တင်ကျော်ကျော်စိုး၊ ၊မြန်မာ ဆယ်ကျော်သက် လူငယ်တွေ ဟာနအဖ စစ်အစိုးရ ဖြစ်စေချင်တဲ့
ပုံစံကနေ လုံးဝခွဲထွက်သွားပြီ လို့ မြန်မာ နိုင်ငံ မှာရောက် ရှိ နေတဲ့ အနောက်တိုင်း သတင်းထောက် တစ်ဦးက Myanmar I Report ကို ပြောပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ ငါးနှစ် က တစ်ခါရောက်တယ်။ ဒါနဲ့ ဆို တတိယ အကြိမ်မြောက် ပေါ့။ ဆယ်ကျော်သက် တွေ နဲ့ ကျွန်တော် စကားပြောပြီး သွားပြီ၊ အင်တာနက် ကဖေး တွေ သွားတယ်။ လူငယ် တစ်ချို့ ရဲ့ မြေအောက် ကပွဲ တွေ ကို ရောက်တယ်။
ကျွန်တော်တွေ့ ရတာ က ဆယ်ကျော်သက် တွေ က ပိုပြီ ရဲရင့်လာကြတယ်။ သူ တို့ မှာ တူညီတဲ့ ထူးခြား ချက်ကတော့ သူတို့ အရင် မျိုးဆက် တွေ ကို မယုံတော့ဘူး။ဒီမျိုးဆက်တွေ က အာပလာ
တွေပဲ လို ပဲ လို့ သူတို့ ထင်ကြတယ်။ တစ်ဦးတစ်ယောက် ကို ယုံကြည့် ကောင်းယုံမယ် ဥပမာ၊ ၊ကျွန်တော်နဲ့  စကားပြောဖြစ်တဲ့ ရက်ပါ တစ်ဦးက ကိုမင်းကိုနိုင် ကို တော့ ယုံတယ်။ ဒါပေမယ့် ရှေ့က မျိုးဆက် တစ်ခု လုံးကို တော့ ကျွန်တော့် အပြည့် မယုံ နိုင်ဘူး လို့ ပြောပါတယ်။
မြန်မာ နိုင်ငံမှာ ရောက်ရှိ နေ တဲ့ သတင်းထောက် ပြောသွား သလိုပဲ ရန်ကုန် မြို့ မှာ မျိုးဆက်ကွာဟ မှု အကြီးအကျယ် ဖြစ်နေပြီ ၊လူငယ်တွေ နဲ့  လူကြီး တွေ ကြားမှာ The Clash of Generation တောင်ဖြစ် နိုင်တယ် လို့ ပြောသူကတော့ ရန်ကုန် မြို့ က အခမဲ့ အင်္ဂလိပ်စာ သင်တန်းတွေ မှာ ကနေဒါ နိုင်ငံက နေ လာပြီး ပညာဒါ န လုပ်ပေးတဲ့ ဆရာ ဒေးဗစ် ဖြစ်ပါတယ်။
ကျွန်တော် စာသင်ပေးနေတာ လေးနှစ် ရှိသွားပြီး ၂၀၀၆ ကနေ စသင်ပေးတာ ၊အခု သင်တန်း တက်နေ့ တဲ့ ကလေးတွေ က ဆယ်တန်း အောင်ပြီး ၁၇ ၊၁၈ ပေါ့ ၊သူတို့ တွေ မှာ ပြီးပြည့် စုံသလောက် မဟုတ်တာတောင် ချီးကျူးရမယ့် ကိုယ်ပိုင် အတွေးအခေါ် ရှိနေပြီ၊ အရင် တုန်းက လို ပါးစပ် အဟောင်းသား မျက် လုံး အပြူးသား နဲ့  နားထောင်မယ့်
လူတန်းစား မျိုး မဟုတ် တော့ ဘူး၊ သူတို့ ကို မဟုတ်တာ သွားပြော လို့ ကလည်း မယုံဘူး၊
မနေ့ က သင်တန်း မှာ မြန်မာ့ ဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် မင်းတို့ အမြင် ဆိုပြီး အဆိုင်းမန့် ပေး လိုက်တာ သူ တို့ ရဲ့  သဘောထား တွေ ကို ရေးလာကြတာ အတော် လေးအားရ ဖို့ ကောင်းတယ်။ အရင်က ဆို ဒေါ်စု ကောင်းတယ်၊
အနစ်နာ ခံတယ်၊ကိုယ်ကျိုးစွန့် တယ် ပေါ့….အခု ဒီလို မဟုတ် တော့ ဘူး သူတို့ အမြင်က
ပိုပြီး ထက်သန် လာတယ်.. လိုရင်း ကို တိုက်ရိုက် မြင်နိုင်တယ် ဟု ဆရာဒေးဗစ်က Myanmar I Report သို့ ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း တွင် လည်း လူငယ်များ က ပြည်တွင်း နိုင်ငံ
ရေး လှုပ်ရှားမှု များတွင် ဦးဆောင် လာသလို ထိုလှုပ်ရှားမှု များ ကို ပြည်ပရောက် နိုင်ငံရေးနှင့် မသက် ဆိုင်သည့် လူငယ်များ က ၎င်းတို့ လုပ်ခ လစာ စုဆောင်းကာ ပြန်လည် ထောက်ပံ့မှု များ ပြုလာကြပါတယ်။
အထူးသဖြင့် မြို့ ပြနေ မျိုးဆက်သစ် များ နဲ့  မျိုးဆက်ဟောင်းများမှာ ပိုမိုပြင်းထန် တဲ့ ပဋိပက္ခ ဖြစ်လာကြပြီး နောက်မျိုးဆက် တွေ ဖြစ်တဲ့ အခု ဆယ်ကျော်သက် အရွယ် မျိုးဆက် တွေ ကတော့ သူတို့ ရှေ့ က မျိုးဆက် တွေ နဲ့  လုံးဝ ဆန့် ကျင် တဲ့ လမ်းကြောင်း
တစ် ခု ကို ဦးတည် နေပြီဖြစ်ပါတယ်။
မျိုးဆက် ကွာဟ မှု ကြောင့် သဘောထား တွေ၊အမြင်တွေ၊ကွာ ဟ လာတာ နဲ့  ပတ်သက်ပြီး ရန်ကုန် မြို့ က
နာမည် ကျော် စာရေးဆရာ မ တစ်ဦးကတော့ မျိုးဆက် သစ်တွေ က ကျွန်မ တို့ မျိုးဆက် တွေ ကို အထင် ကို မကြီးတော့ တာ၊ သူတို့  က နိုင်ငံတကာကို လှမ်းပြီး ကြည့်တယ်လေ ဘာဖြစ်လို့ ငါတို့ နိုင်ငံဆင်းရဲ တာလဲ တွေးကြည့်ကြတယ်၊အရင် တုန်းက လို စစ်အစိုးရ ကို အပြစ် ပုံမချ တော့ ဘူး၊ သူတို့ က စစ်အစိုးရ ကို လဲ မကြိုက်ဘူး ၊ ငါတို့  ဒီလို အောက်ကျနောက် ကျ ဖြစ်နေတာ ငါတို့ ရှေ့ က မျိုးဆက် မကောင်း လို့ ကြောင့် လဲ ဖြစ်တယ် လို့ သူတို့ က သုံးသပ် ကြတယ်။ သူတို့ တွေ က သူ တို့ ရှေ့ က မျိုးဆက် တွေ နဲ့ ပတ်သက်ပြီး အရမ်းခံစားမှု ရှိကြတယ် လို့  စာရေးဆရာ မ က ဆိုပါတယ်။ဒီခောတ်က ဒါငါတို့  အပြစ်မဟုတ်ဘူး သူတို့ အပြစ် ဆိုပြီး ကိုယ်လွတ် ရုံး လို့ မရ
တော့ ဘူးလေ ဟု ပြောသည်။
မျိုးဆက်သစ်များ မှာမျိုးဆက် ဟောင်းများ နှင့် သဘောထား၊အမြင်၊တွေးခေါ် ပုံသာမက ၊နေထိုင်မှု
စတိုင်(လ) ၊ဖက်ရှင်၊ဂီက စသည့် တို့ တွင်ပါ ကွာခြားမှု ရှိလာကြသည်ဟု
အေပီ သတင်းတွင် လည်း ဖော်ပြထားသည်။
မျိုးဆက်သစ်များ က ၎င်း တို့ ရှေ့က မျိုးဆက် ဟောင်းများ နှင့် ပတ်သက်သမျှ ကို အားလုံးငြင်းပယ် လိုက်ပြီ ဖြစ်ကြောင်း ၊ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့ အတွက် အတွေးအခေါ်ဟောင်းများ အုပ်စိုးမှု ကို လုံးဝ စွန့် ပယ် ရမည် ဖြစ်ကြောင်း နှင့် မျိုးဆက်တိုက်ပွဲ များ သည် ဒီမိုကရေစီ ပန်းတိုင် မီး ကို ထွန်းညှို နိုင်ခဲ့သည့် နိုင်ငံတိုင်း တွင်
အရေး ပါသည့် ဖြစ်စဉ် တစ်ခု ဖြစ် ကြောင်း ပြင်သစ် ဖြစ်တည်မှု ၀ါဒ ဒဿန များ ကို
မြန်မာ စာဖတ်ပရိသတ်များ နှင့် မိတ်ဆက်ပေးသူတစ် ဦးက Myanmar I Report သို့ ပြောသည်။
နာမည် ကျော် ဆရာဝန် စာရေး ဆရာ တစ်ဦးက လည်း မျိုးဆက်သစ်များနဲ့ ပတ်သက် တဲ့ သူအမြင် ကို ပြောကြားရာမှာအခု မျိုးဆက် က နအဖ ရဲ့စာ တွေ အာဂုံဆောင် ပြီး ကြီးလာတာ မဟုတ်တော့ ဘူး Web
3.0 လှိုင်း (Face BooK,You Tube နှင့် Blog များကို ဆိုလိုခြင်းဖြစ်သည်) ကို စီးလာကြတဲ့ သူတွေ ဟု
ဆိုသည်။
မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတို့ အမြင်မတူမှု ကို ရဲရဲရင့်ရင့်ဖော်ပြခဲ့သည့် ထင်ရှားသော ဆောင်းပါးတစ်ခု
Myanmar i Report အောက်တိုဘာလ ၂၇ ရက်နေ့ မှစပြီး စတင်စမ်းသပ် ထုတ်လွှင့်တော့မည် ဖြစ်သည်။
ယခု ဆောင်းပါးမှ Myanmar i Report မှာဆောင်းပါးဖြစ်ပါသည်။

အဖေက သူ့ စကားနားမထောင်ရင် ရိုက်ပြီးဆုံးမတယ် ။ လုပ်ချင်ရင် ခိုးလုပ်ရတယ် ။ အဖေနဲ့ ကျွန်တော် တအိမ်ထဲ နေပြီး အတွေးအခေါ် သဘောထား မတူခဲ့ပါ ။
သားက ပြောတယ် အဖေ့ ဆုံးဖြတ်ချက်ဟာ မှားနေတယ်တဲ့ အတွက် သားတို့  ဒီလိုလုပ်ဖို့ ဆုံးဖြတ်ထားတယ်။
လက်ပေါ်မှာ ကြီးလာတဲ့သားကပြောတယ။ ကျွန်တော် လက်ခံရန်မှတပါး အခြားမရှိပါ ။
အလုပ်ထဲက ဖိတ်စာလာတယ် ။ အသစ်တီထွင် ချမှတ်တော့မဲ့ ပစ္စည်းများ နည်းလမ်းသစ်များကို ဖြတ်သန်းလုပ်ကိုင်ခဲ့သော အတွေ့ အကြုံများနဲ့ ယှဉ်ပြီး ဝိုင်းဝန်းစဉ်းစားပါရန် ဆက်ဆက်တက်ရောက်ပါရန် ။
သမီးက အိမ်ကအထွက် ကျွန်တော့ကို ထပ်မှာလိုက်တယ် ။
ဒုတိယ ကမ္ဘာစစ်ကြီက လူတွေကို သင်ပေးလိုက်တာက ပုဂံထဲမှာ ထဲ့ပေးထားတာ ကုန်အောင်စားပါ ။မကုန်ရင် အရိုက်ခံရမယ်တဲ့။
အခု ၂၀၁၀ ကာလ နောက်ပိုင်းမှာ ရိက္ခာကို တွက်ချက်ပြီး လုံလောက်အောင် ထုတ်လုပ်နေတာမို့ 
ပုဂံထဲက လက်ရာကောင်းပြီး ကျန်းမာရေး အထောက်အကူပြု အစားအစာ ဆိုရင် ကုန်အောင်စားလိုက်ပါ ။
ကျန်းမာရေး ထိခိုက်မယ်ဆိုရင် အမှိုက်ပုံးထဲ လွတ်ပစ်လိုက်ပါ ။အားမနာပါနဲ့  အဖေတဲ့ ။
ဒီအဖိုးကြီး တွေကြောင့် တကယ့် နိုင်ငံရေး လုပ်ပြီး ဘ၀ ပျက်လာတဲ့သူတွေ ဒုက္ခရောက်တာ သူက အခု မှသာ NGOတွေ ပြည်ပရောက်တွေ မကောင်းဘူး ပြောတာ။သူဆီ မှာ စာလာသင်တဲ့သူတွေ ကို ပြည်ပ သတင်းဌာနတွေ ပြည်ပ NGO တွေမှာ အလုပ်ရဖို့ Recommend ပေးထားတာ ဘယ်နှစ်ယောက်ရှိပြီလဲ.နိုင်ငံတွင်းမှာ ဘာမှ မလုပ်ခဲ့တဲ့သူတွေ အပြင်မှာ
ကောင်းစား အောင် ဒီအဖိုးကြီး စလုပ်ခဲ့တာ ဒီအဖိုးကြီး က သမိုင်း တရားခံပဲ
ဒါဆို ၀ သုံးလုံး ပြည့်ပြီး။။။။။ နာမည် ကျော် ဆရာဝန် စာရေး ဆရာ တစ်ဦးက လည်း မျိုးဆက်သစ်များ က နအဖ ရဲ့စာ တွေ အာဂုံဆောင် ပြီး ကြီးလာတာ မဟုတ်တော့ ဘူး Web(Face BooK,You Tube နှင့် Blog များကို ဆိုလိုခြင်းဖြစ်သည်) ကို စီးလာကြတဲ့ သူတွေ ဟု
ဆိုသည်။
လူထုစိန်ဝင်း လို အဖိုးကြီးမျိုး ကို နအဖ ကသေစေချင်မှာ တာ မဟုတ်ဘူး၊သူတို့ လိုချင်တဲ့ အိုင်ဒီယော် လော်ဂျီမျိုး သူက Proxy အနေနဲ့ ဖြန့် ပေးနေလို့ 
THAT IS A GOOD ONE.I AGREE WITH ZINE .
In My opnion, new generation should lead in future.Oldies follow them and should give right advice and guide line whether young generation accept or not.Young must be Leader,Old must be advisor .I’ll be good follower for young generation and good learner of oldies.
လာမယ့်ရွေးကောက်ပွဲမှာ…အဖြေပေါ်ပါလိမ့်မယ်..။နောက်တခုက..မျိုးဆက်သစ်များနဲ့ မျိုးဆက်ဟောင်းများကြား ကွာဟမှု..ဆိုတာ..ရှိစမြဲပါ..။အတိတ်..ပစ္စုပန်..အနာဂတ်..ဆက်စပ်နေသလို…အဟောင်းအသစ်..တိုလည်း..ဒွန်တွဲဖက်စပ်လျှက်ပါ..။ အဟောင်းတွေက..ရှေ့ကကာထားကြတယ်လို့ခံစားရတတ်သလို.အသစ်တွေအပေါ်..အားမရတာမျိုးလည်း ရှိတတ်ပါ..တယ်..။
ဘာပဲဖြစ်ဖြစ်..အသစ်အသစ်တို့ မည်သည်..အဟောင်းအဟောင်းတို့  အပေါ်..အခြေခံရစမြဲပါ..။ အထူးသဖြင့်..နိုင်ငံရေးမှာ..ပိုအရေးကြီးပါတယ်..။
ကြီးသူကိုရိုသေ၊ရွယ်တူကိုလေးစား၊ငယ်သူကိုသနားငဲ့ညှာ..ကြရပါမယ်..။
ဒါလည်း..ကြောင်းကျိုးမဲ့..မဟုတ်..ဆင်ခြင်ဥာဏ်ကင်းလျှက်..လည်းမဟုတ်..ပါ..။
သရက်ပင်စိုက်အဘိုးအိုမျိုးကတော့…………!!!
ဘာပဲဖြစ်ဖြစ် သူ့ကိုတော. လေးစားတယ်……………
ကောင်းပါတယ်..အရာအားလုံးမျှမျှတတ တွေးတာကောင်းပါတယ်..