အာဏာရှင် တို့ ရဲ့ ဖက်ရှင်

သီရိထက် ၊             ၊Foreign Policy မဂ္ဂဇင်း ကနေ ထုတ်နှုတ် တင်ပြထားတဲ့ ညိုမှောင်မှောင်၊စိမ်းဖန့် ဖန့် ဝတ်ထားတဲ့ မိစ္ဆာ (The Devil Wears Taupe: Dictator Fashion ) ဆိုတဲ့ ကဏ္ဍဖြစ်ပါတယ်။(Updated)

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီရဲ့ ဖက်ရှင်ဖြစ်ပါတယ်(မကြာခင် သူက ကိုရီးယား ကျွန်းဆွယ်ရဲ့ ကန့် လန့် ကာနောက် ကို ၀င်တော့မှာ ဖြစ်ပါတယ်)

 

 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ ဖက်ရှင်ဖြစ်ပါတယ်။အတိုင်းတိုင်း အပြည်ပြည်က ကင်မရာ သမားတွေ ရှေ့ ရောက်တော့ ဘုရားသွားကျောင်းတက် ၊သီလဖက်တဲ့ ပုံစံ ဂိုက်ပေးထားတာ လည်းတွေ့ ရမှာပါ။

 

 

တိုင်းပြည်ကို နောက်ကွယ်ကနေ ကြိုးကိုင်ဆဲဖြစ်တဲ့ ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရို ရဲ့ ဖက်ရှင်ဖြစ်ပါတယ်။အာဏာရှင်တွေ ထဲမှာ သူ့ ဖက်ရှင်က ကျော်ကြားမှု အရှိ ဆုံးဖြစ်ပါတယ်။ဒီပုံမှာ သူ့ ညီ ရအူး ကတ်စထရို ကို လည်းတွေ့ ရမှာပါ။

 

 

အနောက်တိုင်း ၀တ်စုံ ကို နက်တိုင် မတပ်ပဲ ခောတ်ဟောင်းလူမိုက်ဆန်ဆန် ၀တ်တတ်တဲ့ အီရန် ခေါင်းဆောင် အမာဒီနီ ဂျက်ရဲ့ ဖက်ရှင်ပါ

 

 

လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီရဲ့ ရိုးရာ နဲ့ အနောက်တိုင်းစတိုင် ကိုယှက်ဖောက်ထားတဲ့ ဖက်ရှင် ဖြစ်ပါတယ်။ အခုတော့ သူလည်း ချမ်းသာတဲ့ လမ်းကြောင်း ကို လိုက်ပြီး နေပလ ပင်လယ်ကွေ့ ရဲ့ ဟိုမှာ ဘက် ရောမ မြို့ ကြီးမှာ ရင်းနှီးမြုပ်နှံ မှု တွေ လုပ်နေပါတယ်။

 

 

ဗင်နီဇွဲလား ခေါင်းဆောင်ဟူဂိုချာဗက်ဇ် ရဲ့ ဖက်ရှင်ပါ၊သံတမန် အသိုင်းအ၀ိုင်းမှာ တော့ သူ့ ကိုသိပ်ကျပ်မပြည့်တဲ့ အာဏာရှင် လို့ ကင်ပွန်းတပ်ကြပါတယ်

 

 

ဆူဒန် အာဏာရှင် အိုမာဟတ်ဆန် အယ်ဘာရှားပါ။ သူက တစ်ချိန်က ယူဂန္ဓာအာဏာရှင် နဲ့  ရန်ကုန်မြို့ မှာ နေခဲ့ဖူးသူ အိုင်ဒီအာမင် ရဲ့ ကျော်ကြားလှတဲ့ စတိုင်တွေ ကို Copy Cat လုပ်တယ် လို့ အာရပ်မီဒီယာ တွေ က ဆိုပါတယ်။

 

____________________________________________________________________

 

နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် လျှုလျှောက်ဘို တို့ ဇနီးမောင်နှံ အားတွေ့ ရစဉ်

 

ဘယ်လိုလဲ ကိုတရုတ်ကြီး တော်တော်မှ နေသာထိုင်သာရှိသွားလား(ဆောင်းပါး)
နိုဘဲလ် ဆု နှင့် စပ်မိစပ်ရာ တနင်္လာနေ့ စောင့်မျှော်ဖတ် ရှုပါ