Forty killed in Myanmar Overloaded Ferry Sank, 15 missing

ဟိန်းခိုင်ထွန်း၊ ၊စက်တင်ဘာလ ၆ ရက်နေ့ က ဧရာဝတီ တိုင်း လပွတ္တာ မြို့ မှာ စက်လှေ တစ်စီး ရွေးမြစ်ဝ ထဲမှာ နစ်မြုပ်မှု ကြောင့် ဆရာမ နှစ်ဦး အပါအ၀င် ကျောင်းသူ၊ကျောင်းသား လေးဆယ် ကျော် သေဆုံးခဲ့သည်။စက်လှေနစ်
မြုပ်ရ ခြင်းမှာ စက်လှေပေါ်တွင် ခံနိုင်ရည် ၀န်ထက် ပိုမို တင်ဆောင် ထားခြင်း ကြောင့် ဖြစ်သည် ဟု သိရသည်။
မူလ က လူအယောက် ၁၀၀ ကျော်တင်တင်ဆောင် နိုင်သည့် စက်လှေ နှင့် ပလူဆိပ် ရွာမှ ကျောင်း
သားများ ကို ခေါ်ယူပြီး ပြင်စလူ မှ ထွက်ခွာရန် စီစဉ် ထားသော်လည်း လပွတ္တာ ကြံ့ဖွတ်က ရွေးကောက်ပွဲ
မဲဆွယ် ရန် အတွက် စက်လှေ နှစ်စီး ကို ချောဆွဲ ထား သောကြောင့် ကျောင်းသားများ က သမ၀ါယမ ဖက်စပ်
စက်လှေ နှင့် လိုက်ပါခဲ့ရသည် ဟု လပွတ္တာ မြို့ မှ NGO ၀န်ထမ်း တစ်းဦးက Freedom News Group သို့ ပြောသည်။

လပွတ္တာ မြို့ မှ ကျောင်းသူ တစ်ဦးက ပထမ လူတစ်ရာ ကျော်ဆန့် တဲ့ အောင်ကျော်မင်း စက်လှေနဲ့  သွား
မလို့ နောက် ကြံ့ဖွံ့ က ချောဆွဲ ထားတာနဲ့  ကလေးတွေ က စက်လှေ ပြောင်းစီးလိုက်ရတာ ဟု ပြောသည်။
စက်လှေ နစ်မြုပ်မှု ကြောင့် ဆရာမ နှစ်ဦး အပါအ၀င် ကျောင်းသူ၊ကျောင်းသား လေးဆယ် ကျော်သေဆုံးပြီး
၁၅ ဦးခန့် ပျောက်ဆုံးနေသည် ဟု သတင်းရရှိသည်။ စက်လှေ နစ်မြုပ်သည့် နေရာ အား ပြင်စလူ အခြေစိုက်
လေကြောင်း ရန် ကာကွယ်ရေး တပ်မှ မော်တော်ဘုတ် များဖြင့် ပျောက်ဆုံးနေသူ များ အား ရှာဖွေ ပေးနေပြီး
ပင်လယ်ဝ နှင့် အနီးအပါး ကျေးရွာ များ မှ ပြည်သူများ လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်း တွင် ပါဝင်ဆောင်ရွက် ကြသည်။
ယခု သေဆုံးမှု တွင် အလယ်တန်း ကျောင်းသား၊ကျောင်းသူ အများစု ဖြစ်သည်။စက်လှေ နစ်မြုပ်သည့်
ပဒဲကော ရွာနေရာမှာ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ် စဉ်က ထိတ်လန့် ဖွယ်ရာကောင်းအောင် သေဆုံး ခဲ့သည့်နေရာများဖြစ်သည်။
အခု စက်လှေ မှောက်တဲ့ ထဲက ကလေးတစ်ယောက် ဆိုရင် နာဂစ်တုံးက မိဘ တွေ ဆွေမျိုးတွေ အကုန်
လုံး ဆုံးပါးသွားတာ သူနဲ့ သူ့ ညီမလေး တစ်ယောက်ထဲ ပါတယ်။ အခုတော့ စိတ်မကောင်းစရာ ပဲ ဟု
လပွတ္တာ မြို့ သား တစ်ဦးက ပြောသည်။
အမေရိကန် ၊ဥရောပ၊ဂျပန် နှင့် အိမ်နီးချင်း နိုင်ငံများ တွင် ကျောင်းသား၊ကျောင်းသား များ ၏ လေ့လာရေး
ခရီးစဉ် များ ၊နေ့ စဉ် ကြိုပို့ ဘတ်(စ)ကား များ ကို အစိုးရ ကိုယ်တိုင် စစ်ဆေးပြီး တစ်ပတ်တစ်ခါ စစ်ဆေးမှုများ
ပြုလုပ်သည်။

အားကစားပွဲတွေလုပ်ရမယ်ဆိုလို့လေ…သိတယ်မှလား..သူတို့ဖြစ်ချင်ရင်ချက်ချင်း..။
ဘယ်လိုထောက်ပံပေးရမလဲသူတို့မသိဘူးလေ…လုပ်ရင်ဖြစ်ရမယ်ပဲ..
ကလေးတွေကတော့ပျော်တာပေါ့… ဘယ်နားလည်ပါ့မလဲ..ဒါကြောင့်မို့မိဘတွေကနယ်ခံတွေပဲ .ရာသီဥတုနဲ့ဘာတွေဖြစ်လာမလဲကြိုသိလို့လိုက်လာကြတာနေမှာပေါ့…..
နောက်လူပြန်ဖြစ်ကြမယ်ဆိုရင်..ဒီတိုင်းပြည်မှာလာမဖြစ်ကြဖို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ……။
ဟုတ်တယ်။ကျနော်လည်း အဲဒီလို ကြားတယ်… ကြံဖွတ် က ချောဆွဲသွား လို့ ဒီလိုစက်လှေ ( ဖားကူး အမျိုးအစား) နဲ့ သွားရတာဆိုတာ သေချာတယ်….. လူအသေအပျောက်စာရင်း လဲ အဲဒီလောက်ရှိတယ်…..
We are the world,we are the children,
မင်းတို့ရွေးကောက်ပွဲဘယ်လောက်အရေးကြီးနေလဲ၊ဟေ့ခွေးမသားတွေ၊
မင်းတို့အာဏာတည်ဖို့လူပေါင်းများစွာသတ်ပြီးပြီ၊အခုကလေးတွေပါထပ်ပြီးသတ်ဦးမလို့လား
မသေချာတဲ့သေခြင်းကို ရဲရဲ ရင်မဆိုင်ရဲသေးသရွေ့ ဒိလို မသေထိုက်တဲ့ သေခြင်းတွေက တို့တစ်တွေကို တစ်ဖက်သတ် နှိပ်စက်သတ်ဖြတ်နေမှာပဲ။
Should be aware to Safety
ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခုမို့ အထူးဝမ်းနည်းပါတယ်။ ဒီဖြစ်ရပ်ဟာ တာဝန်မကင်းသူတွေ အများကြီးပါ လက်ညိုးထိုးရရင်တော့ အနီးဆုံး ကျောင်းအုပ်တွေကစ- ရယကတွေ အဆုံးပါပဲ။ အပြစ်တော့ မတင်ခြင်တော့ပါဘူး နောင်ဒါမျိုးတွေ မဖြစ်အောင်သာ ဆိုင်ရာအာဏာပိုင်တွေက စီစစ်ပေးကြမယ်ဆိုရင် အကောင်းဆုံးပါပဲ၊
သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့သာ နှလုံးသွင်းလိုက်ပါတော့မယ် အားလုံး ကောင်းရာသူဂတိ လားကြပါစေ….
အားလုံးဘဲကောင်းရာမွန်ရာဘဝတွေရောက်ကြပါစေ…အင်းဒီဒုက္ခကဝဋ်ကျွတ်သွားကြပြီ… ဟိုကောင်တွေဘဲဝဋ်ဆက်ခံကြရအုံးမှာပေါ့လေ..
ဘာကြောင့်ဖြစ်ဖြစ် ဆရာမတွေ ကျောင်းသားကျောင်းသူတွေ ဆုံးပါးသွားတာတော့ ရင်နာစရာဖြစ်ရပ်ပါပဲ၊ အားလုံးကောင်းရာသုဂတိ လားပါစေ။ နောင်ဒါမျိုး မကြားလို မမြင်လိုပါ။
read carefully about the case stating “ချောဆွဲ ထားတာနဲ့  ကလေးတွေ က စက်လှေ ပြောင်းစီးလိုက်ရတာ”
ဟုတ်ပါတယ်။ ချောဆွဲတာနဲ့ ဘာဆိုင်လဲ။ ၀န်နဲ့အား စက်လှေပဲ့ကိုင်မသိဘူလား။ ရေကြောင်းပို.ဆောင်ရေးမှာ တာဝန်ရှိပါတယ်။
ချောဆွဲတာနဲ့ ဘာမှမဆိုင်ဘူးထင်တယ် အစကတဲက မော်တော်စုတ်တွေဖြစ်မယ် ။ safety measure တွေလဲရှိပုံမရဘူး။ ဒီတိုင်းကတော့ ချောဆွဲဆွဲ မဆွဲဆွဲ မှန်မှန် နစ်နေအုံးမှာပါပဲ
မင်းတို့ချောဆွဲလို့ ခံရတာကွ..အရင်တုန်းက သူ့လူနဲ့သူ တင်တာ ဘာမှမဖြစ်ဘူး..မင်းတို့ ကြံ့ဖွတ်တွေကြောင့်…