ထိုင်းဝန်ကြီးချုပ် ရောက်-ပြန်ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ သို့ ထိုင်းလေတပ်မတော် သုံး အမေရိကန် လုပ် စစ်လေယာဉ်ဖြင့်ထွက်ခွာ

 

အမေရိကန် လေတပ်မတော်သုံးလေယာဉ်ဖြင့် နေပြည်တော် စံရာဘုံနန်း သို့ ဆိုက်ရောက် လာခြင်း ကို ရှေးရိုးစွဲ စစ်ဗိုလ်ချုပ် မြန်မာ များက သဘောတူ အူခွေ့ ကြမည် မဟုတ်ချေ။

 

အောင်မြင်၊           ၊ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝ သည် အိမ်နီးချင်းမြန်မာနိုင်ငံသို့ နေ့ချင်း
ပြန်ချစ်ပြန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ယနေ့နံနက်ပိုင်းကထွက်ခွာခဲ့သွားရာနေပြည်တော်လေဆိပ်သို့ 
နံနက် ၉း၃၀ နာရီခွဲတွင်ရောက်ရှိသည်။ ၀န်ကြီးချုပ် အဘီဆစ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ကဆစပီရွမ်၊
စစ်ဦးစီးချုပ် ပရာရုချမ်းအိုချာ တို့လိုက်ပါသွားကြောင်းသိရသည်။

ထိုင်းဝန်ကြီးချုပ် သည် C 130 Aircraft အမေရိကန် လုပ်စစ်လေယာဉ် ဖြင့် ထွက်ခွာသွားခြင်းဖြစ်ပြီး
ခရီးစဉ် အတွင်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် တွေ့ ဆုံမည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟာ အိမ်နီးချင်းမြန်မာနိုင်ငံနှင့် နယ်စပ်စီးပွားရေးပြသနာများ၊ မူးယစ်ဆေးမှောင်ခိုမှုများကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ ဆွေးနွေးမှာဖြစ်ကြောင်းကို သူ့ခရီးစဉ်မစတင်ခင်မှာ သတင်းထောက်များကိုပြော
ကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ရဲ့ ချစ်ကြည်ရေးခရီးစဉ်ဟာ နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး ယနေ့ညပိုင်းမှာဘန်ကောက်ကိုပြန်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်း ၀န်ကြီးချုပ်သည် ဒေသတွင်း နိုင်ငံများ သို့ ချစ်ကြည်ရေး ခရီးထွက်ခွာရာတွင် သာမန် အစိုးရအဖွဲ့ 
နှင့် ၀န်ကြီးချုပ်သုံး အရပ်ဖက် လေယာဉ်ဖြင့် သာထွက်ခွာ သော်လည်း ယခု ကဲ့သို့ ထူးထူးခြားခြား
စစ်လေယာဉ်ဖြင့် ခရီးထွက် ခွာခြင်း သည် စစ်သဘော ကို နမိတ်ပုံ ဆောင်ခြင်း ဖြစ်နေသည်
ဟု ဘန်ကောက် ထိုင်းလူမျိုး အစိုးရ အဖွဲ့ ဝင်အရာရှိ တစ်ဦး ဖြစ်သူ နုဆရာ ဆ၀တ် ဆ၀န် က Freedom
News Group သို့ ပြောသည်။

ဘန်ကောက်တွင် စေတနာ့ ဝန်ထမ်း ဆရာဝန် တစ်ဦး အဖြစ် တာဝန် ထမ်းဆောင် နေသည့်
အမေရိကန် ဗီယက်နမ် စစ်ပြန် ဘရန့် ဂျေဆင် က မူ အမေရိကန် သမ္မသည် ပင်လျှင်
Air Force One ဟု အမည်ပေးထားသော် လည်း စစ်ဘက်နှင့် မဆိုင်သည့်
သမ္မသုံး လေယာဉ် ဖြင့်သာ  ခရီးထွက် ခွာသည် ဟု ဆိုသည်။

ပြီးခဲ့သည့် လက မြန်မာ နိုင်ငံသို့ လာရောက် သည့် တရုတ်ခေါင်းဆောင်များ ပင်လျှင်
တရုတ် အစိုးရ ၏ အရပ်ဖက် လေယာဉ်ဖြင့် သာ လာရောက် လည်ပတ် ခဲ့သည်။

အဘီဆစ် သည် မြန်မာ စစ်အစိုးရ အား သွယ်ဝိုက်၍ သူ၏ ကျောထောက်နောက်
ခံ အင်အား တို့ ပြခြင်းဖြစ်မည် ဟု ထိုင်း နိုင်ငံရောက် မြန်မာ တို့ က သုံးသပ်ကြသည်။