူ အသက် ၃၀ နှစ် အရွယ်ရှိ ဖိုင်ဆယ် ရှာဇက် အား
နယူးယောက်တရားရုံးမှာ အရှေ့ ဘက်ကမ်းရိုးတန်း ညနေ ၅ နညရီ အချိန် တွင် ထောင်ဒဏ် တစ်သက်
တစ်ကျွန်းပြစ်ဒဏ် ချလိုက်သည် ဟု Freedom News Group မှ သတင်းရရှိသည်။

ပြစ်ဒဏ်ချမှတ်ခံရပြီး နောက် ဘုရားသခင်၏ အလိုတော် အတိုင်း ဟု ရေရွတ် ခဲ့သည့်
ဖိုင်ဆယ်သည် လုံခြုံရေး အဆင့် အမြင့် ဆုံးဖြစ်သည့် အမေရိကန် အကျဉ်းထောင်တွင်
ဘ၀ တစ်သက်တာ ပတ်လုံး နေသွားရတော့ မည်ဖြစ်သည်။

နယူးယောက် ပြည်နယ် FBI ဂျဲနစ် ဖီဒါယက် က သူ နောက်ထပ် ဘာမှ ချိမ်းခြောက်မှု
တွေ လုပ် နိုင်မှာ မဟုတ် ဘူး ဟု ပြောသည်။ ဖိုဆယ် ရှာဇက် အား ပြစ်ဒဏ်ချမှတ် ပြီး
နောက် အကြမ်းဖက် သမား များ က ထပ်မံ တိုက်ခိုက်မှု များ ပြုလုပ်လာ နိုင်ဖွယ်ရှိ
သည် ဟု အမေရိကန် အစိုးရ က သတိပေးထားသည်။

ယမန်နေ့ ညက ပြင်သစ် တွင် အကြမ်းဖက် ကွန်ယက် နှင့် ဆက်စပ်မှု ရှိသည် ဆိုသည့်
စစ်သွေးကြွှ ၁၁ ဦးအားရှာဖွေ ဖမ်းဆီးခဲ့သည်။

ဗုံးထောင်ပြီး နောက် ပြည်ပ နိုင်ငံသို့ ထွက် ခွာရန် အတွက် ညူးယောက် ဂျွန် အက်(ဖ)ကနေဒီ လေဆိပ်
သို့ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားသည့် ပါကစ္စတန် နိုင်ငံသား ဖိုင်ဆယ်
ရှာဟဇ် အား စက်တင်ဘာလ ၄ရက်နေ့ တွင် FBI နှင့် Joint Terrorism Task Force အဖွဲ့ ဝင်များ
က ဖမ်းဆီး ရမိခဲ့သည်။

ကွန်နက်တီကတ် ပြည်နယ်တွင် နေသည့် ဖိုင်ဆယ် က ၁၉၉၃ ခုနှစ် မော်ဒယ် နစ်ဆန်း ပတ်ဖိုင်ဒါ
အမျိုးအစား ကားကိုဒေါ်လာ ၁၈၀၀ ဖြင့် အင်တာနက် Craig list မှာ တစ်ဆင့်ကြော်ငြာထားရာ မှ
တစ်ဆင့် ငွေသားဖြင့် ပေးချေပြီးလွန်ခဲ့သည့် သီတင်းသုံးပတ် ကျော်က၀ယ်ယူခဲ့ခြင်းဖြစ်သည်။

ဖိုင်ဆယ်သည် JFK လေဆိပ် သို့ တနင်္လာနေ့  ည သန်းခေါင်းယံတွင် ရောက်ရှိလာပြီး အင်္ဂါနေ့ မနက်
လင်းအားကြီး အချိန်ထွက်မည့် လေယာဉ်ဖြင့် ပါကစ္စတန် နိုင်ငံသို့ ထွက်ခွာရန်အတွက် ဒူဘိုင်း သို့ 
သွားမည့် လေယာဉ်အားစောင့်ဆိုင်းနေချိန်တွင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

သူ နှင့် ထပ်မံ ဖမ်းဆီး ရန် နောက် တစ်ဦး ကြံရှိနေသေပြီး ထိုကျန် ရှိနေသည့် သူသည် စနေ့ နေ့ က
ဖောက်ခွဲမည့်ကားဗုံးကို ပြုလုပ်ရန် စီစဉ်သူ ဖြစ် နိုင်သည် ဟု တာဝန်ရှိသူများ ကပြောသည်။

စုံစမ်း စစ်ဆေးရေး အရာရှိများ က တနင်္ဂနွေနေ့ အစောပိုင်းတွင် မူလ မော်တော်ကား ပိုင်ရှင် တွမ် မာနစ် ကို
မော်တော်ကား ၀ယ်ယူသွားသူ အကြောင်း မေးမြန်းရာ မှု နှင့် CCTV ကင်မရာ ပုံရိပ် များ ကို တိုက်ဆိုင် စစ်ဆေးရာ
မှာ ဖိုင်ဆယ် လက်ရှိနေ  ထိုင်သော နယူးယောက် လိပ်စာ ကို ခြေရာခံ မိခြင်းဖြစ်သည်။

ထိုလိပ်စာ တွင် ဖိုင်ဆယ်မှာ စနေနေ့ မနက် တည်းက မရှိတော့ ပဲ ထပ်မံ ပြောင်းရွှေ့ သွားသည့် နေရာ မှ
တစ်ဆင့်လေယာဉ် လက်မှတ် ကို ၀ယ်ယူထားခြင်း ဖြစ်သည်။၎င်း အားဖမ်းဆီး နောက်ဆုံး တယ်လီဖုံးခေါ်
ဆိုမှု မှ တစ်ဆင့်ခြေရာခံပြီး ဖမ်းဆီး နိုင်ခြင်းဖြစ်သည်။ဖိုင်ဆယ် သည် ဧပြီ ၂၀၀၉ ခုနှစ်တွင် နိုင်ငံသား အဖြစ် ခံယူထားသူ ဖြစ်သည်။

ဖိုင်ဆယ်သည် ၂၀၀၉ ခုနှစ် ဇွန်လတွင် ဒူဘိုင်း နိုင်ငံ သို့ သွားရောက်ခဲ့ပြီး ၂၀၁၀ ဖေဖေါ်ဝါရီ လ ကမှ ပြန်လည်
ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းသည် လေဆိပ်သို့ တနင်္လာနေ့ ညနေ တွင် ISUZU Trooper အဖြူရောင် ဖြင့် ရောက်ရှိလာပြီးနောက်
Emiratesလေကြောင်း လိုင်းဖြင့် ဒူဘိုင်း နိုင်ငံသို့ ထွက်ခွာရန် စီစဉ် ထားခြင်းဖြစ်သည်။FBIအဖွဲ့ ဝင်များက
လေယာဉ် ထွက် ခွာမှုအား ခေတ္တစောင့် ဆိုင်းပြီးနောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လေဆိပ် တွင် ရပ်နားထားသည့် သူ၏ ကားထဲ ဉ် သေနတ် တစ်လက် တွေ့ ရှိရသည် ဟု FBI အဖွဲ့ ဝင်များက ပြောသည်။

ဗုံးကျွမ်းကျင်သူများက ဗုံးထောင်သူ သည် ကျွမ်းကျင် အဆင့်ရှိ မရှိ ဟု ပြောဆိုသည်။

One thought on “နယူးယောက် တိုင်းစကွဲ ဗုံးထောင်သူ ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

Comments are closed.