ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ

အောင်စေရာပြည့်၊                   ၊တရုတ် ကိုပြီးခဲ့တဲ့ တစ်လ ကျော်လောက်ကပဲ နိုင်ငံတကာစီးပွားရေးအင်
အားစု တွေ က ကမ္ဘာ့ ဒုတိယ အင်အား အကြီးဆုံး စီးပွားရေး နိုင်ငံကြီး အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။
တရုတ် ကစီးပွား တက်လာပြီးထုတ်ကုန် တွေ ကို နိုင်ငံခြား တိုင်းပြည်တွေ ကို များများ ပို့ လာ နိုင်တယ်
ဆိုတဲ့ သဘောပေါ့။ ကမ္ဘာမှာနိုင်ငံရေး အရ လည်း ဗီတို အာဏာ ကိုင်ထားတဲ့ နိုင်ငံ စီးပွားရေး အရ လည်း
အင်အားကြီး ၊သူဌေးပေါက်စလေးလည်း ဖြစ်နေတော့ ကျုပ်တို့ ဆီက ဗိုလ်သန်းရွှေ အလည်လာတော့
အမ်ပေါင်းပေး တဲ့ အနေနဲ့ ဒေါ်လာ လေးဘီလျှံ ကျော်ကို တောင် မုန့် ဖိုးပေး လိုက်ပါသေးတယ်။

 

ထောင်သွင်း အကျဉ်းချခံထားရသည့် နိုဘဲလ်ဆုရှင် လျှုရှောင်ဘို

 

ဒီလို အပေးအကမ်း ရက်ရော တာ က ကမ္ဘာ မှာ ဒုက္ခရောက် နေတဲ့ နိုင်ငံတွေ တိုင်း ကို မဟုတ်ပါဘူး။သူ့ 
ကို ဆရာတင် တဲ့ ဗိုလ်သန်းရွှေ တို့ လို သာပေါင်းညာစား တွေ လို လူတွေ ကိုပါ။(အမှန် က ဗိုလ်သန်းရွှေက
အမေရိကန် ကို ဆရာတင်ပြီး မားကိုစ် တို့ လို လက်ယာ အစွန်းရောက် လုပ်ချင်သူပါ) ငွေယား လေးရှိနေတဲ့
တရုတ် က နိုင်ငံရေး မှာ လူဝင်ချင်လာတော့ အာဖရိက နိုင်ငံတွေ ကို လည်း ကူညီမယ်။ ဆိုမာလီ ပင်လယ်
ဓားပြ တွေ ကို ချေမှုန်း ဖို့ ရေတပ်လွှတ်မယ် ၊ ဒုံးပျံတင်မယ် ၊ နိုင်ငံတကာ ရေပိုင် နက်မှာ တရုတ်ရေတပ် က
ကမ္ဘာ့ လုံခြုံရေး တို့ အတွက် ရှိနေတယ် လို့ ထကြွှေးကျော် ပါရော။

ပြီးခဲ့တဲ့ လက ကုလသမဂ္ဂ အစည်း အဝေးမှာ ဆရာတရုတ် က ပြင်သစ် တို့ အမေရိကန် တို့ ရဲ့ လူ့ အခွင့်
အရေး ကိစ္စတွေ ကို တောင် ဝေဖန် လိုက်ပါသေးတယ်။ ရိုမန် (ဂျစ်ပစီ) လူမျိုး တွေ ကို နိုင်ငံတွင်းက မောင်း
ထုတ်တဲ့ ကိစ္စ ဟာ အကြီး အကျယ် လူ့ အခွင့်အရေး ချိုးဖောက်တာ တို့  ဘာတို့ ပေါ့ ..

စီးပွားရေး အင်အားကြီး လာရင် ပြည်တွင်း နိုင်ငံရေး ကို အသာလေး  ဖုံးဖိ ထားလို့ ရတယ် ထင်တဲ့ တရုတ်ကို
အရှိုက် ထိသွားစေတာ က တော့ နော်ဝေ နိုင်ငံ အော်စလို မြို့  က နိုဘဲလ် ဆုရွေးချယ် ချီးမြှင့်ရေး ကော်မတီက
နေ ၂၀၁၀ အတွက် ငြိမ်းချမ်းရေး ဆု ကို တိန့် အန်မင်း ခေါင်းဆောင် ဟောင်း နဲ့  ချာတာ ၀၈ ဦးဆောင်သူ လျှု
ရှောင်ဘို ကို ပေး လိုက် တော့ တရုတ် အစိုးရ ဖင်ကြား ခဲခု ဖြစ်သွားတယ်။

 

နိုဘဲလ် ဆုရှင် ဇနီးမောင်နှံ

 

ဇာတ်နောက် ထ ကနေ နှစ်ပါးသွား ကဖို့ ကြုံလာတော့မှ စင်ကြိုး လို့ ပွဲဖျက် လိုက်ရတဲ့ ရှေ့ ထွက် မင်းသား
အဖြစ်မျိုး လေး ကြုံသွား တဲ့ တရုတ် ဟာ နိုဘဲလ် ဆုပေးတဲ့ အဖွဲ့ ကို နင်ပဲငဆ  ပြောပါလေရော။ နော်ဝေ
ဝန်ကြီး ခရီးစဉ် ကို လက်မခံ တာတွေ က စလို့  လျှုရှောက် ဘို ကို လည်း ရာဇ၀တ် မှု နဲ့ ထောင်ချခံထား
ရတဲ့ လူလို့ ပြောလို ပြော၊ အင်တာနက် မှာ သူ့ နာမည် နဲ့ ရှာဖွေမှု တွေ ပိတ်ဆို့ တာတို့ စတာတွေ ဖြစ်ကုန် တော့တာပဲ။

လျှုရှောက်ဘို ကို နိုဘဲလ် ငြိမ်းချမ်း ရေး ဆု ပေးရ တဲ့ ရည်ရွယ်ချက် က သူ့ ရဲ့ စွတ်လွှတ်စွန့် စားမှု တွေ}ကို
ဂုဏ်ပြုတာရယ် ၊ တရုတ် အစိုးရရဲ့  နိုင်ငံရေး လွတ်လပ်ခွင့် မရှိ တဲ့ အချက် တွေ ကို မီးမောင်း ထိုး ပြတာပါ
ပဲ။ လျှုရှောက် ဘို ကို နိုဘဲလ် ဆုပေး လိုက်တာ ဟာ တရုတ် အစိုးရ အနေနဲ့ ကတော့ တီ ကို ဆား နဲ့ ပက်
လိုက် သလို့ ခံရခက်ပါတယ်။

ချမ်းသာကာစ ဆိုတော့ လူရာဝင်ချင်တာ ကို အော်စလို နဲ့ အပေါင်းအပါ တွေ က ခြေထိုးခံတယ်ရယ် လို့ 
ကွန်မြုနစ် တွေး….တွေးတာ ပေါ့ ဒီတော့ တောပြောတောင်ပြော တွေ အားမရဘူး ခင်ပွန်းဖြစ်သူကို ထောင်
ဝင်စာ တွေ့ ပြီးပြန် လာတဲ့ လျှုရှောက် ဘို ရဲ့ ဇနီး ကို ဗိုလ်သန်း ရွှေ စတိုင်လ် နေအိမ် အကျယ်
ချုပ် တို့ ဘာ တို့ လုပ် လိုက် တာ တစ်ရှက် က နှစ်ရှက် က သုံး ရှက် ဖြစ်လာတာ ကို ရှက်ကြောပြတ် ကွန်
မြူနစ် တွေ ဆို တော့ သတိမထား မိပြန်ပါဘူး။

ပီကင်း ပြန် ဗိုလ်သန်းရွှေ က လည်း သူ့ ကို ကွမ်းဖိုးဆေးဖိုးလေး ပူပူနွေးနွေး ပေးထားတဲ့ဆရာ ကို ကျေး
ဇူးဆပ် တဲ့ အနေနဲ့  ဂျာနယ်တွေ ၊မဂဇင်း တွေ မှာ လျှုရှောက် ဘို သတင်း ကို မထည့် ခိုင်းပြန်ပါဘူး။
ဗိုလ်သန်းရွှေ တို့ တုန်းကတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို နိုဘဲလ်
ဆုပေး တော့ သူတောင်းစား ထမင်းစား ၀တဲ့ အဆင့် က မတက်သေးတော့ ပေါက်ဖော်ကြီး တို့ လောက်
နာရကောင်းမှန်း မသိဘူး ၊ ပေါက်ဖော်ကြီး ကျတော့ လူချမ်းသာ ဆိုတော့ နိုင်ငံရေး ဆင်း ရဲ တာ ကို တစ်
သက် လုံး ဖုံးထားသမျှ ကုန်းကာ မှပေါ် ဆိုတော့ တော်တော်လး နာသာခံခက် ဖြစ်တယ် ဆိုပဲ။

ဘယ်လောက်တောင် နာသာ ခံခက် ဖြစ်သလဲ ဆိုရင် ပီကင်း နဲ့  တခြား မြို့ တွေ မှာ နိုဘဲလ် လို့ နာမည်ပေး
ထား တဲ့ စီးပွား ရေး လုပ်ငန်း တွေ ၊ ဈေးဆိုင် တွေ ကို နာမည် ပြောင်းခိုင်းတဲ့ အထိ ဆတ်ဆတ် ခါသွား
တယ် ဆိုပဲ။

ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ ဒါ သင်ခန်းစာ အမှတ် ၁ ပဲရှိ
သေးတယ် နော် ချမ်းသာခါစ လူတွေ တို့ ၊ နိုင်ငံ တွေ တို့ မှာ ဖြစ်တတ်တဲ့ သဘောသဘာ ၀ပေါ့။

6 thoughts on “ဘယ်လို လဲ ကိုတရုတ်ကြီး နေလို့ မှ ကောင်း ရဲ့ လား ၊ အိပ်လို့ ပျော်ပါစေ

  1. တရားအားထုတ်နေတဲ့မြန်မာတွေအတွက်ကတော့ တရုတ်ကြီးကတော့ သူ့ကိုသူ အဟုတ်ကြီးထင်နေမှာပေါ့ဗျာ….

  2. တော်တော်ကောင်းပါလားဟ။ကျွန်တော်တို့ကတော့ တရုတ်ကို ကမ္ဘာ့အချမ်းသားဆုံးတိုင်းပြည်ဖြစ်လာမှာကြောက်တယ်ဗျ။ဘာလို့လဲဆိုတော့
    ဒီကောင်တွေက လူ့အခွင့်အရးတို့ဘာတို့သိတာမဟုတ်ဘူး။ပိုက်ဆံရှိတယ်ဆိုပြီး
    ဖင်ခေါင်းကျယ်ချင်နေတာ။ဆောင်းပါးလေးကတော့ ကောင်းပါတယ်။

    1. ကိုလယ်ယားသား
      တရုတ်အချမ်းသာဆုံးဖြစ်မှာမစိုးရိမ်မိပေမဲ့၊တရုတ်စစ်အင်အားအကြီးဆုံးနံပါတ်၁ဖြစ်လာရင်တော့မြွေကိုက်ပြီပဲ

  3. Right and Nice Article.
    Chinese tine taw Fucking ma loke lite par ne_Falcon.
    Pls
    Kg tae Chinese twe amyar gyi shi par thay tae kwae
    Amyo thar yay sate dat pyin tar ko taw let khan par tal
    Myanmar ne ta thar tae kya tae Educated Chinese twe
    Politics athi shi tae chinese twe amyar gyi par.
    D lo pyaw lo ko ka taw chinese ma hote bu naw.
    (Sorry for my Myanglish Typing)

Comments are closed.