အရှေ့ ဂျေရုဆလင်မှာ လက်ယာ အစွန်းရောက် ခေါင်းဆောင်တစ်ဦး နဲ့  ဂျုးနေရာ ပြန်လည်ချထား
ရေးကော်မတီ အကြီးအကဲ ဘီအာရီ က ပါလက်စတိုင်း ကလေးငယ် နှစ်ဦး ကို သူ့ ကား နဲ့ ဝင်တိုက်
တာ ကို အယ်(လ)ဂျာဇီးယား သတင်းဌာန က အခု လို မှတ်တမ်းတင်ထား ပါတယ်။
ကာားပေါ်မှာ သူ့ ကလေးငယ် လည်း ပါရှိပြီး ပါလက်စတိုင်း ကလေးငယ်ကတော့ ခြေထောက်နဲ့ လက်
တွေ ကျိုးသွားပါတယ်။(ဗီဒီယိုမှာ ရှုစားပါ)
4 thoughts on “အစ္စရေး အရာရှိ တစ်ဦး၏ ကားက ပါလက်စတိုင်း ကလေးငယ်နှစ်ဦး ကို ရက်စက်စွာ ၀င်တိုက်”
Comments are closed.

အစ္စရေးအရာရှိကို လုပ်ကြံစွတ်စွဲတာပါ။ သူ ရှောင်ချိန်တောင် မရလိုက်ပါဘူး။ သတင်းသမားတွေက အဆင်သင့်ရှိနေတာရယ်၊ ကလေးတွေက ကားလာနေတာကို ပြေးဝင်တာရယ်ကို ကြည့်ရင် လုပ်ကြံခံရမှန်း သိသာပါတယ်။ ကလေးတွေကို အခုလို စေခိုင်းတဲ့သူတွေကသာ ရက်စက်တာပါ။
ဒီဗွီဒီယို ကို အကြိမ်ကြိမ် ကြည့်တယ်။ ကြည့်မိတဲ့သူတွေလည်း အကြိမ်ကြိမ် ပါဝင်ကြတဲ့သူတွေကို တစ်ယောက်ချင်းပြန်ပြန်ကြည့်ကြပါ။ ကားကို သူ တို့ က မတိုက်ခင်ကတည်းက ၀ိုင်းပြီး ခဲနဲ့ ပေါက်နေတာလေ။ အဲ့ဒီ့ကလေးကလည်း ခဲနဲ့ ကားအရှေ့ ကနေပေါက်တာလေ။ အဲ့ဒီ့တော့ တိုက်မိတာဘဲဖြစ်ဖြစ်။ တမင်တိုက်တာဘဲဖြစ်ဖြစ်မှန်တယ်လေ။ အကုန်လုံးခဲနဲ့ ဝိုင်းပေါက်နေတာလေ။ မရပ်တာအပြစ်မပြောနဲ့ လေ။ ဒီလိုမျိုးမှာ( ကိုယ့်ကားကို ခဲနဲ့ အကုန်ဝိုင်းပေါက်နေတာကို )ဘယ်လိုရပ်လို့ ဖြစ်မှာလဲ။ အယ်ဂျယ်ဇီးယားကလည်း ကားနဲ့ တိုက်တယ်လို့ပြောတယ်။ မတိုက်ခင်ကတည်းက ဘာ့ကြောင့် ခဲနဲ့ ဝိုင်းပေါက်နေကြတာလဲ။ ကားကို ခဲနဲ့ ဝိုင်းပေါက်နေတဲ့သူတွေထဲက ခဲနဲ့ ပေါက်တဲ့ကလေးတစ်ယောက်ကို တိုက်မိတယ် ဆိုတဲ့သတင်းဘဲဖြစ်ရမှာလေ။ ဘာ့ကြောင့် အကြောင်းကို ပယ်ပြီး အကျိုးကိုဘဲ သတင်းသမားတွေနဲ့ မီဒီယာတွေက ဖေါ်ပြကြတာလဲ။ ကိုယ့်ကားကို ခဲနဲ့ ပေါက်နေတာ ကျွန်မဆိုရင် အကုန်လုံးကို တိုက်ပစ်တယ်။ တစ်ယောက်ဘဲတိုက်မိတာ နဲတောင်နဲသေးတယ်။
ဒီကလေးတွေက အဲဒီကားရှေ့ကို ဘာလို့ ပြေးဝင်ကြတာလဲ၊ ကားရပ်ရင် သူတို့ဘာလုပ်ချင်လို့လဲ။
သတင်းထောက်တွေက ဘာလို့အဲဒီနေရာမှာ အဆင်သင့်ရောက်နေရတာလဲ။
ကားကအရှိန်လျှော့ ကွေရှောင်လိုက်တာတောင် ကလေးတွေက ဘာလို့ မိုက်မိုက်ကမ်းကမ်း လိုက်ပြီးအတိုက်ခံတာလဲ။
ဒီလို ရှောင်ဖို့ကြိုးစားပါလျှက်က တိုက်မိတာရှင်းရှင်းကြီး မြင်နိုင်ပါလျှက် FNG က (ရက်စက်စွာဝင်တိုက်) လို့ဘာကြောင့် ဖွတာလဲ။
ပြင်းပြင်းထန်ထန် မထိခိုက်ပါဆိုတာကို ဘာကြောင့် (ခြေထောက်နဲ့ လက်တွေ ကျိုးသွားပါတယ်။) လို FNG ကဆိုတာလဲ။
တစ်ချို့သော သတင်းသမားတွေဟာ တာဝန်မဲ့ အကွက်ချပြီး သတင်းတွေကို ဖန်တီးယူ လုပ်စားကြတယ် ဖြစ်ရပ်တွေအပေါ်မှာ မရိုးမသား လုပ်ကွက်တွေ ဖွယူတယ်လို့ ဆိုရင်ဘာပြောမလဲ။
That’s right! Ridiculous Media gave wrong information.