
ကိုဦး၊ ၊ယမန်နေ့နံက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံ
ရေးသိပံ္ပအဆောက်အဦး ချူဟော့ ဖန်ထစ်ဆွေးနွေးပွဲခန်းမတွင်(ISIS)နှင့်(A Public Forum)တို့
ကဦးဆောင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုပွဲသို့ ပညာရှင်များဖြစ်သော ဒေါက်တာမောင်ဇာနည်၊ မစ်တာယောက်ချန်း(ကမ္ဘောဒီးယားနိုင်ငံ)၊
ဒေါက်တာ သတီနွန်(ထိုင်းနိုင်ငံ)၊ အိခ်ျအီး မစ်တာမိုဟာမက် ဟက်တနှင့် ဒေါက်တာနာယူမွန်တို့က
ဦးဆောင်ကာနိုင်ငံခြားသံတမန်များ၊ထိုင်းအစိုးရတာဝန်ရှိသူများ၊မြန်မာ့အရေးစိတ်ဝင်စားသူများ၊
(NGO)မှတာဝန်ရှိသူများ၊(UNHCR)မှတာဝန်ရှိသူများနှင့် မြန်မာ့ အရေးစိတ်ဝင်စားသူများ စုစုပေါင်းလူတစ်ရာကျော်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆွေးနွေး
ခဲ့ကြသည်။
ဒေါက်တာမောင်ဇာနည်က မြန်မာနိုင်ငံတွင်ပြုလုပ်မည့်ရွှေးကောက်ပွဲသည် အခြားသောအရှေ့တောင်
အာရှနိုင်ငံများ ဒီမိုကရေစီစနစ်ကို ပြောင်းလဲသလိုမျိုး ဖြစ်လာနိုင်စရာမရှိကြောင်းများကို အထောက်အထားများနှင့်တကွ ရှင်းလင်းပြောကြားခဲ့ သည်။ ဒေါက်တာမောင်ဇာနည်က ̏ မြန်မာနိုင်ငံရွေးကောက်ပွဲပြီးလျှင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလွတ်လပ်ရေးဟာ တိုင်းတပါး
လက်အောက်တွင် ရခဲ့ဘူးသော ရွှေရေစိမ်လွတ်လပ်ရေးထက်ဆိုးသော ကြေးရေစိမ် ဒီမိုကရေစီသာ
ဖြစ်မှာ ဖြစ်ကြောင်း ˝ ̏ ယခုနိုင်ငံတော်အကြီးအကဲဆိုသူများက နိုင်ငံအတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ဒုက္ခများခံစားနေရချိန်တွင် လက်အုပ်ချီကာ ကန်တော့ခံရန် အခွင့်အရေးမျိုးကို ယတတ်သူများဖြစ်
ကြောင်း˝ တို့ကို ဓါတ်ပုံအထောက်အထားများနှင့် ရှင်းလင်းတင်ပြခဲ့သည်။
အခြားပညာရှင်များကလဲ အရှေတောင်အာရှနိုင်ငံများသည် စစ်အာဏာရှင်လက်အောက်တွင် နှစ်ပေါင်းများ
စွာနေခဲ့ ဘူးကြောင်း၊ ဒီမိုကရေစီစနစ်ကိုပြောင်းလဲမှုစနစ်များကို နမူနာပြု၍ မြန်မာနိုင်ငံ(၂၀၁၀)ရွေးကောက်ပွဲကို ဆွေးနွေး ဝေဖန်ကြသည်။
ထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်မှ ဒေါက်သတီနွန်မှ ̏ မြန်မာနိုင်ငံ(၂၀၁၀)ရွေးကောက်ပွဲသည် စစ်မှန်သော ဒီမိုကရေစီပြောင်းလဲမှုကိုမဖြစ်ပေါ်စေဘဲ ရှက်ဖွယ်ကောင်းသော ရွေးကောက်ပွဲသာဖြစ်မည် ˝ဖြစ်ကြောင်းပြောကြားခဲ့သည်။ တက်ရောက်လာသူများ၏ မေးခွန်းများကို ဦးဆောင်သူများကပြန်လည်ဖြေကြားခဲ့ပြီး နေလည်ပိုင်းတွင် ပြီးဆုံးခဲ့သည်ဟု သတင်းရရှိသည်။

စောက်သူတောင်းစားထိုင်းတွေ……ကိုယ့်နိုင်ငံကိုယ်တော် မထိန်းနိုင်ပဲ အမိန့် တွေအမျိုးမျိုးထုတ်…နေရတာများကြီးကြီးကျယ်ကျယ်….အခုလက်ရှိထိုင်းအစိုးရဆိုတဲ့ လူတွေကရောဘယ်လို တက်လာလဲဆိုတာ မေ့ချင်ယောင်ဆောင်နေတယ်ထင်တယ်……
lulinnကိုထောက်ခံပါတယ်။
ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီခရီးရှည်ကို လျှောက်လှမ်းသွားမယ့်နိုင်ငံတိုင်းအတွက် လိုအပ်တာတော့သေချာတယ်။ ဘယ်သူက ဘယ်လိုပုံစံနဲ. ဘယ်သူ.အတွက် ဘာရည်ရွယ်ချက်အရ လုပ်ကြသလဲ ဆိုတာတော့ ကွာခြားတာပေါ့။ ထွက်ပေါက်မရှိလို.ပါ၊ ဒါဟာတို.တတွေရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ လမ်းပါလို့ဆိုပြီး ရွေးကောက်ပွဲ ၀င်သူတွေ အတွက်တော့ ဘာမှမဝေဖန်ချင်ဘူး။ ကိုယ့်အယူအဆနဲ. ကိုယ်မှန်တယ်ထင်တဲ့ လမ်းကိုဆက်သာလျှောက်ကြပေတော့၊ အုပ်ချုပ်မှုပုံစံ တစ်ချို.ပြောင်းလာတဲ့အခါမှာသာ လွတ်တော်ထဲ ရောက်သွားတဲ့ ပြည်သူ.ကိုယ်စားလှယ်တွေက တို.တတွေဟာ ပြည်သူ.လိုလားချက်ကို အကောင်အထည်ဖေါ်ပေးဖို. အမှန်တကယ်တာဝန်ရှိပါလားလို. အဲဒိစိတ်ကလေး မပျောက် သွားရင်ပဲ ပြည်ူသူတွေ အမှန်ခြစ်ပေးရကျိုး နပ်မှာပေါ့။ တာဝန်ကိုဆီရှိတော့ အေးအတူ ပူအမျှပေါ့ရှင်။
အဲဒီ ထိုင်း ကကော ဒီမိုကရေစီ စစ်စစ်ကြီးပေါ့… ဟတ်လား
မနောက်ပါနဲ့ ဘုရင်ကြီးဘူမိဘော ကို လွန်ဆန်ဝံ့သူရှိရော လို့လား….
သူ့နိုင်ငံတောင် အခု အင်္ကျီနီလိုက်။ အင်္ကျီဝါလိုက် (ဆန္ဒပြမှုများ) ဂယောက်ဂယက်နဲ့
အရှေ့တောင်အာရှ မှာ စစ်အာဏာသိမ်းမှု အများဆုံး(ထိုင်း) နိုင်ငံကြီးရဲ့
ဒိတ်ဒိတ်ကြဲတွေသာ ဝင်ခွင့် ချူလာ တက္ကသိုလ်ကြီး (မြန်မာဆို ပညာတတ်ဖြစ်မှာဆိုး၍ အလွန်စီစစ်) မှာ
ထိုင်းနိုင်ငံချူလာလောင်ကွန်တက္ကသိုလ်မှ ဒေါက်တာ သတီနွန် (ဟု …ထင်ပါသည်)ဆိုသော ပုဂ္ဂိုလ်
ပြောတာ အရယ်ရဆုံး…ဘဲ
ဖင်မနိုင်ဘဲ သိပ် ပဲကြီးဟင်းစားချင်သော ထိုင်း ပါတကား .။
လောကအမြင်မှာ…အကောင်းမြင်..နဲ့ ..အဆိုးမြင်..၂မျိုးရှိတယ်..။
အကောင်းမြင်သမားက..လက်တွေ့ ..တကယ်လုပ်လို့ ရမှာကို..အခြေခံ..စဉ်းစားတယ်..။
အဆိုးမြင်သမားက..စိတ်ကူးယဉ်ပြီး.. လက်တွေ့ ..မှာ..လုပ်မဖြစ်နိုင်တာတွေအပေါ်.. အခြေခံ..စဉ်းစားတယ်..။
လူ့ အဖွဲ့ အစည်းတခု နဲ့ တခု..ခြားနားတာ…လူတန်းစားဖွဲ့ စည်းမှု..အသွင်လက္ခဏာ..မတူတာ..၊
သမိုင်းနောက်ခံ..နဲ့ ..လူမှုသမိုင်းရေးဖြစ်ပေါ်တိုးတက်မှု..အဆင့်..တွေ..ကွဲပြားခြားနား..တာ..၊
လူမျိုးနွယ်စုရေးရာ..အမျိုးသားရေးရာ..တပြည်..နဲ့ ..တပြည်…ထုံးစံဓလေ့.. အခြေခံ..ကစ. ခြားနားပါတယ်..။
မြန်မာပြည်..ကို…ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ…ကယ်တင်ပေးမှာ..မဟုတ်ပါ..။
မြန်မာပြည်..ကို…ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ..ကောင်းစားကြီးပွားအောင်..
လာလုပ်ပေးမှာ.. မဟုတ်ပါ..။
ဘယ်လူမျိုးဘယ်တိုင်းပြည်..ကတော့ဖြင့်… မြန်မာပြည်.. မြန်မာလူမျိုးကတွက်…ဘာလုပ်ပေးပါ့မယ်..ညာလုပ်ပေးပါ့မယ်…ဆိုတာ..အလကားပါ…။
ကိုယ်လူမျိုးကိုယ့်တိုင်းပြည်အတွက်…ကိုယ်တိုင်ပဲ…လုပ်ယူကြရလိမ့်မယ်…လို့ မှတ်ပါ..။
မြန်မာပြည်..ဒီမိုကရေစီရေးက…အချိန်တိုနဲ့တော့…အမေရိကန်ပြည်ထောင်စု..အဆင့်မရောက်နိုင်ပါ..။