မဲဆောက်မှာ အလုပ်သမားတွေ ကိုဖမ်း၊ဘန်ကောက်မှာ အလုပ်သမားတွေ ကို ခေါင်းပုံဖြတ်
မဲဆောက်မြို့ စွန်ရှိမယ်ပ အမှိုက်ပုံတွင် ၀မ်းရေးအတွက်ရှာဖွေနေရသောမြန်မာကလေးငယ်တစ်ဦး Photo: REUTERS/Damir Sagolj
ကျေးရွာ၊မယ်ပ နှင့် ဖုတ် ဖ ရွာများ တွင် ထိုင်း အာဏာပိုင်များ က မြန်မာအလုပ်သမား များ ကို ယနေ့ 
မနက် လင်း အားကြီး အချိန် တွင် ၀င်ရောက် ဖမ်းဆီးသွားသည် ဟု သတင်းရရှိသည်။ထိုသို့ ဖမ်း
ဆီးမှု မှာ ထိုင်းဝန် ကြီးချုပ် မြန်မာ နိုင်ငံသို့ သွားရောက် လည်ပတ် မည် ဟု ကြေငြာ ထားသည့် အ
ချိန် တွင် ဖြစ်သည်။
ယမန်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့ ပါနန်းမြို့နယ်အတွင်းမှ (Thaifish Export Co.m)မှ မြန်မာအလုပ်သမား(၁၀)ယောက်တို့သည် သူတို့၏ လုပ်အားခနှင့်နစ်နာကြေးငွေများကို (Raks Thai Foundation)ရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် ပြန်လည်ရရှိခဲ့သည်ကိုသိရသည်။
စက်တင်ဘာလ (၁၆)ရက်နေ့က မြန်မာအလုပ်သမား(၃၀)လုပ်ကိုင်နေသော ပါနန်းမြို့နယ်အတွင်းမှ (Thaifish Export Co.m)လုပ်ငန်းတွင် မြန်မာ အလုပ်သမား(၁၀)ဦးကို အလုပ်မှနားရန်ပြောဆိုမှုကြောင့် စတင်ဖြစ်ပွါးခြင်းဖြစ်သည်။ အလုပ်မှအနားပေးခံရသူများကို နောက်နေ့တွင် လုပ်အားခလာယူရန်ပြော ဆိုခဲ့ပြီး လုပ်အားခများကိုထုတ်ပေးရာတွင် ရဲကြေးဟုဆိုကာတစ်ဦးလျှင်ဘတ်(၂၀၀၀)ဖြတ်တောက်ထားသည်ကို အလုပ်သမားများကတွေ့ရသောကြောင့် လုပ်အားခများကို ထုတ်ယူခြင်းမပြုတော့ဘဲ (Raks Thai Foundation)သို့ ဆက်သွယ်ပြီး အလုပ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးရုံးကို တိုင်ကြားခဲ့ ခြင်းဖြစ်သည်။
အလုပ်ထုတ်ခံခဲ့ရသောအလုပ်သမား ကိုတင်ငွေက ̏ ကျနော်တို့လုပ်အားခကို မတရားလုပ်ခြင်းကိုတော့ မခံနိုင်ပါဘူး ကျနော့်လိုဘဲ အခြားအလုပ်သမား တွေလဲ ခံနိုင်မှာမဟုတ်ပါဘူး၊ အခုလိုပြန်လည်ရရှိခဲ့တဲ့အတွက် ကူညီဆောင်ရွက်ပေးခဲ့တာ (Raks Thai Foundation)အဖွဲ့ကြီးကိုလဲ အထူးဘဲ ကျေးဇူးတင်ပါတယ်˝  ̏ ကျနော်တို့လို အခက်အခဲရှိတဲ့အလုပ်သမားတွေရှိလာခဲ့ရင်လဲ ကျနော်တို့သိထားသလောက်နဲ့ ကူညီပေးပါမယ်˝။ မနော်နွယ်ကလဲ ̏  သမီးတော့ အရမ်းပျော်တာဘဲ ဘာပြောရမှန်းကိုမသိဘူး၊ သမီးတို့တွေ့ဘူးတာက တစ်ခြားအလုပ်သမားတွေ အလုပ်ထုတ်ခံရရင် ဒီလိုတစ်ခါမှ ရတာမတွေ့ဘူးဘူး˝ ဟု ပြောခဲ့ပါသည်။
(Raks Thai Foundation)မှ မြန်မာဝန်ထမ်းကိုဒိုင်းမွန်းဒီးက ̏ကျနော်တို့က ကူညီတာကိုဘဲလုပ်ပေးနိုင်တာ၊ အလုပ်သမားတွေက ကိုယ့်အခွင့်အရေးကို ကိုယ်ကိုတိုင် လုပ်ယူရမယ် နောက်စည်းလုံးညီညွတ်မှုရှိရမယ်၊ အခုလို ကျနော်တို့ကူညီလိုက်တဲ့ လူတွေပျော်နေတာကိုမြင်ရတော့ ကျနော်ပီတိဖြစ်ရပါတယ် ˝ဟု ပြောပါသည်။ ̏အလုပ်သမားများအတွက် အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးနေဦးပါမယ်˝ဟုပြောခဲ့ပါသည်။ အလုပ်သမားတစ်ဦးလျှင် လုပ်အားခ (၂၆၀၀)ဘတ်နှင့် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ဘတ်(၂၀၀၀)စီရရှိခဲ့ကြသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားလေးသန်းခန့်ရှိသည်ဟု ခန့်မှန်းပြောဆိုနေကြသည်။ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေ သော အဖွဲ့များစွာရှိနေသော်လဲ အလုပ်သမားများ လုပ်အာခနှင့်အချိန်ပိုကြေးများကို အလုပ်ရှင်များကမတရားဖြတ်နေခြင်းကို အလုပ်သမားများခံစားနေကြရ သည်။ ခွန်ကယ်ဒေချာဖန်းနစ်ငါးဖမ်းပိုက်စက်ရုံတွင် အလုပ်သမား(၁၀၀၀)ကျော်က (၇၊ ၉၊ ၂၀၁၀)နေ့မှ(၁၅၊ ၉၊ ၂၀၁၀)နေ့အထိ အလုပ်သမားများက အခွင့်အရေးတောင်းဆိုမှုများကို အလုပ်ရှင်က ၀န်ခံဂတိဖြင့်သဘောတူညီခဲ့သော်လဲ ယခုအချိန်အထိလိုက်နာခဲ့ခြင်းလုံးဝမရှိသေးကြောင်းကိုရသည်။