တပ်ရင်းမှုးက တပ်သား ကို သေနတ် နှင့် ပစ်သတ်သည့် သတင်း စစ်တပ်ထဲတွင် တုန်လှုပ်ချောက်ခြား

ယနေ့ နံနက် BBC မြန်မာပိုင်း အစီအစဉ် မှ ထုတ်လွင့် သွားသည့် သတင်း တစ်ခုဖြစ်သော ရခိုင်
ပြည်နယ် ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ မှ တပ်ရင်းမှုး က တပ်သား ဦးရွှေသိန်း ကို သေနတ်
နှင့် ပစ်သတ် သည် ဆိုသည့် သတင်းကြောင့် မြန်မာ စစ်တပ် ထဲရှိ အရာရှိငယ် ၊အရာခံ နှင့် အကြပ်
တပ်သားများ ကြားတွင် တုန်လှုပ် ချောက်ခြား လျှက် ရှိသည် ဟု Freedom News Group မှ
သိရှိရသည်။

ရန်ကုန် မြို့ သံလျှက်စွန်း ရေတပ် မှ တပ်သား တစ်ဦးက “ဟာ..ဒီလို ကိစ္စ က မဖြစ်သင့်ဘူး ချက်ခြင်း
အရေးယူ သင့်တယ်။ ကျွန်တော် တို့ လည်း ဒီကိစ္စ ကို အရေးယူဖို့ ဒါဘာ မှ တင်မယ် မရရင် ကာကွယ်
ရေး ဦးစီးချုပ် အထိ တင်မယ် ..စားစရာ မရှိ လို့ တပ်ထဲ ၀င်လာကြသူတွေ ကို ဒါမျိုး မလုပ် သင့်ဘူး
ဟု ပြောသည်။

တပ်သားဦးရွှေသိန်းမှာ တပ်ရင်းမှုး၏ ပေါ်တာဆွဲမှု ၊အမျိုးသမီးများ ကို ကိုယ်ထိလက်ရောက် စော်
ကားမှု များ ကို တပ်သား ဦးရွှေသိန်းမှ ဝေဖန် ရာ မှ ကျန်တပ်သား များ ကို ၀ိုင်းရိုက်ခိုင်းပြီး သူကိုယ်
တိုင် သေနတ် နှင့် ပစ်သတ် လိုက်ခြင်းဖြစ်သည် ဟု BBC သတင်း ဌာနတွင် ဖော်ပြထားသည်။

ယခင်တစ်ပတ် ကလည်း တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ် နယ်စပ် ရေး မြို့ တောင်ဘက် ရွာတစ်
ရွာတွင် စစ်တပ်က အဘွားအို တစ်ဦးအား သေနတ် နှင့် ပစ်သတ်ပြီးနောက် ကျန်ရှိသည့် မိသား
စုဝင်များ ပင် ဆက်လက်နှောင့် ယှက်သည် ဟု ခောတ်ပြိုင်ဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာ စစ်တပ်မှ အရာရှိ တစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလက ပဲခူး မြို့ မှ အပစ်မဲ့ လူငယ်
နှစ်ဦး ကို ပစ်သတ်ရန် အမိန့် ပေးခဲ့သည်။ထိုကဲ့သို့  အရပ်သား အား ပစ်သတ် မိန့် ပေး ခဲ့သည့် ဗိုလ်ကြီး
သိဒ္ဓိစိုး ကို အရေး ယူ ခြင်း မရှိပဲ နေပြည်တော်တွင် ပြောင်းရွှေ့ တာဝန်ချထားသည် ဟု သိရသည်။

10 thoughts on “တပ်ရင်းမှုးက တပ်သား ကို သေနတ် နှင့် ပစ်သတ်သည့် သတင်း စစ်တပ်ထဲတွင် တုန်လှုပ်ချောက်ခြား

  1. ကျည်ဆံတော်တော်ပေါနေတယ်နဲ့တူတယ်
    ဒီလောက်ပေါနေရင်လဲ ငရွှေတို့ ငစိန်တို့ ငအေးတို့ ကိုသွားပစ်ပါလားကွယ်

  2. အော်အစိုးရပါဆိုနေမှ
    သူတို့ ဆိုးချင်သလောက်ဆိုးပိုင်ခွင့်ရှိသူတွေုကိုပြောတာပါ။အဲ့းဒါကြော်င့ အဆိုးရလို့ပြောတာပေါ့ ။ ။

  3. သူတို့သတ်ချင်လို့သတ်တာသတ်ပစေဘာဖြစ်လဲအထက်ကအရေးမယူတော့ရော ကပ်ပယ်အိတ်ဖြစ်လားကွ

  4. နအဖကလုပ်ချင်သလိုလုပ်နေပြီ ပြည်သူတွေသိခံလို့ မဖြစ်တော့ဘူးနော် ဆက်သိခံရင်ကိုယ်ပဲခံရမှာနော်

  5. သေသွားတဲ့သူကိုအားနာပေမယ့်…ဒီလိုမျိုးတွေများများထပ်ဖြစ်ရင်ဒီကောင်တွေအချင်းချင်းညိကုန်မှာ..။
    အပေါ်နဲ့အောက်နဲ့ထချကုန်ရင်ဘယ်သူနှိင်မယ်ထင်လဲ….?
    အခုလက်ရှိကအရာရှိနဲ့တပ်သားနဲ့ဘယ်ဒင်းကလူဦးရေပိုများနေပြီလဲတောင်မသိတော့ဘူး..
    သူတို့စစ်ကျောင်းတွေကတစ်နှစ်ကိုဗိုလ်ပေါက်စတွေကျောင်းဆင်းနေကြတာများ…
    ငါးသလောက်မကြီး..ဥ..ဥ တာကျနေတာပဲ..ပြွတ်ထနေတာ..

  6. ဘယ်ပန်းချီရေးလို့ မမီတော့သည်။

  7. ဆင်ငပဲ (simple) က
    [” ပြစ်မှူတခုခုကျူးလွန်ရင် ဥပဒေအရထိုက်တန်တဲ့အရေးယုခံရမှာပဲ။ ”
    ” အရာရှိဆိုအရာရှိနဲ့တန်အောင်နေတန်အောင်ပြော အသိညဏီရှိရှိနေ။ မနေရင် တပ်မှပြဌန်းထာတဲ့ဥပဒေတွေ၊ အရပ်ဘက်ဥပဒေတွေနဲ့အရေးယူခံရမှာပဲ။ ”
    ” တပ်မတော်ကအဖွဲအစည်းတခုဖြစ်လို့ တစ်ယောက်ယောက်က ပြသာနာဖြစ်ရင် အဖွဲ့စည်းကိုအပြောခံရမှာပဲ။ ဒါလည်းသဘာဝကြပါတယ်။ “]……..ဆိုပဲ။

  8. တပ်မတော်အဆိုးရ ဆိုမှတော့လုပ်တော့မှာပေါ့

  9. ဆင်ငပဲတို သေးသောက်တိုရေ ကြည့်ကြက်ပြီး ဖုံးကြ ဖီကြပါဦး၊ ဆင်သေကြီးကို။

Comments are closed.